သူရှိနိုင်သောနေရာတစ်ခုသို့ အကျွန်ုပ်တို့ဝင်ရောက်ပြီး မြေပေါ်နှင်းကျသကဲ့သို့ သူတို့ကို စီးနင်းတိုက်ခိုက်လျှင် သူ့လူအားလုံး တစ်ယောက်မျှကျန်တော့မည်မဟုတ်ပါ။
မိက္ခာ 5:7 - မြန်မာ့စံမီသမ္မာကျမ်း ကြွင်းကျန်သောယာကုပ်အမျိုးတို့သည် လူမျိုးများစွာတို့အလယ်တွင် လူကို မမျှော်လင့်၊ လူသားတို့ကို မကိုးစားသော ထာဝရဘုရားထံမှ နှင်းစက်ကဲ့သို့လည်းကောင်း၊ မြက်ပင်ပေါ်ကျသော မိုးပေါက်ကဲ့သို့လည်းကောင်း ရှိနေလိမ့်မည်။ Common Language Bible အသက်မသေဘဲကျန်ရစ်သောဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားကျစေ တော်မူသောနှင်းကဲ့သို့နိုင်ငံများစွာအား လန်းဆန်းစေလိမ့်မည်။ အပင်များပေါ်သို့ ရွာသွန်းသောမိုးကဲ့သို့ဖြစ်လိမ့်မည်။ ယင်း တို့သည်လူတို့၏အမိန့်ကိုမနာခံ၊ ဘုရားသခင်၏အမိန့်ကိုသာနာခံကြ၏။- Garrad Bible ယာ ကုပ် အ ကြွင်း အ ကျန် တို့ သည်၊ လူ တို့ အ မိန့် ကို မ ဆိုင်း၊ လူ့ သား တို့ အ မိန့် ကို မ လင့် ဘဲ၊ ထာ ဝ ရ ဘု ရား ထံ မှ ကျ သော နှင်း၊ မြက် ပင် ပေါ်၌ ရွာ သော မိုး သ ဖွယ်၊ လူ မျိုး ခြား အ မြောက် အ မြား တို့ ဘောင် တွင် ဖြစ် နေ ကြ လိမ့် မည်။ Judson Bible ကျန်ကြွင်းသော ယာကုပ်အမျိုးသားတို့သည် တစ်ပါးအမျိုးသား အများတို့တွင်နေ၍၊ ထာဝရဘုရား ပေးတော်မူသော နှင်းကဲ့သို့လည်းကောင်း၊ လူကိုမငံ့လင့်၊ လူသားတို့၏ အလိုသို့မလိုက်သော မိုးရေကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။ |
သူရှိနိုင်သောနေရာတစ်ခုသို့ အကျွန်ုပ်တို့ဝင်ရောက်ပြီး မြေပေါ်နှင်းကျသကဲ့သို့ သူတို့ကို စီးနင်းတိုက်ခိုက်လျှင် သူ့လူအားလုံး တစ်ယောက်မျှကျန်တော့မည်မဟုတ်ပါ။
သင်၏တန်ခိုးထင်ရှားသောနေ့၌ သင်၏လူမျိုးသည် စေတနာစိတ်နှင့်ပါဝင်ကြလိမ့်မည်။ သင်၏ပျိုရွယ်ခြင်းနှင်းစက်သည် သန့်ရှင်းသောဘုန်းအာနုဘော်ကိုဆောင်လျက် နံနက်အချိန်ဝမ်းဗိုက်ထဲမှ သင့်ထံသို့လာလိမ့်မည်။
ဇိအုန်တောင်များပေါ်သို့ကျသည့် ဟေရမုန်တောင်၏နှင်းစက်ကဲ့သို့လည်းဖြစ်၏။ အကြောင်းမူကား ထိုသို့နေထိုင်ကြသောအရပ်၌ အစဉ်အမြဲအသက်ရှင်ခြင်းတည်းဟူသော ကောင်းချီးမင်္ဂလာကို ထာဝရဘုရားအပ်နှင်းတော်မူ၏။
ထိုမင်းသည် ရိတ်ထားသောမြက်ခင်းပေါ်တွင် ရွာသွန်းသည့် မိုးကဲ့သို့လည်းကောင်း၊ မြေကြီးကိုစိုစွတ်စေသည့် မိုးစက်မိုးပေါက်ကဲ့သို့လည်းကောင်း ဖြစ်ပါစေသော။
ရှင်ဘုရင်၏အမျက်ဒေါသသည် ခြင်္သေ့ပျိုဟောက်သကဲ့သို့ဖြစ်၏။ သူ၏ကျေးဇူးပြုခြင်းမူကား မြက်ပင်ပေါ်မှနှင်းစက်ကဲ့သို့ဖြစ်၏။
ငါတို့အပေါ် ဝိညာဉ်တော်ကို အထက်အရပ်မှသွန်းလောင်း၍ တောကန္တာရသည် သီးနှံဖြစ်ထွန်းသောမြေဖြစ်ပြီး သီးနှံဖြစ်ထွန်းသောမြေကို တောအုပ်ဟုထင်မှတ်ရသည့်အချိန်အထိ ထိုသို့ဖြစ်လိမ့်မည်။
အကြောင်းမူကား ငါသည် ရေငတ်နေသောပြည်အပေါ် ရေကိုသွန်းလောင်းမည်။ ခြောက်သွေ့သောမြေပေါ်တွင် စမ်းရေစီးစေမည်။ သင်၏သားစဉ်မြေးဆက်အပေါ် ငါ့ဝိညာဉ်ကို သွန်းလောင်းမည်။ သင်၏သားမြေးတို့အပေါ် ငါ့ကောင်းချီးမင်္ဂလာကို သွန်းလောင်းမည်။
မိုးရေနှင့်နှင်းပွင့်တို့သည် မိုးကောင်းကင်မှကျလာပြီး မိုးကောင်းကင်သို့ပြန်မတက်ဘဲ မြေကိုစိုစွတ်စေလျက်၊ အပင်ပေါက်စေလျက်၊ သီးပွင့်စေလျက် မျိုးကြဲသောသူအတွက် မျိုးစေ့၊ စားသောသူအတွက် အစားအစာကို ပေးသကဲ့သို့
သူတို့တွင် နိမိတ်လက္ခဏာပြမည်။ အသက်ရှင်ကျန်ရစ်သောသူတို့ကို တာရှုပြည်၊ ပုလပြည်၊ လေးပစ်ကျွမ်းကျင်သောလုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်၊ ဝေးလံသောကမ်းရိုးတန်းဒေသများစသော ငါ၏ဂုဏ်သတင်းကိုမကြားဖူး၊ ဘုန်းအသရေကိုလည်း မမြင်ဖူးသည့်လူမျိုးများထံသို့ ငါစေလွှတ်မည်။ ထိုလူမျိုးများတွင် ငါ၏ဘုန်းအသရေကို သူတို့ပြောကြားကြလိမ့်မည်။
လူမျိုးခြားတို့၏ရုပ်တုတို့သည် မိုးကိုရွာစေနိုင်သလော။ ကောင်းကင်သည်လည်း မိုးကိုရွာစေနိုင်သလော။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သာလျှင် တတ်နိုင်တော်မူသည်မဟုတ်လော။ ကိုယ်တော်သည် အလုံးစုံကို တတ်နိုင်တော်မူသည်ဖြစ်၍ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုစောင့်မျှော်ပါ၏။
“သို့သော် ထိုပြည်ထဲ၌ လွတ်မြောက်၍ကြွင်းကျန်ရစ်သော သားသမီးအချို့တို့သည် ထုတ်ဆောင်သွားခြင်းခံရလိမ့်မည်။ သူတို့သည် သင်တို့ထံရောက်လာ၍ သူတို့၏အပြုအမူအကျင့်အကြံတို့ကို သင်တို့မြင်ရလိမ့်မည်။ ထိုအခါ ဂျေရုဆလင်မြို့အပေါ် ငါကျရောက်စေခဲ့သောဘေးအန္တရာယ် အလုံးစုံတို့အတွက် သင်တို့စိတ်သက်သာရာရလိမ့်မည်။
ထိုသူသည် ငါ့အား အိမ်တော်ဝင်ပေါက်သို့ ပြန်လည်ခေါ်ဆောင်လာရာ အိမ်တော်တံခါးခုံအောက်မှ အိမ်တော်မျက်နှာမူရာအရှေ့ဘက်သို့ ရေစီးထွက်သွားသည်ကို တွေ့ရ၏။ ထိုရေတို့သည် အိမ်တော်လက်ယာဘက်အောက်၊ ယဇ်ပလ္လင်တော်တောင်ဘက်မှ စီးဆင်းသွား၏။
ဘုရားရှင်ထာဝရဘုရားက ‘ဤသည်ကား ဂျေရုဆလင်မြို့တည်း။ ငါသည် ဂျေရုဆလင်မြို့ကို လူမျိုးတကာတို့အလယ်၊ သူ့ဝန်းကျင်ရှိ တိုင်းနိုင်ငံတို့အလယ်တွင် ချထား၏။
သူသည် ပဋိညာဉ်ချိုးဖောက်သောသူတို့ကို မြှောက်ပင့်ပြောဆို၍ ဖျက်ဆီးလိမ့်မည်။ မိမိဘုရားသခင်ကိုသိကျွမ်းသောသူတို့မူကား သူ့အား ရဲရင့်စွာတန်ပြန်တိုက်ခိုက်လိမ့်မည်။
ငါသည် အစ္စရေးအဖို့ နှင်းစက်ကဲ့သို့ ဖြစ်မည်။ သူသည် နှင်းပန်းကဲ့သို့ ပွင့်လန်းလိမ့်မည်။ လက်ဘနွန်သစ်ကတိုးကဲ့သို့ အမြစ်စွဲလိမ့်မည်။
ထာဝရဘုရားအား သိကျွမ်းဖို့ ကြိုးစားအားထုတ်ကြကုန်စို့။ ကိုယ်တော်သည် အရုဏ်ဦးအလင်းကဲ့သို့ ထွက်ပေါ်လာမည်။ မြေပေါ်သို့ရွာချသော မိုးဦး၊ မိုးနှောင်းကဲ့သို့ ရောက်လာမည်။
ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုသောသူအပေါင်းတို့သည် ကယ်တင်ခြင်းခံရကြလိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဇိအုန်တောင်ပေါ်နှင့် ဂျေရုဆလင်မြို့တို့တွင် လွတ်မြောက်သောသူရှိလိမ့်မည်။ ထိုသူတို့သည် အသက်ရှင်ကျန်ရစ်သောသူများထဲမှ ထာဝရဘုရား ခေါ်တော်မူသောသူသာ ဖြစ်လိမ့်မည်။
မကောင်းမှုကို မုန်း၍ ကောင်းမှုကို မြတ်နိုးလော့။ မြို့တံခါးတွင် တရားမျှတမှု ရှိစေလော့။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားသည် ကြွင်းကျန်သောယောသပ်အမျိုးကို သနားကောင်း သနားတော်မူလိမ့်မည်။
အို ယာကုပ်အမျိုး၊ သင်တို့အားလုံးကို ငါဧကန်အမှန်စုသိမ်းမည်။ ကြွင်းကျန်သောအစ္စရေးလူမျိုးကို ငါဧကန်အမှန်ပြန်လည်စုစည်းမည်။ သိုးခြံထဲမှသိုးအုပ်ကဲ့သို့၊ စားကျက်မြေထဲမှ သိုးစုကဲ့သို့ တစ်စုတစ်စည်းတည်းဖြစ်စေမည်။ လူများသဖြင့် ဆူညံနေလိမ့်မည်။
“အို ဇိအုန်သမီးပျို၊ ထ၍ တလင်းနယ်လော့။ ငါသည် သင့်အား သံဦးချိုနှင့် ကြေးဝါခွာကို ပေးမည်။ သင်သည် လူမျိုးများစွာတို့ကို ညက်ညက်ကြေအောင် နင်းနယ်လိမ့်မည်။ သင်သည် သူတို့၏မတရားသောအကျိုးစီးပွားကို ထာဝရဘုရားထံတော်သို့လည်းကောင်း၊ သူတို့၏ဥစ္စာပစ္စည်းတို့ကို မြေတစ်ပြင်လုံး၏အရှင်ထံသို့လည်းကောင်း ဆက်ကပ်လိမ့်မည်။”
ခြေမသန်သူကို ကြွင်းကျန်စေမည်။ အဝေးသို့နှင်ထုတ်ခံရသူကို အားကြီးသောလူမျိုးဖြစ်စေမည်။ ထာဝရဘုရားသည် ယခုမှစ၍ ကာလအစဉ်အဆက် ဇိအုန်တောင်ပေါ်တွင် သူတို့ကို အုပ်စိုးတော်မူမည်။
သို့သော် သားဖွားမည့်မိန်းမ သားဖွားပြီးသည့်အချိန်ထိ ကိုယ်တော်သည် သူတို့ကို ပစ်ထားလိမ့်မည်။ ထို့နောက်မှ ကြွင်းကျန်သောညီအစ်ကိုတို့သည် အစ္စရေးအမျိုးသားတို့ထံ ပြန်လာကြလိမ့်မည်။
ကြွင်းကျန်သောယာကုပ်အမျိုးတို့သည် တောတိရစ္ဆာန်တို့အလယ်မှ ခြင်္သေ့ကဲ့သို့လည်းကောင်း၊ သိုးအုပ်တို့အလယ်မှ ခြင်္သေ့ပျိုကဲ့သို့လည်းကောင်း လူမျိုးခြားတို့အလယ်၊ လူများစွာတို့ကြားတွင် ရှိနေလိမ့်မည်။ ထိုခြင်္သေ့တို့သည် သွားလာ၍ မည်သူမျှမကယ်နိုင်အောင် စားသောက်ကိုက်ဖြတ်တတ်၏။
ကိုယ်တော်နှင့်တူသောဘုရားရှိပါသလော။ ကိုယ်တော်သည် အပြစ်လွှတ်တော်မူသောဘုရား၊ ကြွင်းကျန်သောအမွေတော်တို့ကျူးလွန်သောအပြစ်ကို ခွင့်လွှတ်တော်မူသောဘုရား၊ အမျက်တော်ကိုသိုမထား မေတ္တာကရုဏာအစဉ်ပြတော်မူသောဘုရား ဖြစ်တော်မူ၏။
ကြွင်းကျန်သောအစ္စရေးလူမျိုးတို့သည် မတရားမှုကိုမပြု၊ လိမ်လည်၍မပြော၊ သူတို့နှုတ်၌ လှည့်စားတတ်သောလျှာလည်း ရှိမည်မဟုတ်။ သူတို့သည် ခြိမ်းခြောက်မည့်သူမရှိဘဲ စားသောက်လျက်၊ လဲလျောင်းလျက် နေရလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထိုနေ့ရက်တွင် ဂျေရုဆလင်မြို့မှ အသက်စမ်းရေ စီးထွက်လိမ့်မည်။ ထိုရေသည် နွေရာသီဖြစ်စေ၊ ဆောင်းရာသီဖြစ်စေ အရှေ့ပင်လယ်သို့ တစ်ဝက်၊ အနောက်ပင်လယ်သို့ တစ်ဝက် စီးဆင်းလိမ့်မည်။
ငါသည် ယုဒကို လေးသဖွယ် တင်မည်၊ ဧဖရိမ်ကို မြားသဖွယ် ပြုမည်။ အို ဇိအုန်၊ သင့်သားတို့ကို ငါနှိုးဆော်မည်။ အို ဂရိ၊ သင့်သားတို့ကို ငါဆန့်ကျင်မည်။ သင့်ကို စစ်သူရဲ၏ဓားသဖွယ် ဖြစ်စေမည်။”
ထို့ကြောင့် သင်တို့သည်သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ သူတို့ကိုဗတ္တိဇံပေးကြလော့။
ထို့နောက် ငါစတင်ဟောပြောလေရာ သန့်ရှင်းသောဝိညာဉ်တော်သည် အစအဦးက ငါတို့အပေါ်သို့သက်ရောက်သကဲ့သို့ ထိုသူတို့အပေါ်သို့လည်း သက်ရောက်တော်မူ၏။
ထိုအခါ ပေါလုနှင့်ဗာနဗတို့သည် ရဲရင့်စွာဟောပြောလျက် “ဘုရားသခင်၏နှုတ်ကပတ်တရားကို သင်တို့အား ဦးစွာဟောပြောရန်လိုအပ်၏။ သို့သော် သင်တို့သည် ၎င်းကိုငြင်းပယ်၍ မိမိတို့ကိုယ်ကို ထာဝရအသက်နှင့်မထိုက်တန်ဟု စီရင်ကြသောကြောင့် ငါတို့သည် လူမျိုးခြားတို့ထံသို့ လှည့်သွားကြ၏။
ညအခါ ပေါလုသည် ရူပါရုံတစ်ခုကို မြင်ရ၏။ ထိုရူပါရုံ၌ မာကေဒေါနိပြည်သားတစ်ဦးသည် ရပ်လျက် “မာကေဒေါနိပြည်သို့ ကူးလာ၍ အကျွန်ုပ်တို့ကို ကူညီပေးပါ”ဟု သူ့အား တောင်းပန်ပြောဆို၏။
သို့သော် သခင်ဘုရားက“သွားလော့။ ဤသူကား လူမျိုးခြားများ၊ ရှင်ဘုရင်များနှင့် အစ္စရေးအမျိုးသားများရှေ့သို့ ငါ၏နာမကိုယူဆောင်သွားရန် ငါရွေးကောက်ထားသောတန်ဆာပလာဖြစ်၏။
ပရောဖက်ဟေရှာယကလည်း “ငါ့ကိုမရှာသောသူတို့သည် ငါ့ကိုတွေ့ရှိကြ၏။ ငါ့အကြောင်းကိုမမေးမြန်းသောသူတို့ထံ ငါ့ကိုယ်ငါထင်ရှားပြ၏”ဟု ရဲရင့်စွာဆိုထား၏။
သို့သော် သူတို့ကျူးလွန်သောအပြစ်သည် လောကီသားတို့၏ကြွယ်ဝမှုဖြစ်ခဲ့ပြီး သူတို့၏ရှုံးနိမ့်ခြင်းသည် လူမျိုးခြားတို့၏ကြွယ်ဝခြင်းဖြစ်ခဲ့လျှင် သူတို့၏ပြည့်စုံခြင်းသည် မည်မျှပို၍များသောအကျိုးကို ဖြစ်စေလိမ့်မည်နည်း။
သို့ဖြစ်လျှင် ငါတို့သည် မည်သို့ဆိုရမည်နည်း။ ဖြောင့်မတ်ခြင်းကိုရရှိရန် မကြိုးစားသောလူမျိုးခြားတို့သည် ဖြောင့်မတ်ခြင်းကိုခံယူရရှိကြ၏။ တစ်နည်းဆိုသော် ယုံကြည်ခြင်းအားဖြင့်ရရှိသော ဖြောင့်မတ်ခြင်းဖြစ်၏။
ငါသည် စိုက်ပျိုး၏။ အာပေါလုသည် ရေလောင်း၏။ သို့သော် ကြီးထွားစေတော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။
ငါ့သွန်သင်ချက်သည် မိုးစက်လေးလိုတစက်စက်ကျပါစေ။ ငါ့စကားသည် နှင်းစက်လေးလို တဖွဲဖွဲကျပါစေ။ မြက်နုပေါ်ကျသောမိုးဖွဲလေးများလို၊ မြက်ပင်ပေါ်ကျသောမိုးပေါက်လေးများလို ဖြစ်ပါစေ။
ဂိဒေါင်ကလည်း ဘုရားသခင်အား “ကိုယ်တော်မိန့်တော်မူခဲ့သည့်အတိုင်း ကိုယ်တော်သည် အစ္စရေးလူမျိုးတို့ကို အကျွန်ုပ်လက်အားဖြင့်ကယ်တင်တော်မူမည်မှန်လျှင်