ဗေလမင်းကြီးအနိစ္စရောက်သောအခါ ဗောဇရမြို့မှ ဇေရ၏သား ယောဗပ်သည် သူ့နေရာ၌စိုးစံလေ၏။
မိက္ခာ 2:12 - မြန်မာ့စံမီသမ္မာကျမ်း အို ယာကုပ်အမျိုး၊ သင်တို့အားလုံးကို ငါဧကန်အမှန်စုသိမ်းမည်။ ကြွင်းကျန်သောအစ္စရေးလူမျိုးကို ငါဧကန်အမှန်ပြန်လည်စုစည်းမည်။ သိုးခြံထဲမှသိုးအုပ်ကဲ့သို့၊ စားကျက်မြေထဲမှ သိုးစုကဲ့သို့ တစ်စုတစ်စည်းတည်းဖြစ်စေမည်။ လူများသဖြင့် ဆူညံနေလိမ့်မည်။ Common Language Bible ``ငါသည်သင်တို့တွင်ကြွင်းကျန်သောဣသ ရေလအမျိုးသားအားလုံးကိုစုရုံးမည်။ ခြံ သို့ပြန်လာသောသိုးများသဖွယ်သင်တို့ကို စုသိမ်းမည်။ စားကျက်တွင်သိုးမြောက်မြား စွာစုရုံးကျက်စားသကဲ့သို့ သင်တို့၏ပြည် တွင်တစ်ဖန်လူမြောက်မြားစွာနေထိုင်လိမ့် မည်'' ဟုပြန်လည်ဖြေကြားတော်မူ၏။ Garrad Bible အို ယာ ကုပ်၊ ငါ သည် သင့် အ မျိုး သား အ ပေါင်း တို့ ကို စု ရုံး လျက်၊ ဣ သ ရေ လ အ ကြွင်း အ ကျန် တို့ ကို သိမ်း ယူ လျက်၊ ခြံ၌ သိုး စု၊ စား ကျက်၌ သိုး အုပ် ကဲ့ သို့ သွင်း ထား မည့် အ လျောက်၊ လူ သံ သူ သံ ဖြစ် ပြန် လိမ့် မည်။ Judson Bible အို ယာကုပ်၊ ငါသည် သင်၏အမျိုးသားအပေါင်းတို့ကိုလည်းကောင်း၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားအပေါင်းတို့ကိုလည်းကောင်း ဆက်ဆက်စုဝေးစေမည်။ သိုးခြံ၌ သိုးများကဲ့သို့လည်းကောင်း၊ ကျက်စားရာအရပ်ထဲမှာ သိုးစုကဲ့သို့လည်းကောင်း သူတို့ကို ငါစု၍ထားမည်။ လူများသောကြောင့် အသံကြီးလိမ့်မည်။ |
ဗေလမင်းကြီးအနိစ္စရောက်သောအခါ ဗောဇရမြို့မှ ဇေရ၏သား ယောဗပ်သည် သူ့နေရာ၌စိုးစံလေ၏။
ဗေလမင်းကြီး အနိစ္စရောက်သောအခါ ဗောဇရမြို့မှ ဇေရ၏သားယောဗပ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
ထိုနေ့ရက်၌ ဘုရားရှင်သည် အဆီးရီးယားပြည်၊ အီဂျစ်ပြည်၊ ပါသရုပြည်၊ အီသီယိုးပီးယားပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ ဟာမတ်ပြည်နှင့် ပင်လယ်ကမ်းရိုးတန်းဒေသတို့မှ ကြွင်းကျန်နေသော မိမိ၏လူမျိုးတော်တို့ကို ပြန်သိမ်းယူရန် ဒုတိယအကြိမ် လက်ကိုဆန့်တော်မူမည်။
အို အစ္စရေးအမျိုးသားတို့၊ ထိုနေ့ရက်၌ ထာဝရဘုရားသည် ယူဖရေးတီးမြစ်လက်တက်မှ အီဂျစ်ပြည်စမ်းချောင်းတိုင်အောင် သင်တို့ကို တလင်းနယ်၍ တစ်ယောက်ပြီးတစ်ယောက် ကောက်သိမ်းတော်မူမည်။
ထာဝရဘုရား၏ဓားတော်သည် သွေးနှင့်ဝပြီ၊ အဆီနှင့်အီပြီ။ သိုးသငယ်နှင့်ဆိတ်ထီးတို့၏သွေး၊ သိုးထီးတို့၏ကျောက်ကပ်အဆီတို့နှင့် ဝအီလေပြီ။ အကြောင်းမူကား ထာဝရဘုရားသည် ဗောဇရမြို့၌ ယဇ်ပူဇော်ပွဲ၊ ဧဒုံပြည်၌ ကြီးမားသောသားသတ်ပွဲ ကျင်းပတော်မူပြီ။
သိုးသငယ်တို့သည် မိမိတို့စားကျက်၌ ကျက်စားကြလိမ့်မည်။ သူစိမ်းတစ်ရံဆံတို့သည် သူဌေးတို့၏ပြိုပျက်ရာကို ဝါးမျိုကြလိမ့်မည်။
“ကြွင်းကျန်သော ငါ၏သိုးစုကို ငါနှင်ထုတ်ရာအရပ်ရပ်မှ ငါစုသိမ်းမည်။ သူတို့၏စားကျက်မြေသို့ သူတို့ကို ပြန်ခေါ်လာမည်။ သူတို့သည် တိုးပွားများပြားကြလိမ့်မည်။
ထိုကာလ၌ ယုဒအမျိုးအနွယ်သည် အစ္စရေးအမျိုးအနွယ်တို့နှင့်အတူ သွားလာကြလိမ့်မည်။ သူတို့သည် သင်တို့ဘိုးဘေးတို့အား ငါအမွေပေးသောပြည်သို့ မြောက်ဘက်အရပ်မှ အတူတကွလာကြလိမ့်မည်။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါကိုယ်တိုင် ငါ့သိုးတို့ကို လိုက်လံရှာဖွေမည်။
သူတို့ကို လူမျိုးတကာတို့ထံမှ ထုတ်ဆောင်လာမည်။ အရပ်ရပ်တို့မှ ပြန်လည်စုစည်း၍ နေရင်းပြည်သို့ ပြန်ပို့ဆောင်မည်။ အစ္စရေးတောင်တန်းများအပေါ်၊ မြစ်ချောင်းများအနားမှစ၍ သူတို့နေထိုင်ရာအရပ်ရပ်တို့တွင် သူတို့ကို ကျွေးမွေးမည်။
ငါ့သိုးတို့ကို ငါကယ်တင်မည်။ သားကောင်ဖြစ်ရတော့မည်မဟုတ်။ သိုးတစ်ကောင်ချင်းစီ၏အမှုကို ငါစီရင်မည်။
ဘုရားရှင်ထာဝရဘုရားက “သင်တို့သည် ငါ့စားကျက်၌ကျက်စားသော လူမျိုးတော်သိုးစုဖြစ်၏။ ငါသည်လည်း သင်တို့၏ဘုရားသခင်ဖြစ်၏”ဟု မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘အစ္စရေးအမျိုးတို့ တောင်းဆိုသည့်အတိုင်း ငါပြုပေးမည်။ သူတို့ကို သိုးတို့ကဲ့သို့ တိုးပွားစေမည်။
သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် အစ္စရေးအမျိုးသားတို့ကို သူတို့ရောက်ရာလူမျိုးခြားတို့အလယ်မှ ပြန်ခေါ်လာမည်။ သူတို့ရောက်ရာအရပ်ရပ်မှ သူတို့ကိုစုစည်းပြီး နေရင်းပြည်သို့ ပြန်ပို့ဆောင်မည်။
ထိုအခါ ယုဒအမျိုးသားနှင့် အစ္စရေးအမျိုးသားတို့သည် အတူတကွစုရုံးလျက် ခေါင်းဆောင်တစ်ဦးကို ရွေးချယ်တင်မြှောက်ပြီး ထိုပြည်မှထွက်လာကြလိမ့်မည်။ ထိုနေ့သည် ယေဇရေလမြို့အဖို့ နေ့ထူးနေ့မြတ် ဖြစ်လိမ့်မည်။
ထို့ကြောင့် ငါသည် တေမန်မြို့အပေါ် မီးကိုလွှတ်၍ ဗောဇရခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်”ဟု မိန့်တော်မူ၏။
ထိုးဖောက်သွားမည့်သူသည် သူတို့ရှေ့မှကြွမည်။ သူတို့လည်း မြို့တံခါးကိုဖြိုဖျက်ပြီး ထိုတံခါးမှ ဖြတ်သွားကြမည်။ သူတို့၏ရှင်ဘုရင်သည် သူတို့ရှေ့မှကြွမည်။ ထာဝရဘုရားသည် သူတို့ကိုဦးဆောင်တော်မူမည်။”
အို ဧဒါမျှော်စင် ဇိအုန်သမီးပျိုနေရာတောင်ကုန်း၊ အုပ်စိုးမှုအာဏာသည် ယခင်ကကဲ့သို့ပင် သင့်ထံပြန်လာလိမ့်မည်။ ဂျေရုဆလင်သမီးပျိုထံသို့ နိုင်ငံတော်ပြန်ရောက်လိမ့်မည်”ဟု မိန့်တော်မူ၏။
ကြွင်းကျန်သောယာကုပ်အမျိုးတို့သည် လူမျိုးများစွာတို့အလယ်တွင် လူကို မမျှော်လင့်၊ လူသားတို့ကို မကိုးစားသော ထာဝရဘုရားထံမှ နှင်းစက်ကဲ့သို့လည်းကောင်း၊ မြက်ပင်ပေါ်ကျသော မိုးပေါက်ကဲ့သို့လည်းကောင်း ရှိနေလိမ့်မည်။
ကြွင်းကျန်သောယာကုပ်အမျိုးတို့သည် တောတိရစ္ဆာန်တို့အလယ်မှ ခြင်္သေ့ကဲ့သို့လည်းကောင်း၊ သိုးအုပ်တို့အလယ်မှ ခြင်္သေ့ပျိုကဲ့သို့လည်းကောင်း လူမျိုးခြားတို့အလယ်၊ လူများစွာတို့ကြားတွင် ရှိနေလိမ့်မည်။ ထိုခြင်္သေ့တို့သည် သွားလာ၍ မည်သူမျှမကယ်နိုင်အောင် စားသောက်ကိုက်ဖြတ်တတ်၏။
စားကျက်မြေကောင်းသည့်တောမြိုင်အလယ်တွင် သီးသန့်နေသော ကိုယ်တော်၏အမွေတော်သိုးစုဖြစ်သည့် ကိုယ်တော်၏လူမျိုးတော်ကို တောင်ဝှေးတော်ဖြင့် ထိန်းကျောင်းတော်မူပါ။ ရှေးယခင် ဗာရှန်ပြည်၊ ဂိလဒ်ပြည်မှာကဲ့သို့ သူတို့ကို ကျွေးမွေးတော်မူပါ။
ကိုယ်တော်နှင့်တူသောဘုရားရှိပါသလော။ ကိုယ်တော်သည် အပြစ်လွှတ်တော်မူသောဘုရား၊ ကြွင်းကျန်သောအမွေတော်တို့ကျူးလွန်သောအပြစ်ကို ခွင့်လွှတ်တော်မူသောဘုရား၊ အမျက်တော်ကိုသိုမထား မေတ္တာကရုဏာအစဉ်ပြတော်မူသောဘုရား ဖြစ်တော်မူ၏။
ထိုအချိန်၌ သင်တို့ကို ငါဆောင်ခဲ့မည်။ ထိုအချိန်၌ သင်တို့ကို ငါစုစည်းမည်။ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောသူတို့ကို သင်တို့ရှေ့သို့ ပြန်လာစေမည်။ ကမ္ဘာလောကသားတို့အလယ်တွင် သင်တို့ကို ငါချီးမြှောက်၍ ဂုဏ်သရေရှိစေမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။