သို့သော် ဟာမန်သည် စိတ်ကိုထိန်း၍ အိမ်သို့ရောက်ပြီးမှ မိမိဇနီးဇေရက်နှင့် မိမိမိတ်ဆွေတို့ကို လူလွှတ်ခေါ်စေ၏။
မာလခိ 3:15 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ယခုမှာ အကျွန်ုပ်တို့သည် မာနထောင်လွှားသောသူကို မင်္ဂလာရှိသောသူဟု မှတ်ယူ၏။ အကယ်စင်စစ် ဆိုးယုတ်သောသူတို့သည် ကြီးပွားတိုးတက်၏။ ဘုရားသခင်ကို စမ်းသပ်သောသူတို့သည်လည်း ဘေးဒုက္ခမရောက်”ဟု ဆိုကြပြီ။ Common Language Bible ငါတို့တွေ့မြင်ရကြသည့်အတိုင်းမာန်မာန ကြီးသူများသည်မင်္ဂလာရှိကြ၏။ သူယုတ်မာ တို့သည်ကောင်းစားကြ၏။ ထိုမျှမကသူတို့ သည်ဘုရားသခင်၏ခန္တီပါရမီတော်ကို အကဲစမ်းကြသော်လည်းအဘယ်ဒုက္ခနှင့် မျှမတွေ့ရကြ' ဟုဆိုကြ၏'' ဟုမိန့်တော် မူ၏။ Garrad Bible ယ ခု ကာ လ၊ ငါ တို့ သည်၊ မာ န ကြီး သူ တို့ ကို ချီး မွမ်း ရ သည့် ပြင်၊ ဆိုး သွမ်း စွာ ပြု ကျင့် သူ တို့ လည်း၊ တည် တံ့ ခွင့် ရ၍၊ ဘု ရား သ ခင် ကို စုံ စမ်း လျက် ပင် ဘေး လွတ် ရ ကြ သည် တ ကား ဟု၊ သင် တို့ ဆို ခြင်း ဖြင့် တည်း။ Judson Bible မာနထောင်လွှားသောသူတို့ကို မင်္ဂလာရှိသောသူဟူ၍ ငါတို့သည် ခေါ်ဝေါ်ကြ၏။ အကယ်စင်စစ် ဒုစရိုက်ကို ပြုသောသူတို့သည် အောင်တတ်ကြ၏။ အကယ်စင်စစ် ဘုရားသခင်ကိုစုံစမ်းသော်လည်း ချမ်းသာရတတ်ကြ၏ဟု သင်တို့သည် ပြောကြပြီ။ |
သို့သော် ဟာမန်သည် စိတ်ကိုထိန်း၍ အိမ်သို့ရောက်ပြီးမှ မိမိဇနီးဇေရက်နှင့် မိမိမိတ်ဆွေတို့ကို လူလွှတ်ခေါ်စေ၏။
ယောဘသည် ထိုအမှုအရာများကြောင့် အပြစ်မပြု၊ ဘုရားသခင်ကိုလည်း အပြစ်မတင်ဘဲနေ၏။
ဓားပြတို့၏တဲသည် အေးချမ်းလျက်ရှိ၏။ ကိုယ့်လက်ဖြင့် ဘုရားကိုလုပ်၍ ဘုရားသခင်၏အမျက်တော်ကိုနှိုးဆွသောသူတို့သည် ဘေးကင်းလုံခြုံလျက်ရှိ၏။
အကယ်စင်စစ် ဘေးဒုက္ခရောက်သောနေ့တွင် မကောင်းမှုပြုသောသူသည် လွတ်မြောက်ရတတ်၏။ အမျက်တော်နေ့တွင် ကယ်တင်ခံရတတ်၏။
အနန္တတန်ခိုးရှင်ထံပြန်လာလျှင် သင့်ကို ပြန်တည်ဆောက်တော်မူမည်။ မတရားမှုများကို သင့်တဲများနှင့် ဝေးကွာစေ၍
အကြောင်းမူကား ဆိုးယုတ်သောသူသည် မိမိစိတ်ဝိညာဉ်၏အလိုဆန္ဒများ၌ ဂုဏ်ယူဝါကြွား၍ လောဘကြီးသောသူသည် ထာဝရဘုရားကိုကျိန်ဆဲလျက် မထီလေးစားပြု၏။
သူတို့သည် တောကန္တာရ၌ အလိုဆန္ဒပြင်းပြကြ၍ ကန္တာရမြေ၌ ဘုရားသခင်ကိုစမ်းသပ်ခဲ့ကြ၏။
အပြစ်ဒုစရိုက်ပြုသောသူတို့နှင့်အတူ ဆိုးယုတ်သောအမှုတို့ကိုပြုစေရန် အကျွန်ုပ်၏စိတ်နှလုံးကို မကောင်းမှုဘက်သို့တိမ်းညွတ်စေတော်မမူပါနှင့်။ ထိုသူတို့၏စားကောင်းသောက်ဖွယ်များကိုလည်း အကျွန်ုပ်မစားရပါစေနှင့်။
သူသည် အသက်ရှင်နေစဉ် မိမိကိုယ်ကိုကောင်းချီးပေးတတ်၏။ သင်သည် မိမိအတွက် ကောင်းသောအမှုကိုပြုသည့်အခါလည်း လူတို့သည် သင့်ကိုချီးမွမ်းတတ်ကြ၏။
သင်တို့သည် ထိုသို့မပြုဘဲ မတရားမှုများကို စိတ်နှလုံးထဲ၌ ကျင့်ကြံ၍ သင်တို့လက်၏ရက်စက်ကြမ်းကြုတ်မှုကို ကမ္ဘာမြေကြီးပေါ်တွင် ချိန်တွယ်ဖြန့်ဝေကြ၏။
ကြည့်ရှုလော့။ ဤသည်ကား အစဉ်အမြဲအေးချမ်းစွာနေရသည့် ဆိုးယုတ်သောသူတို့ပေတည်း။ သူတို့သည် ဥစ္စာပစ္စည်းတိုးပွားတတ်ကြ၏။
အကြောင်းမူကား ဆိုးယုတ်သောသူတို့ကောင်းစားကြသည်ကိုငါမြင်၍ ဝါကြွားတတ်သောသူတို့ကို ငါငြူစူမိသောကြောင့်ဖြစ်၏။
မိမိတို့အလိုရှိသောအစားအစာကိုလည်း တောင်းဆိုခြင်းအားဖြင့် သူတို့၏စိတ်နှလုံးထဲ၌ ဘုရားသခင်ကိုစမ်းသပ်ကြ၏။
သူတို့သည် ဘုရားသခင်ကိုအကြိမ်ကြိမ်စမ်းသပ်လျက် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၏စိတ်တော်ကို ဆွကြ၏။
သို့သော် သူတို့သည် အမြင့်ဆုံးသောဘုရားသခင်ကို အကဲစမ်း၍ပုန်ကန်ကြ၏။ ကိုယ်တော်၏သက်သေခံချက်တို့ကိုလည်း မစောင့်ထိန်းဘဲ
ထိုအရပ်တွင် သင်တို့ဘိုးဘေးများသည် ငါပြုသော အမှုကို မြင်လျက်ပင် ငါ့ကိုစမ်းသပ်၍စစ်ဆေးခဲ့ကြ၏။
ဆိုးယုတ်သောသူသည် မကောင်းမှုပြုသောသူတို့ သုံးသောထောင်ပိုက်ကို တပ်မက်ကြ၏။ ဖြောင့်မတ်သောသူတို့၏အမြစ်မူကား ရှင်သန်သီးပွင့်လိမ့်မည်။
ကမ္ဘာမြေကြီးပေါ်တွင်ဖြစ်တတ်သည့် အချည်းနှီးသောအမှုတစ်ခုရှိ၏။ ၎င်းမှာ ဆိုးယုတ်သောသူတို့ခံထိုက်သောဆိုးကျိုးကို ခံရသည့်ဖြောင့်မတ်သောသူများရှိသကဲ့သို့ ဖြောင့်မတ်သောသူတို့ခံထိုက်သောကောင်းကျိုးကို ခံရသည့်ဆိုးယုတ်သောသူများလည်းရှိကြသည်ဟူ၍ဖြစ်၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်သည်ဟု ငါဆို၏။
နှာခေါင်းနှင့်အသက်ရှူတတ်သောလူကို မကိုးစားနှင့်။ ထိုသို့သောသူ၌ အဘယ်အားထားစရာရှိသနည်း။
ငါ့နာမဖြင့်ခေါ်ဝေါ်သမုတ်သော ဤအိမ်တော်တွင် ငါ့ရှေ့၌ လာ၍ရပ်ပြီးလျှင် ‘ငါတို့အပြစ်လွတ်ပြီ။ ဤစက်ဆုပ်ရွံရှာဖွယ်အားလုံးကို ဆက်လက်ပြုနိုင်ပြီ’ဟု သင်တို့ဆိုကြမည်လော။
“ဤဘေဘီလုံမြို့ကြီးသည် ငါ၏ခန့်ညားသောဂုဏ်သရေကို ထင်ဟပ်ပြရာ မင်းမြို့တော်အဖြစ် ငါ့အစွမ်းသတ္တိ၊ ငါ့တန်ခိုးအာဏာဖြင့် တည်ဆောက်ခဲ့သောမြို့ကြီးဖြစ်သည် မဟုတ်လော”ဟု မြွက်ဆို၏။
ယခုတွင် ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရင်ကို ချီးမွမ်းထောမနာပြုပါ၏၊ ချီးမြှောက်ပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုသည် သစ္စာတော်နှင့်ပြည့်စုံတော်မူပါ၏။ ကိုယ်တော်၏နည်းလမ်းတော်တို့သည် တရားမျှတတော်မူ၏။ ကိုယ်တော်သည် မာနထောင်လွှားသောသူတို့ကို နှိမ့်ချနိုင်စွမ်းရှိတော်မူပါ၏။
ထို့ကြောင့် ရှင်ဘုရင်အမိန့်ပေး၍ သူတို့သည်လည်း ဒံယေလကို ခေါ်လာကြပြီး ခြင်္သေ့တွင်းထဲသို့ ပစ်ချလိုက်လေ၏။ ရှင်ဘုရင်ကလည်း ဒံယေလအား “သင် အမြဲကိုးကွယ်သောသင်၏ဘုရားသခင်သည် သင့်ကိုကယ်တင်တော်မူပါစေသော”ဟု မိန့်ဆို၏။
သင်တို့သည် သင်တို့၏စကားများဖြင့် ထာဝရဘုရားကို ပင်ပန်းစေကြ၏။ သို့သော် သင်တို့က “ကိုယ်တော်ကို အကျွန်ုပ်တို့ မည်သို့ပင်ပန်းစေသနည်း”ဟု မေးတတ်ကြ၏။ “မကောင်းမှုကိုပြုသောသူအားလုံး ထာဝရဘုရားရှေ့တော်၌ လူကောင်းဖြစ်၏။ ကိုယ်တော်သည် ထိုသို့သောသူတို့ကို နှစ်သက်တော်မူ၏”ဟု သင်တို့ဆိုရုံသာမက “တရားမျှတသောဘုရားသခင် အဘယ်မှာရှိသနည်း”ဟု သင်တို့ဆိုတတ်ကြပြီတကား။
“ကြည့်ရှုလော့။ မီးဖိုမှမီးတောက်လောင်သကဲ့သို့ မီးတောက်လောင်သောနေ့ရက်ရောက်လာ၍ မာနထောင်လွှားသောသူအပေါင်းတို့နှင့် ဆိုးယုတ်သောသူအပေါင်းတို့သည် ရိုးပြတ်ကဲ့သို့ လောင်ကျွမ်းခြင်းခံရမည်။ ရောက်လာမည့်ထိုနေ့ရက်သည် သူတို့ကို အကိုင်းအခက်မှစ၍ အမြစ်ပါမကျန် လောင်ကျွမ်းလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ဟေရုဒ်မင်းသည် ချိန်းဆိုထားသောနေ့၌ မင်းဝတ်တန်ဆာများကိုဝတ်ဆင်လျက် ပလ္လင်တော်ပေါ်တွင်ထိုင်ကာ ထိုသူတို့အား မိန့်ခွန်းမြွက်ကြားလေ၏။
ပေတရုကလည်း “သင်တို့သည် အဘယ်ကြောင့် သဘောတူလျက် ထာဝရဘုရား၏ဝိညာဉ်တော်ကိုစမ်းသပ်ကြသနည်း။ ကြည့်ရှုလော့။ သင်၏ခင်ပွန်းကို သင်္ဂြိုဟ်ခဲ့သောသူတို့၏ခြေလှမ်းများသည် တံခါးနားသို့ရောက်နေကြပြီ။ သူတို့သည် သင့်ကိုလည်း သယ်ဆောင်သွားကြလိမ့်မည်”ဟု ဆိုလေ၏။
သူတို့ထဲမှ အချို့တို့သည် အကဲစမ်းသကဲ့သို့ ငါတို့သည် ခရစ်တော်ကို အကဲမစမ်းဘဲ နေကြကုန်စို့။ ထိုသို့အကဲစမ်းသောသူတို့သည် မြွေများအားဖြင့် ဖျက်ဆီးခြင်းခံရကြ၏။
ထိုအရပ်တွင် သင်တို့ဘိုးဘေးများသည် ငါ့ကိုစမ်းသပ်လျက် စစ်ဆေးကြကာ အနှစ်လေးဆယ်အတွင်း ငါပြုသောအမှုများကို တွေ့မြင်ခဲ့ကြ၏။
ထိုနည်းတူ ငယ်ရွယ်သောသူတို့၊ အသင်းတော်အကြီးအကဲများကို နာခံကြလော့။ သင်တို့အားလုံး တစ်ယောက်အောက်တစ်ယောက် နှိမ့်ချခြင်းတန်ဆာကို ဆင်ယင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မာနထောင်လွှားသောသူတို့ကို ဆန့်ကျင်၍ နှိမ့်ချသောသူတို့အား ကျေးဇူးတော်ကိုခံစားစေတော်မူ၏။