“ငါ၏သန့်ရှင်းသောဇိအုန်တောင်ပေါ်တွင် ငါ၏ရှင်ဘုရင်ကို ငါခန့်အပ်ထားပြီ”ဟု မိန့်တော်မူ၏။
မိက္ခာ 4:7 - မြန်မာ့စံမီသမ္မာကျမ်း ခြေမသန်သူကို ကြွင်းကျန်စေမည်။ အဝေးသို့နှင်ထုတ်ခံရသူကို အားကြီးသောလူမျိုးဖြစ်စေမည်။ ထာဝရဘုရားသည် ယခုမှစ၍ ကာလအစဉ်အဆက် ဇိအုန်တောင်ပေါ်တွင် သူတို့ကို အုပ်စိုးတော်မူမည်။ Common Language Bible သူတို့သည်ခြေဆွံ့လျက်နေအိမ်မှရပ်ဝေး သို့ရောက်ရှိနေကြ၏။ သို့ရာတွင်ငါသည် မသေဘဲကျန်ကြွင်းနေသေးသူတို့အား အင်အားကြီးသောလူမျိုးဖြစ်လာစေမည်။ ငါသည်ဇိအုန်တောင်ပေါ်မှာသူတို့အား ယခုမှစ၍ကာလအစဉ်အဆက်အုပ် စိုးတော်မူမည်'' ဟုမိန့်တော်မူ၏။ Garrad Bible ဝေး ကွာ စွာ နှင် ထုတ် ခံ ရ သူ့ ကို လူ မျိုး ကြီး အ ဖြစ် ထား၍၊ ဇိ အုန် တောင် ပေါ် တွင်၊ ထို သူ တို့ ကို ကာ လ အ စဉ် ငါ ထာ ဝ ရ ဘု ရား အုပ် စိုး မည်။ Judson Bible ခြေဆွံ့သောသူကို ငါကျန်ကြွင်းစေမည်။ အဝေးသို့ နှင်ထုတ်ခြင်းကို ခံရသောသူသည် ကြီးမားသော လူမျိုးဖြစ်စေခြင်းငှာ ငါစီရင်မည်။ ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်မှာ သူတို့ကို ယခုမှစ၍ အစဉ်အမြဲ အုပ်ချုပ်စိုးစံတော်မူလိမ့်မည်။ |
“ငါ၏သန့်ရှင်းသောဇိအုန်တောင်ပေါ်တွင် ငါ၏ရှင်ဘုရင်ကို ငါခန့်အပ်ထားပြီ”ဟု မိန့်တော်မူ၏။
ရာဇပလ္လင်သည် မေတ္တာကရုဏာတော်အားဖြင့် တည်လိမ့်မည်။ ဒါဝိဒ်မင်းကြီး၏တဲတော်ရှိ ထိုပလ္လင်ပေါ်၌ သစ္စာရှိသောသူသည် ထိုင်တော်မူလျက် တရားစီရင်မည်။ တရားမျှတခြင်းကိုရှာဖွေမည်။ ဖြောင့်မတ်ခြင်း၌ စိတ်အားထက်သန်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ဇိအုန်တောင်ပေါ် ဂျေရုဆလင်မြို့၌စိုးစံလျက် မိမိ၏သက်ကြီးဝါကြီးများရှေ့တွင် ဘုန်းအသရေထွန်းတောက်တော်မူမည်ဖြစ်၍ လသည် မျက်နှာပျက်၍ နေသည်လည်း အရှက်ကွဲလိမ့်မည်။
သပိတ်ပင်နှင့်ဝက်သစ်ချပင်တို့သည် ခုတ်လှဲခြင်းခံရ၍ အငုတ်သာကျန်သကဲ့သို့ ဆယ်ပုံတစ်ပုံသာကြွင်းကျန်သောထိုပြည်သည် ထပ်၍ဝါးမျိုဖျက်ဆီးခြင်းခံရလိမ့်မည်။ သန့်ရှင်းသောအမျိုးအနွယ်သည် အငုတ်ဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
လူအနည်းငယ်သည် လူတစ်ထောင်ဖြစ်လာမည်။ အားနည်းသောလူမျိုးသည် အားကြီးသောလူမျိုးဖြစ်လာမည်။ ငါထာဝရဘုရားသည် အချိန်တန်လျှင် ထိုအရာကို အလျင်အမြန်ဖြစ်စေမည်။
ဤသို့သောအမှုကို မည်သူကြားဖူးသနည်း။ ဤသို့သောအမှုများကို မည်သူမြင်ဖူးသနည်း။ တိုင်းပြည်တစ်ပြည်ကို တစ်ရက်အတွင်း မွေးဖွားနိုင်သလော။ လူမျိုးတစ်မျိုးကို တစ်ခဏအတွင်း မွေးဖွားနိုင်သလော။ သို့သော် ဇိအုန်မြို့သည် မီးဖွားချိန်ရောက်သည်နှင့် သားသမီးများကို မွေးဖွားလေပြီ။
ကိုယ်တော်က ငါ့အား “အချင်းလူသား၊ ဤနေရာသည် ငါ့ပလ္လင်တည်ရာ၊ ငါ့ခြေချရာဖြစ်၏။ ဤနေရာ၌ အစ္စရေးအမျိုးသားတို့နှင့်အတူ ငါအစဉ်ကိန်းဝပ်မည်။ အစ္စရေးအမျိုးသားနှင့် သူတို့၏ဘုရင်တို့သည် ဖောက်ပြန်သောအားဖြင့် အထွတ်အမြတ်ထားရာကုန်းမြင့်တို့၌ ရှင်ဘုရင်ရုပ်ကလာပ်များအားဖြင့် သန့်ရှင်းသောငါ့နာမကို ရှုတ်ချကြတော့မည်မဟုတ်။
ထိုရှင်ဘုရင်များအုပ်စိုးသည့်ကာလတွင်ပင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည် မည်သည့်အခါမျှမပျက်စီးနိုင်မည့်နိုင်ငံတစ်ခုကို တည်ထောင်တော်မူလိမ့်မည်။ ဤနိုင်ငံသည် အခြားသူတို့လက်သို့ ရောက်ရမည်မဟုတ်။ အခြားနိုင်ငံအားလုံးကို တစ်စစီခြေမွှဖျက်ဆီးပစ်မည်။ ဤနိုင်ငံသည် အစဉ်အမြဲတည်လိမ့်မည်။
အချိန်စေ့သောအခါ ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်သို့မော့ကြည့်၍ လူ့စိတ်ပြန်ဝင်လေ၏။ ထို့ကြောင့် အမြင့်ဆုံးသောအရှင်ကို ချီးမွမ်း၏။ ထာဝရအသက်ရှင်တော်မူသောအရှင်၏ဂုဏ်တော်၊ ဘုန်းအသရေတော်ကို ချီးမြှောက်၏။ ကိုယ်တော်၏အာဏာစက်သည် ထာဝရအာဏာစက် ဖြစ်၏။ ကိုယ်တော်၏နိုင်ငံတော်သည်လည်း ကာလအစဉ်တည်၏။
သူ့အား နိုင်ငံတော်နှင့်တကွ အာဏာစက်၊ ဂုဏ်သရေကို အပ်နှင်းပြီဖြစ်၍ နိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးအပေါင်းတို့သည် သူ့အားကိုးကွယ်ကြလိမ့်မည်။ သူ၏အာဏာစက်သည် မပျောက်ပျက်၊ ထာဝရတည်သောအာဏာစက် ဖြစ်၏။ နိုင်ငံတော်သည်လည်း မည်သည့်အခါမျှ ပျက်စီးမည်မဟုတ်။
ထို့နောက် အမြင့်ဆုံးသောအရှင်၏သန့်ရှင်းသောလူမျိုးတော်သည် နိုင်ငံတော်နှင့်တကွ အာဏာစက်ကိုလည်းကောင်း၊ ကောင်းကင်တစ်ခွင်အောက်ရှိတိုင်းနိုင်ငံများ၏ဘုန်းတန်ခိုးတို့ကိုလည်းကောင်း ရရှိလိမ့်မည်။ ကိုယ်တော်၏နိုင်ငံသည် ထာဝရနိုင်ငံဖြစ်ပြီး အာဏာရမင်းရှိသမျှသည် ကိုယ်တော့်ကို နာခံ၍ ဝတ်ပြုကြလိမ့်မည်’ဟု ငါ့အား ရှင်းပြ၏။
သို့သော် အစ္စရေးအမျိုးသားတို့သည် မခြင်တွယ်နိုင်၊ မရေတွက်နိုင်လောက်အောင် ပင်လယ်သဲပွင့်ကဲ့သို့ များပြားလိမ့်မည်။ “သင်တို့သည် ငါ၏လူမျိုးတော်မဟုတ်”ဟု သူတို့အား ပြောရာအရပ်၌ပင် “သူတို့သည် အသက်ရှင်သောဘုရားသခင်၏သားများ”ဟု ခေါ်ဝေါ်ခြင်းခံရလိမ့်မည်။
ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုသောသူအပေါင်းတို့သည် ကယ်တင်ခြင်းခံရကြလိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဇိအုန်တောင်ပေါ်နှင့် ဂျေရုဆလင်မြို့တို့တွင် လွတ်မြောက်သောသူရှိလိမ့်မည်။ ထိုသူတို့သည် အသက်ရှင်ကျန်ရစ်သောသူများထဲမှ ထာဝရဘုရား ခေါ်တော်မူသောသူသာ ဖြစ်လိမ့်မည်။
“ဤသို့ဖြင့် ငါသည် သန့်ရှင်းရာတောင်တော် ဇိအုန်တွင် ကိန်းဝပ်သော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရလိမ့်မည်။ ဂျေရုဆလင်မြို့သည် သန့်ရှင်းသောမြို့ ဖြစ်လိမ့်မည်။ တစ်ပါးအမျိုးသားတို့သည် ထိုမြို့ကို ဘယ်သောအခါမှ ကျော်နင်းခွင့်ရကြတော့မည်မဟုတ်။
ကယ်တင်မည့်သူတို့သည် ဧသောတောင်ကို အုပ်စိုးရန် ဇိအုန်တောင်ပေါ်သို့တက်လာလိမ့်မည်။ ထိုနိုင်ငံသည် ထာဝရဘုရား၏နိုင်ငံတော် ဖြစ်မည်။
အို ယာကုပ်အမျိုး၊ သင်တို့အားလုံးကို ငါဧကန်အမှန်စုသိမ်းမည်။ ကြွင်းကျန်သောအစ္စရေးလူမျိုးကို ငါဧကန်အမှန်ပြန်လည်စုစည်းမည်။ သိုးခြံထဲမှသိုးအုပ်ကဲ့သို့၊ စားကျက်မြေထဲမှ သိုးစုကဲ့သို့ တစ်စုတစ်စည်းတည်းဖြစ်စေမည်။ လူများသဖြင့် ဆူညံနေလိမ့်မည်။
ထိုးဖောက်သွားမည့်သူသည် သူတို့ရှေ့မှကြွမည်။ သူတို့လည်း မြို့တံခါးကိုဖြိုဖျက်ပြီး ထိုတံခါးမှ ဖြတ်သွားကြမည်။ သူတို့၏ရှင်ဘုရင်သည် သူတို့ရှေ့မှကြွမည်။ ထာဝရဘုရားသည် သူတို့ကိုဦးဆောင်တော်မူမည်။”
သို့သော် သားဖွားမည့်မိန်းမ သားဖွားပြီးသည့်အချိန်ထိ ကိုယ်တော်သည် သူတို့ကို ပစ်ထားလိမ့်မည်။ ထို့နောက်မှ ကြွင်းကျန်သောညီအစ်ကိုတို့သည် အစ္စရေးအမျိုးသားတို့ထံ ပြန်လာကြလိမ့်မည်။
ကိုယ်တော်နှင့်တူသောဘုရားရှိပါသလော။ ကိုယ်တော်သည် အပြစ်လွှတ်တော်မူသောဘုရား၊ ကြွင်းကျန်သောအမွေတော်တို့ကျူးလွန်သောအပြစ်ကို ခွင့်လွှတ်တော်မူသောဘုရား၊ အမျက်တော်ကိုသိုမထား မေတ္တာကရုဏာအစဉ်ပြတော်မူသောဘုရား ဖြစ်တော်မူ၏။
ကြွင်းကျန်သောအစ္စရေးလူမျိုးတို့သည် မတရားမှုကိုမပြု၊ လိမ်လည်၍မပြော၊ သူတို့နှုတ်၌ လှည့်စားတတ်သောလျှာလည်း ရှိမည်မဟုတ်။ သူတို့သည် ခြိမ်းခြောက်မည့်သူမရှိဘဲ စားသောက်လျက်၊ လဲလျောင်းလျက် နေရလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထိုအချိန်၌ သင်တို့ကို ငါဆောင်ခဲ့မည်။ ထိုအချိန်၌ သင်တို့ကို ငါစုစည်းမည်။ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောသူတို့ကို သင်တို့ရှေ့သို့ ပြန်လာစေမည်။ ကမ္ဘာလောကသားတို့အလယ်တွင် သင်တို့ကို ငါချီးမြှောက်၍ ဂုဏ်သရေရှိစေမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သူသည် ယာကုပ်အမျိုးကို ကာလအစဉ်အဆက်အုပ်ချုပ်လိမ့်မည်။ သူ၏နိုင်ငံတော်သည်လည်းအဆုံးမရှိ အစဉ်တည်လိမ့်မည်”ဟု မြွက်ဆိုလေ၏။
သတ္တမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ ကောင်းကင်၌ ကျယ်လောင်သောအသံဖြစ်ပေါ်လျက် “ကမ္ဘာ့နိုင်ငံသည် ငါတို့၏ထာဝရအရှင်နှင့် ကိုယ်တော်၏ခရစ်တော်ပိုင်ဆိုင်တော်မူရာဖြစ်လေပြီ။ ကိုယ်တော်သည်လည်း ကမ္ဘာအဆက်ဆက်စိုးစံတော်မူလိမ့်မည်”ဟု ဆို၏။