ဟေရှာယ 34:6 - မြန်မာ့စံမီသမ္မာကျမ်း6 ထာဝရဘုရား၏ဓားတော်သည် သွေးနှင့်ဝပြီ၊ အဆီနှင့်အီပြီ။ သိုးသငယ်နှင့်ဆိတ်ထီးတို့၏သွေး၊ သိုးထီးတို့၏ကျောက်ကပ်အဆီတို့နှင့် ဝအီလေပြီ။ အကြောင်းမူကား ထာဝရဘုရားသည် ဗောဇရမြို့၌ ယဇ်ပူဇော်ပွဲ၊ ဧဒုံပြည်၌ ကြီးမားသောသားသတ်ပွဲ ကျင်းပတော်မူပြီ။ အခန်းကိုကြည့်ပါ။Common Language Bible6 ကိုယ်တော်၏ဋ္ဌားတော်သည်ယဇ်ပူဇော်ရာ သိုးဆိတ်တို့၏အသွေးအဆီဖြင့်ဝလျက် နေသကဲ့သို့ ထိုသူတို့၏အသွေးအဆီများ နှင့်ဝလျက်နေလိမ့်မည်။ ထာဝရဘုရား သည်ဤယဇ်ပူဇော်ပွဲကိုဗောဇရမြို့တွင် ကျင်းပတော်မူလိမ့်မည်။ ဤလူသတ်ပွဲ ကြီးကိုဧဒုံပြည်တွင်ဖြစ်ပွားစေတော် မူလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible6 ထာ ဝ ရ ဘု ရား သည် ဗော ဇ မြို့၌ ယဇ် ပွဲ၊ ဧ ဒုံ ပြည်၌ ပြင်း ထန် သော လုပ် ကြံ ပွဲ ကို ခံ တော် မူ ရ သည့် အ လျောက်၊ သိုး ဆိတ် များ သွေး နှင့် လည်း ကောင်း၊ သိုး ထီး များ ကျောက် ကပ် ဆီ ဥ နှင့် လည်း ကောင်း ဆီ သုတ် လျက် အ သွေး ပြည့် ဝ သော ဓား တစ် စင်း ရှိ တော် မူ၍၊ အခန်းကိုကြည့်ပါ။Judson Bible6 ထာဝရဘုရား၏ဓားတော်သည် အသွေးနှင့်ဝပြီ။ ဆီဥနှင့် ဆူပြီ။ သိုးသငယ်နှင့် ဆိတ်တို့၏ အသွေး၊ သိုးထီးတို့၏ ကျောက်ကပ် ဆီဥနှင့် ဆူဝပြီ။ ထာဝရဘုရားသည် ဗောဇရမြို့၌ ယဇ်ပွဲကိုလည်းကောင်း၊ ဧဒုံပြည်၌ ကြီးစွာသော သတ်ခြင်းပွဲကိုလည်းကောင်း ခံတော်မူ၏။ အခန်းကိုကြည့်ပါ။ |