တိုင်းတစ်ပါးသားတို့သည် လက်မှိုင်ချ၍ မိမိတို့၏ခြေကုပ်စခန်းများထဲမှ တုန်လှုပ်လျက်ထွက်လာကြပါ၏။
မိက္ခာ 7:17 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် မြွေကဲ့သို့ မြေမှုန့်ကိုလျက်ရလိမ့်မည်။ မြေကြီးပေါ်၌ တွားသွားသောသတ္တဝါကဲ့သို့ မိမိရဲတိုက်ထဲမှ တုန်တုန်ရီရီနှင့် ထွက်လာရလိမ့်မည်။ ငါတို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်လျက်နေရလိမ့်မည်။ သင့်ကိုလည်း ကြောက်ရွံ့ကြလိမ့်မည်။ Common Language Bible သူတို့သည်မြွေကဲ့သို့ဖုတ်ထဲတွင်တွားသွား ကြလိမ့်မည်။ သူတို့သည်မိမိတို့၏ခံတပ် များထဲမှကြောက်ရွံ့တုန်လှုပ်စွာထွက်လာ၍ ငါတို့၏ဘုရားသခင်ထာဝရဘုရားထံ သို့ချဉ်းကပ်ကိုးကွယ်ကြလိမ့်မည်။ Garrad Bible မြွေ ကဲ့ သို့ မြေ မုန့် ကို လျက် လျက်၊ တီ ကောင် ကဲ့ သို့ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ၊ အောင်း ရာ မြေ ထဲ မှ အ လန့် တ ကြား တိုး ဝင် လျက်၊ ရှေ့ တော် တွင် ကြောက် ရွံ့ ကြ လိမ့် မည်။ Judson Bible မြွေကဲ့သို့ မြေမှုန့်ကိုလျက်၍၊ တီကဲ့သို့တွင်းထဲက တုန်လှုပ်လျက် ထွက်ကြလိမ့်မည်။ ငါတို့ဘုရားသခင် ထာဝရဘုရားကိုလည်းကောင်း၊ သင့်ကိုလည်းကောင်း ကြောက်ရွံ့ကြလိမ့်မည်။ |
တိုင်းတစ်ပါးသားတို့သည် လက်မှိုင်ချ၍ မိမိတို့၏ခြေကုပ်စခန်းများထဲမှ တုန်လှုပ်လျက်ထွက်လာကြပါ၏။
ယုဒပြည်ဝန်းကျင်ရှိတိုင်းနိုင်ငံရှိသမျှတို့သည် ထာဝရဘုရားကို ကြောက်ရွံ့ကြသောကြောင့် ယောရှဖတ်မင်းကြီးကို စစ်မတိုက်ဝံ့ကြချေ။
တိုင်းတစ်ပါးသားတို့သည် လက်မှိုင်ချ၍ မိမိတို့၏ခြေကုပ်စခန်းများထဲမှ တုန်လှုပ်လျက်ထွက်လာကြပါ၏။
ထိုမျှမက ဘုရင်အပေါင်းတို့သည် သူ၏ရှေ့၌ပျပ်ဝပ်ကြပါစေသော။ လူမျိုးအပေါင်းတို့သည်လည်း သူ့ကိုအစေခံကြပါစေသော။
ကန္တာရ၌နေထိုင်သောလူမျိုးတို့သည် သူ့ရှေ့၌ညွတ်တွား၍ သူ၏ရန်သူတို့သည် မြေမှုန့်ကိုလျက်ကြရပါစေသော။
အို ထာဝရဘုရား၊ သူတို့ကိုကြောက်လန့်စေတော်မူပါ။ မိမိတို့သည် လူသက်သက်သာဖြစ်ကြောင်း လူမျိုးတကာတို့အားသိစေတော်မူပါ။(စေလာ)
ထို့ကြောင့် အားကြီးသောလူမျိုးသည် ကိုယ်တော်ကို ဂုဏ်ပြုချီးမွမ်းလိမ့်မည်။ ကြမ်းကြုတ်သောလူမျိုးတို့နေသောမြို့သည် ကိုယ်တော်ကိုကြောက်ရွံ့လိမ့်မည်။
ရှင်ဘုရင်တို့သည် သင့်ကို ကြည့်ရှုစောင့်ရှောက်သူ၊ မိဖုရားတို့သည် သင်၏နို့ထိန်း ဖြစ်ကြလိမ့်မည်။ သူတို့သည် မြေပေါ်မျက်နှာအပ်၍ သင့်ရှေ့၌ပျပ်ဝပ်ကာ သင်၏ခြေမှ မြေမှုန့်ကို လျက်ကြလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်။ ငါ့ကိုစောင့်မျှော်သောသူတို့သည် အရှက်မကွဲရကြ”ဟု မိန့်တော်မူ၏။
ထို့ကြောင့် သူတို့သည် ထာဝရဘုရား၏နာမတော်ကို အနောက်အရပ်မှလည်းကောင်း၊ ဘုန်းအသရေတော်ကို နေထွက်ရာအရပ်မှလည်းကောင်း ကြောက်ရွံ့ကြလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရား၏ထွက်သက်လေမှုတ်ထုတ်တော်မူ၍ အရှိန်အဟုန်နှင့်စီးဆင်းသောမြစ်ရေကဲ့သို့ ကိုယ်တော်ကြွလာတော်မူမည်။
သင့်ကိုနှိပ်စက်ခဲ့သောသူ၏သားတို့သည် သင့်ထံသို့လာ၍ ဦးညွှတ်ကြလိမ့်မည်။ သင့်ကိုမထီလေးစားပြုသောသူအပေါင်းတို့သည် သင်၏ခြေရင်း၌ပျပ်ဝပ်ကြလိမ့်မည်။ သူတို့သည် သင့်ကိုထာဝရဘုရား၏မြို့၊ အစ္စရေးလူမျိုးတို့၏သန့်ရှင်းသောအရှင်၏ဇိအုန်မြို့ဟု ခေါ်ဝေါ်ကြလိမ့်မည်။
မီးသည် သစ်ခက်တို့ကိုလောင်သကဲ့သို့၊ မီးသည် ရေကိုပွက်ပွက်ဆူစေသကဲ့သို့ ဖြစ်လိမ့်မည်။ ကိုယ်တော့်ကိုရန်ပြုသောသူတို့သည် ကိုယ်တော်၏နာမတော်ကိုသိ၍ လူမျိုးတကာတို့သည် ကိုယ်တော်၏ရှေ့တော်၌ ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။
ဝံပုလွေနှင့်သိုးကလေးတို့ အတူအစာစားကြမည်။ ခြင်္သေ့သည် နွားကဲ့သို့ ကောက်ရိုးကိုစားမည်။ မြွေသည် မြေမှုန့်ကိုစားမည်။ ငါ၏သန့်ရှင်းသောတောင်တစ်တောင်လုံးကို ထိခိုက်ဖျက်ဆီးကြမည်မဟုတ်”ဟု မိန့်တော်မူ၏။
ထိုအကောင်အားလုံးသည် လူသူကင်းမဲ့သောချိုင့်ဝှမ်း၊ ကျောက်ကြား၊ ဆူးချုံ၊ စားကျက် ရှိသမျှတို့၌ စွဲနေကြလိမ့်မည်။
ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် တံငါသည်အမြောက်အမြားစေလွှတ်၍ သူတို့ကိုမျှားစေမည်။ မုဆိုးအမြောက်အမြားတို့ကိုလည်း စေလွှတ်၍ တောင်ကြီးတောင်ငယ်၊ ကျောက်ကြိုကျောက်ကြားမှ သူတို့ကို လိုက်လံဖမ်းဆီးစေမည်။
ဤမြို့သည် ငါ့အဖို့ ဝမ်းမြောက်စရာ၊ ချီးမွမ်းစရာ၊ ဂုဏ်ပြုစရာ ဖြစ်လိမ့်မည်။ ဤမြို့အတွက် ငါပြုပေးသောကောင်းကျိုးချမ်းသာတို့ကို ကမ္ဘာမြေပေါ်ရှိ လူမျိုးအပေါင်းတို့ကြားသိကြလိမ့်မည်။ ဤမြို့ကို ကောင်းကျိုးချမ်းသာအတိ၊ ငြိမ်သက်ခြင်းအတိရှိစေသည်ကို သူတို့ အံ့ဩတုန်လှုပ်ကြလိမ့်မည်’ဟု မိန့်တော်မူ၏။
မျှော်လင့်ချက်ရှိကောင်းရှိနိုင်သည်ဖြစ်၍ သူသည် မျက်နှာကို မြေမှုန့်၌အပ်ပါစေ။
ဤတောင်ကြားချိုင့်ဝှမ်းလွင်ပြင်သည် အာဇေလအရပ်တိုင်အောင် ရောက်လိမ့်မည်။ ယုဒဘုရင်ဩဇိမင်းကြီးလက်ထက် ငလျင်လှုပ်သဖြင့် သင်တို့ထွက်ပြေးရသကဲ့သို့ ယခုလည်း တောင်ကြားချိုင့်ဝှမ်းလွင်ပြင်အတိုင်း သင်တို့ ထွက်ပြေးရလိမ့်မည်။ ငါ၏ဘုရားသခင်ထာဝရဘုရားသည်လည်း မိမိသန့်ရှင်းသူအပေါင်းတို့နှင့်အတူ ကြွလာတော်မူလိမ့်မည်။
သူတို့သည် ငတ်မွတ်ခေါင်းပါး၍ပိန်ချုံးသွားမည်။ ပူလောင်ခြင်း၊ ဆိုးရွားသောဘေးဥပဒ်တို့၏ဝါးမျိုခြင်းခံရမည်။ သားရဲအစွယ်၊ မြေပေါ်တွားသွားသောသတ္တဝါအဆိပ်ကို သူတို့ထံ ငါစေလွှတ်မည်။
သူတို့ကလည်း ယောရှုအား “အရှင်တို့ရှေ့မှောက်တွင် ဤပြည်သားတို့ကို သုတ်သင်ပယ်ရှင်းပြီး ပြည်တစ်ပြည်လုံးကို အရှင်တို့အားပေးမည်ဟု အရှင်တို့၏ဘုရားသခင်ထာဝရဘုရားက မိမိအစေအပါးမောရှေအား မိန့်တော်မူခဲ့သည်ကို အရှင့်အစေအပါးတို့ ကောင်းစွာသိထားပြီ။ အကျွန်ုပ်တို့လည်း အသတ်ခံရမည်ကို ကြောက်လွန်းသဖြင့် ဤသို့ပြုခြင်းဖြစ်ပါ၏။
ကြည့်ရှုလော့။ မိမိတို့ကိုယ်ကို ဂျူးလူမျိုးဖြစ်သည်ဟုဆိုကြသော်လည်း ဂျူးလူမျိုးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသည့် လိမ်လည်ပြောဆိုသောသူတို့ကို သင်၏ခြေရင်း၌ လာ၍ရှိခိုးစေကာ ငါသည် သင်တို့ကိုချစ်ကြောင်း သူတို့အားသိစေမည်။
သူတို့နှစ်ဦးစလုံးသည် ဖိလိတ္တိကင်းတပ်ရှေ့တွင် လူရိပ်ပြလေ၏။ ဖိလိတ္တိလူမျိုးတို့ကလည်း “ကြည့်ပါ။ ဟေဗြဲလူမျိုးတို့သည် ပုန်းခိုရာတွင်းထဲမှ ထွက်လာကြပြီ”ဟု ဆိုပြီးလျှင်