သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ မြစ်ဝှမ်းတစ်ဝှမ်းလုံးကို အပေါ်စီးမှကြည့်လေရာ ထိုအရပ်မှမီးခိုးသည် မီးပြင်းဖိုမှမီးခိုးကဲ့သို့ တက်နေသည်ကိုမြင်လေ၏။
မာလခိ 3:2 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော် ကြွလာမည့်နေ့တွင် မည်သူသည် ခံရပ်နိုင်မည်နည်း။ ကိုယ်တော်ပေါ်ထွန်းတော်မူသောအခါ မည်သူသည် ရပ်တည်နိုင်မည်နည်း။ ကိုယ်တော်သည် ငွေကိုချွတ်သောမီး၊ အဝတ်ဖွတ်သောဆပ်ပြာ နှင့်တူ၏။ Common Language Bible သို့ရာတွင်အဘယ်သူသည်ကိုယ်တော်ရှင်ကြွ လာတော်မူမည့်နေ့ရက်ကာလကိုတိမ်းရှောင် နိုင်ပါမည်နည်း။ ကိုယ်တော်ရှင်ပေါ်ထွန်းတော် မူရာကာလ၌အဘယ်သူသည်ကျန်ရစ်လိမ့် မည်နည်း။ ကိုယ်တော်သည်အစွမ်းထက်သည့် ဆပ်ပြာနှင့်လည်းကောင်း၊ သတ္တုချွတ်သည့် မီးနှင့်လည်းကောင်းတူလိမ့်မည်။- Garrad Bible ကြွ ရောက် မည့် နေ့ ကို ခံ ရပ် သူ၊ ပေါ် ထွန်း သော ကာ လ၌ ရပ် တန့် သူ ကား၊ မည် သူ နည်း။ ချွတ် သော မီး၊ လျှော် သော ဆပ် ပြာ သ ဖွယ် ဖြစ် သော ကိုယ် တော် သည်၊ ငွေ ချွတ် ၍ လှော် သူ အ ဖြစ် ထိုင် နေ လျက်၊ Judson Bible လာတော်မူသောနေ့ရက်ကို အဘယ်သူသည် မတိမ်းမရှောင်ဘဲ နေလိမ့်မည်နည်း။ ပေါ်ထွန်းတော်မူသောအခါ အဘယ်သူသည် ခံရပ်လိမ့်မည်နည်း။ ထိုသခင်သည် ငွေစစ်သောသူ၏မီး၊ ခဝါသည်သုံးသော ဆပ်ပြာကဲ့သို့ ဖြစ်တော်မူမည်။ |
သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ မြစ်ဝှမ်းတစ်ဝှမ်းလုံးကို အပေါ်စီးမှကြည့်လေရာ ထိုအရပ်မှမီးခိုးသည် မီးပြင်းဖိုမှမီးခိုးကဲ့သို့ တက်နေသည်ကိုမြင်လေ၏။
အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဒုစရိုက်များကို မှတ်ထားတော်မူလျှင် မည်သူသည်ခံရပ်နိုင်ပါမည်နည်း။
ထာဝရဘုရား၏ပြဋ္ဌာန်းချက်ကို ငါပြောကြားမည်။ ကိုယ်တော်က “သင်သည် ငါ၏သားဖြစ်၏။ ယနေ့ပင် သင့်ကိုငါဖွားမြင်စေပြီ။
ကိုယ်တော်တစ်ပါးတည်းသာလျှင် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏။ ကိုယ်တော်အမျက်ထွက်တော်မူသောအခါ မည်သူသည် ကိုယ်တော်၏ရှေ့တွင် ရပ်နေနိုင်ပါမည်နည်း။
ငွေထဲမှ ချော်ကိုဖယ်ထုတ်လျှင် ပန်းထိမ်သမားအတွက် အသုံးအဆောင်ပစ္စည်းထွက်လာမည်။
ထာဝရဘုရားက “ယခု လာကြ။ အတူတကွအချေအတင်ဆွေးနွေးကြစို့။ သင်တို့အပြစ်သည် အနီရောင်ကဲ့သို့ဖြစ်သော်လည်း နှင်းပွင့်ကဲ့သို့ဖြူလိမ့်မည်။ ကြက်သွေးရောင်ကဲ့သို့ဖြစ်သော်လည်း သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။
ဇိအုန်မြို့ရှိအပြစ်သားတို့သည် ကြောက်ရွံ့ကြလေပြီ။ ထိတ်လန့်တုန်လှုပ်ခြင်းသည် ဘုရားတရားမဲ့သူတို့ကို လွှမ်းမိုးလေပြီ။ သူတို့က “ငါတို့တွင် မည်သူသည် တောက်လောင်သောမီးထဲ၌ နေနိုင်သနည်း။ ငါတို့တွင် မည်သူသည် ထာဝရမီးတောက်ထဲ၌ နေနိုင်သနည်း”ဟု ဆိုကြ၏။
ဘုရားရှင်သည် တရားစီရင်ခြင်းဝိညာဉ်၊ လောင်ကျွမ်းခြင်းဝိညာဉ်တို့ဖြင့် ဇိအုန်သမီးတို့၏အညစ်အကြေးကိုဆေးကြော၍ ဂျေရုဆလင်မြို့ထဲမှ သွေးတို့ကို သန့်စင်စေတော်မူမည်။
သင်သည် သင့်ကိုယ်သင် ပြာရည်နှင့် မည်မျှဆေးကြောသည်ဖြစ်စေ၊ ဆပ်ပြာမည်မျှသုံးသည်ဖြစ်စေ သင်၏ဒုစရိုက်သည် ငါ့ရှေ့၌ စွန်းထင်းလျက်ရှိသည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
သင့်ကို ဒဏ်ခတ်သောအခါ သင်ခံရပ်နိုင်မည်လော။ သင့်လက်တို့ အားကြီးနိုင်မည်လော။ ငါထာဝရဘုရားသည် မိန့်ဆိုသည့်အတိုင်း ပြုမည်။
သတ်မှတ်ထားသောကာလ မရောက်သေးသည်ဖြစ်၍ ပညာရှိအချို့တို့သည် အပြစ်ကင်းစင်ပြီး သန့်ရှင်းစင်ကြယ်ဖို့ နောက်ဆုံးသောကာလအထိ လှဲချခြင်းခံရလိမ့်မည်။
ထာဝရဘုရားသည် မိမိတပ်တော်ရှေ့တွင် ကျယ်လောင်သောအသံဖြင့် အမိန့်ပေးတော်မူ၏။ အကြောင်းမှာ တပ်တော်သည် အလွန်ကြီးမား၏။ အမိန့်တော်အတိုင်း လုပ်ဆောင်သောသူသည်လည်း ခွန်အားကြီး၏။ ထာဝရဘုရား၏နေ့ရက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသောနေ့ကြီးဖြစ်၍ မည်သူခံရပ်နိုင်မည်နည်း။
ကိုယ်တော်၏အမျက်တော်ရှေ့၌ မည်သူရပ်နိုင်မည်နည်း။ ကိုယ်တော်၏ပြင်းစွာသောအမျက်တော်ကို မည်သူကြံ့ကြံ့ခံနိုင်မည်နည်း။ အမျက်တော်ကို မီးကဲ့သို့သွန်ချတော်မူလျှင် ရှေ့တော်၌ ကျောက်ဆောင်များ ပြိုကျကုန်ပါ၏။
ငါသည် ထိုသုံးပုံတစ်ပုံကို မီးထဲသို့ထည့်၍ ငွေကိုသန့်စင်သကဲ့သို့ သန့်စင်မည်။ ရွှေကိုစစ်သကဲ့သို့ စစ်မည်။ သူတို့သည် ငါ့နာမကိုခေါ်သောအခါ ငါထူးမည်။ ‘သူတို့သည် ငါ့လူမျိုးတော်ဖြစ်ကြ၏’ဟု ငါဆိုမည်။ သူတို့ကလည်း ‘ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ၏’ဟူ၍ လျှောက်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
“ကြည့်ရှုလော့။ မီးဖိုမှမီးတောက်လောင်သကဲ့သို့ မီးတောက်လောင်သောနေ့ရက်ရောက်လာ၍ မာနထောင်လွှားသောသူအပေါင်းတို့နှင့် ဆိုးယုတ်သောသူအပေါင်းတို့သည် ရိုးပြတ်ကဲ့သို့ လောင်ကျွမ်းခြင်းခံရမည်။ ရောက်လာမည့်ထိုနေ့ရက်သည် သူတို့ကို အကိုင်းအခက်မှစ၍ အမြစ်ပါမကျန် လောင်ကျွမ်းလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သူတို့သွား၍ ဝယ်နေကြစဉ် သတို့သားရောက်လာသဖြင့် အသင့်ရှိနေသောသူတို့သည် သတို့သားနှင့်အတူ မင်္ဂလာဆောင်ပွဲသို့ဝင်ကြ၏။ ထိုအခါ တံခါးကိုပိတ်ကြ၏။
ဝတ်ရုံတော်သည် ကမ္ဘာမြေကြီးပေါ်ရှိ မည်သည့်ခဝါသည်မျှ ထိုကဲ့သို့ဖြူဖွေးစေရန် မဖွပ်နိုင်လောက်အောင် အလွန်ဖြူဖွေးတောက်ပလာလေ၏။
ထို့နောက် ရှိမောင်သည် သူတို့ကိုကောင်းချီးပေး၍ မယ်တော်မာရိအား “ဤသူငယ်သည် အစ္စရေးလူမျိုးထဲမှ လူများစွာတို့ကို လဲစေသည့်အကြောင်းနှင့် ထစေသည့်အကြောင်းဖြစ်ပြီး ဆန့်ကျင်ပြောဆိုခြင်းခံရမည့်အမှတ်လက္ခဏာဖြစ်ရန် ခန့်အပ်ထားခြင်းခံရ၏။
ထို့ကြောင့် သင်တို့သည် ဖြစ်ပျက်တော့မည့် ဤအမှုခပ်သိမ်းတို့မှ လွတ်မြောက်၍ လူ့သား၏ရှေ့တော်၌ မတ်တတ်ရပ်နိုင်ရန် အချိန်ရှိသရွေ့ နိုးနိုးကြားကြားရှိလျက် ဆုတောင်းကြလော့”ဟု မိန့်တော်မူ၏။
မိမိ၏ကောက်နယ်တလင်းကိုလည်း အကုန်အစင်ရှင်းလင်းပြီး ဂျုံဆန်ကို မိမိ၏ကျီ၌စုသိမ်းရန် လက်တော်၌ ဆန်ကောကိုကိုင်ထားတော်မူ၏။ အဖျင်းကိုကား မငြိမ်းနိုင်သောမီးဖြင့် ရှို့တော်မူလိမ့်မည်”ဟု လူအပေါင်းတို့အားပြန်ပြောလေ၏။
ပုဆိန်ကိုလည်း သစ်ပင်တို့၏အမြစ်နားတွင် ချထားပြီဖြစ်၍ ကောင်းသောအသီးကိုမသီးသောအပင်တိုင်းသည် ခုတ်လှဲခြင်းခံရ၍ မီးထဲသို့ပစ်ချခြင်းခံရလိမ့်မည်”ဟု ဆိုလေ၏။
သူ့ကိုမသိကြ။ ငါမူကား သိ၏။ ထိုအရှင်ကို ငါမသိဟုဆိုလျှင် ငါသည် သင်တို့ကဲ့သို့လိမ်လည်သောသူဖြစ်လိမ့်မည်။ သို့ရာတွင် ငါသည် ထိုအရှင်ကိုသိ၍ သူ၏စကားကိုလိုက်နာစောင့်ထိန်း၏။
သင်တို့သည် မိန့်တော်မူသောအရှင်ကို မငြင်းပယ်မိစေရန် သတိပြုကြလော့။ အကြောင်းမူကား မြေကြီးပေါ်တွင် ဗျာဒိတ်တော်ပေးသောသူကို ငြင်းပယ်သောသူတို့သည် အပြစ်ဒဏ်မှမလွတ်ပါက ကောင်းကင်ဘုံမှဗျာဒိတ်တော်ပေးသောသူကို ငါတို့ငြင်းပယ်လျှင် ပို၍ပင် လွတ်စရာအကြောင်းမရှိ။
ထိုသတို့သမီးသည် စင်ကြယ်တောက်ပသောပိတ်ချောထည်ကို ဝတ်ဆင်ခွင့်ရရှိ၏။ ထိုပိတ်ချောထည်ကား သန့်ရှင်းသူတို့၏ဖြောင့်မတ်သောအကျင့်ဖြစ်၏”ဟု ဆိုသည်ကို ငါကြားရ၏။
သူ၏သားသမီးတို့ကိုလည်း သေဘေးဖြင့် ငါအဆုံးစီရင်မည်။ ထိုအခါ ငါသည် စိတ်နှလုံးနှင့် အတွင်းသဘောကို စူးစမ်းသောသူဖြစ်ကြောင်း အသင်းတော်အားလုံးသိရကြလိမ့်မည်။ သင်တို့အသီးသီးကိုလည်း မိမိတို့ပြုသောအမှုများနှင့်အညီ အကျိုးအပြစ်ကို ငါပေးမည်။
အကြောင်းမူကား အမျက်တော်ထင်ရှားရာနေ့ရက်ကြီးကျရောက်လာပြီဖြစ်၍ မည်သူသည် ခံရပ်နိုင်မည်နည်း”ဟု ပြောဆိုကြ၏။
ငါကလည်း “သခင်၊ ကိုယ်တော်သိပါ၏”ဟု ပြန်လျှောက်လျှင် ထိုသူက “ဤသူတို့သည် ကြီးစွာသောဆင်းရဲဒုက္ခထဲမှ ထွက်လာသောသူများဖြစ်ကြ၏။ သူတို့သည် မိမိတို့၏ဝတ်လုံများကို သိုးသငယ်တော်၏သွေးတော်အားဖြင့် လျှော်ဖွပ်လျက် ဖြူဖွေးစေကြ၏။
ဗက်ရှေမက်မြို့သားတို့က “ဤသန့်ရှင်းသောဘုရားသခင် ထာဝရဘုရားရှေ့တော်တွင် မည်သူခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်သည် ငါတို့ထဲမှ မည်သူ့ထံသို့ ကြွတော်မူပါမည်နည်း”ဟု ပြောဆိုကြ၏။