အို အကျွန်ုပ်၏ဘုရားသခင်၊ သူတို့သည် ယဇ်ပုရောဟိတ်အရိုက်အရာကို ရှုတ်ချ၍ ယဇ်ပုရောဟိတ်အရိုက်အရာနှင့် လေဝိအမျိုးတို့၏ပဋိညာဉ်ကို ဖောက်ဖျက်သောကြောင့် သူတို့ကို မှတ်တော်မူပါ။
မာလခိ 2:10 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့အားလုံး၌ ဖခင်တစ်ဦးတည်း ရှိသည်မဟုတ်လော။ ငါတို့ကို ဖန်ဆင်းတော်မူသောဘုရားသခင် တစ်ပါးတည်း ရှိသည်မဟုတ်လော။ ငါတို့သည် အဘယ်ကြောင့် ငါတို့ဘိုးဘေးတို့နှင့်ဖွဲ့တော်မူသောပဋိညာဉ်ကို ချိုးဖောက်ပြီး တစ်ယောက်ကိုတစ်ယောက်သစ္စာဖောက်ကြမည်နည်း။ Common Language Bible ငါတို့အားလုံး၌ဖခင်တစ်ဦးတည်ရှိသည် မဟုတ်ပါလော။ ဤဘုရားသခင်တစ်ပါးတည်း ပင်လျှင် ငါတို့အားဖန်ဆင်းတော်မူသည်မ ဟုတ်ပါလော။ သို့ဖြစ်ပါမူငါတို့သည်အဘယ် ကြောင့် မိမိတို့အချင်းချင်းထားရှိသည့်သစ္စာ ကတိကိုဖျက်ကြပါသနည်း။ အဘယ်ကြောင့် ငါတို့ဘိုးဘေးများနှင့်ဘုရားသခင်ပြု တော်မူခဲ့သည့်ပဋိညာဉ်တော်ကိုမထီမဲ့ မြင်ပြုကြပါသနည်း။- Garrad Bible ခပ် သိမ်း သော ငါ တို့၌၊ အ ဘ တစ် ပါး တည်း ရှိ သည် မ ဟုတ် လော။ ဘု ရား သ ခင် တစ် ဆူ တည်း သာ၊ ငါ တို့ ကို ဖန် ဆင်း တော် မူ ပြီ မ ဟုတ် လော။ ထို သို့ မှန် လျှင်၊ ဘိုး ဘေး တို့ ပ ဋိ ညာဉ် ကို ဖောက် ကျော် လျက်၊ အ ချင်း ချင်း သ စ္စာ ဖျက် ကြ သည် မှာ၊ အ သို့ နည်း။ Judson Bible ခပ်သိမ်းသောငါတို့၌ တစ်ပါးတည်းသောအဘ ရှိသည်မဟုတ်လော။ တစ်ပါးတည်းသော ဘုရားသခင်သည် ငါတို့ကို ဖန်ဆင်းတော်မူသည် မဟုတ်လော။ ဘိုးဘေးတို့နှင့် ဖွဲ့တော်မူသော ပဋိညာဉ်ကိုရှုတ်ချ၍၊ ငါတို့သည် အဘယ်ကြောင့် တစ်ယောက်ကိုတစ်ယောက် သစ္စာဖျက်ကြသနည်း။ |
အို အကျွန်ုပ်၏ဘုရားသခင်၊ သူတို့သည် ယဇ်ပုရောဟိတ်အရိုက်အရာကို ရှုတ်ချ၍ ယဇ်ပုရောဟိတ်အရိုက်အရာနှင့် လေဝိအမျိုးတို့၏ပဋိညာဉ်ကို ဖောက်ဖျက်သောကြောင့် သူတို့ကို မှတ်တော်မူပါ။
ငါ့ကို အမိဝမ်းထဲ၌ ဖန်ဆင်းတော်မူသောအရှင်သည် သူတို့ကိုလည်း ဖန်ဆင်းတော်မူသည်မဟုတ်လော။ ငါတို့ကို အမိဝမ်းထဲ၌ ဖန်ဆင်းတော်မူသောအရှင်သည် တစ်ပါးတည်းဖြစ်တော်မူသည်မဟုတ်လော။
ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို သိမှတ်ကြလော့။ ကိုယ်တော်သည် ငါတို့ကို ဖန်ဆင်းတော်မူ၏။ ငါတို့သည်လည်း ကိုယ်တော်၏ပိုင်ဆိုင်ရာ၊ ကိုယ်တော်၏လူမျိုးတော်၊ ကိုယ်တော်၏စားကျက်မှ သိုးစုဖြစ်ကြ၏။
‘ငါသည် အီဂျစ်လူမျိုးတို့ကို စီရင်ခဲ့ပုံ၊ သင်တို့ကို လင်းယုန်၏တောင်ပံများပေါ်တင်၍ ငါ့ထံသို့ ခေါ်ဆောင်လာခဲ့ပုံတို့ကို သင်တို့ကိုယ်တိုင်သိမြင်ခဲ့ကြ၏။
ယခု သင်တို့သည် ငါ့စကားကိုသေချာစွာနားထောင်၍ ငါ၏ပဋိညာဉ်ကိုစောင့်ထိန်းလျှင် လူမျိုးတကာတို့တွင် သင်တို့သည် ငါပိုင်တော်မူရာဘဏ္ဍာတော်ဖြစ်ကြလိမ့်မည်။ အကယ်စင်စစ် ကမ္ဘာမြေတစ်ခွင်လုံးကို ငါပိုင်၏။
ထို့နောက် မောရှေသည် ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကိုလည်းကောင်း၊ ပညတ်တော်မူချက်အလုံးစုံတို့ကိုလည်းကောင်း လူတို့အား လာ၍ပြောကြား၏။ လူအပေါင်းတို့ကလည်း “ထာဝရဘုရားမိန့်တော်မူသမျှစကားအတိုင်း အကျွန်ုပ်တို့ပြုပါမည်”ဟု တစ်သံတည်းပြန်ပြောကြ၏။
ထို့နောက် ပဋိညာဉ်ကျမ်းကိုယူ၍ လူတို့ရှေ့၌ဖတ်ကြားလေ၏။ လူတို့ကလည်း “ထာဝရဘုရားမိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့ပြုပါမည်။ နားထောင်ပါမည်”ဟု ဆိုကြ၏။
အို ယာကုပ်အမျိုး၊ သင့်ကိုဖန်ဆင်းသောအရှင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ အို အစ္စရေးလူမျိုး၊ သင့်ကိုပုံဖော်ဖန်ဆင်းသောအရှင်ထာဝရဘုရားက “မကြောက်နှင့်။ သင့်ကို ငါရွေးနုတ်ပြီ။ သင့်ကို အမည်ဖြင့် ငါခေါ်ပြီ။ သင့်ကို ငါပိုင်ပြီ။
ငါထာဝရဘုရားသည် သင်တို့၏သန့်ရှင်းသောအရှင်၊ အစ္စရေးလူမျိုးကိုဖန်ဆင်းသောအရှင်၊ သင်တို့၏ရှင်ဘုရင်ဖြစ်၏”ဟု မိန့်တော်မူ၏။
သူတို့အားလုံးကို ငါ့နာမဖြင့် ငါခေါ်၏။ ငါ၏ဘုန်းအသရေအတွက် ငါဖန်ဆင်း၏။ ငါပုံဖော်ဖန်ဆင်း၍ ငါဖြစ်တည်စေ၏”ဟု မိန့်တော်မူ၏။
သင့်ကိုဖန်ဆင်းသောအရှင်၊ သင့်ကို ဝမ်းထဲကပင်ပုံဖော်ဖန်ဆင်းတော်မူ၍ သင့်ကိုကူညီမစသောထာဝရဘုရားက “ငါ့အစေအပါး ယာကုပ်၊ ငါရွေးချယ်သောယေရှုရုန်၊ မကြောက်နှင့်။
သင်တို့အဖ အာဗြဟံ၊ သင်တို့ကိုမွေးဖွားသောစာရာကို ကြည့်ကြလော့။ ငါခေါ်စဉ်က အာဗြဟံတစ်ဦးတည်းရှိ၏။ ငါသည် သူ့ကို ကောင်းချီးပေး၍ များပြားစေ၏။
ကိုယ်တော်သည် အကျွန်ုပ်တို့၏အဖဖြစ်တော်မူ၏။ အာဗြဟံသည် အကျွန်ုပ်တို့ကိုမသိ။ အစ္စရေးသည်လည်း အကျွန်ုပ်တို့ကိုအသိအမှတ်မပြု။ အို ထာဝရဘုရား၊ ကိုယ်တော်မူကား အကျွန်ုပ်တို့၏အဖဖြစ်တော်မူ၏။ ရှေးကာလကပင် ကိုယ်တော်၏နာမတော်သည် “အကျွန်ုပ်တို့ကိုရွေးနုတ်သောအရှင်” ဖြစ်၏။
ကိုယ်တော်သည် အကျွန်ုပ်တို့ထံမှ မျက်နှာတော်ကိုလွှဲ၍ ဒုစရိုက်လက်ထဲ၌ အကျွန်ုပ်တို့ကို နစ်မွန်းစေသဖြင့် ကိုယ်တော်၏နာမတော်ကိုခေါ်သောသူ၊ မိမိစိတ်ကို နှိုးဆော်၍ ကိုယ်တော်ကို ဖက်တွယ်သောသူတစ်ယောက်မျှမရှိ။
သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏အဖဖြစ်တော်မူ၏။ အကျွန်ုပ်တို့သည် မြေစေးဖြစ်၏။ ကိုယ်တော်သည် အိုးထိန်းဖြစ်တော်မူ၏။ အကျွန်ုပ်တို့အားလုံးသည် ကိုယ်တော်၏လက်တော်ဖြင့် ဖန်ဆင်းထားသောသူများ ဖြစ်ကြပါ၏။
သူတို့သည် ငိုကြွေးလျက် ပြန်လာကြလိမ့်မည်။ သူတို့ကို နှစ်သိမ့်လျက် ငါပြန်ခေါ်လာမည်။ သူတို့ကို စမ်းချောင်းနား၊ သူတို့ခလုတ်မတိုက်နိုင်သည့် ဖြောင့်ဖြူးသောလမ်းဖြင့် ငါပို့ဆောင်မည်။ ငါသည် အစ္စရေးလူမျိုး၏အဖဖြစ်၏။ ဧဖရိမ်အမျိုးသည် ငါ၏သားဦးဖြစ်၏”ဟု မိန့်တော်မူ၏။
“အချင်းလူသား၊ ပြိုပျက်နေသောအစ္စရေးပြည်တွင် နေထိုင်သူတို့က ‘အာဗြဟံတစ်ဦးတည်းပင် ထိုပြည်ကို အပိုင်ရသေးလျှင် လူအများဖြစ်သောငါတို့ကို သာ၍အပိုင်ပေးနိုင်၏’ဟု ဆိုတတ်ကြ၏။
အို နာမတော်ကိုမထီမဲ့မြင်ပြုသောယဇ်ပုရောဟိတ်တို့၊ သားသည် ဖခင်ကိုလည်းကောင်း၊ ကျွန်သည် သခင်ကိုလည်းကောင်း ရိုသေလေးစားတတ်၏။ ငါသည် ဖခင်ဆိုလျှင် ငါ့ကို မည်သူရိုသေလေးစားသနည်း။ ငါသည် သခင်ဆိုလျှင် ငါ့ကို မည်သူကြောက်ရွံ့သနည်းဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမေးတော်မူလျှင် သင်တို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ကို မည်သို့မထီမဲ့မြင်ပြုပါသနည်း’ဟု ပြန်မေးလျှောက်ကြ၏။
ယုဒအမျိုးသည် သစ္စာမရှိ။ အစ္စရေးပြည်တွင်လည်းကောင်း၊ ဂျေရုဆလင်မြို့တွင်လည်းကောင်း စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုကြလေပြီ။ အကယ်စင်စစ် ယုဒအမျိုးသည် တိုင်းတစ်ပါးဘုရားကိုကိုးကွယ်သောသမီးပျိုတို့နှင့် စုံဖက်ခြင်းဖြင့် ထာဝရဘုရားမြတ်နိုးတော်မူသောသန့်ရှင်းစင်ကြယ်ခြင်းကို ညစ်ညူးစေလေပြီ။
သို့သော် သင်တို့ လမ်းလွဲလေပြီ။ သင်တို့၏သွန်သင်ချက်များဖြင့် လူအများကို ခလုတ်တိုက်လဲကျစေပြီ။ လေဝိအမျိုးနှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို သင်တို့ ချိုးဖောက်လေပြီ”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ညီအစ်ကိုချင်း တစ်ဦးကတစ်ဦးကိုလည်းကောင်း၊ အဖသည် သားသမီးကိုလည်းကောင်း သေခြင်းသို့အပ်နှံကြလိမ့်မည်။ သားသမီးတို့သည်လည်း မိဘများကိုဆန့်ကျင်ပုန်ကန်၍ သူတို့ကို သေစေရန်ပြုကြလိမ့်မည်။
ထို့နောက် သူတို့၏တပည့်များကို ဟေရုဒ်၏လူများနှင့်အတူ အထံတော်သို့စေလွှတ်ကာ “ဆရာ၊ ဆရာသည် ဖြောင့်မှန်သောသူဖြစ်ပြီး ဘုရားသခင်၏တရားလမ်းကို သမ္မာတရားနှင့်အညီ သွန်သင်ကြောင်းကိုလည်းကောင်း၊ လူ့မျက်နှာကိုမထောက်သောကြောင့် မည်သူ့ကိုမျှ အားမနာကြောင်းကိုလည်းကောင်း အကျွန်ုပ်တို့သိကြပါ၏။
‘ငါတို့တွင် အဖအာဗြဟံရှိသည်’ဟူ၍ သင်တို့စိတ်ထဲ၌ပြောဆိုရန်ပင် မစဉ်းစားကြနှင့်။ သင်တို့အား ငါဆိုသည်ကား ဘုရားသခင်သည် အာဗြဟံအတွက်သားသမီးများကို ဤကျောက်ခဲတို့ထဲမှ ပေါ်ထွန်းစေနိုင်သည်။
သို့ဖြစ်၍ နောင်တနှင့်ထိုက်တန်သောအသီးကို သီးကြလော့။ ငါတို့တွင် အဖအာဗြဟံရှိသည်ဟူ၍ သင်တို့စိတ်ထဲ၌မပြောဆိုကြနှင့်။ သင်တို့အား ငါဆိုသည်ကား ဘုရားသခင်သည် အာဗြဟံအတွက် သားသမီးများကို ဤကျောက်ခဲတို့ထဲမှပေါ်ထွန်းစေနိုင်သည်။
ထိုသူတို့က “အကျွန်ုပ်တို့၏အဖသည် အာဗြဟံဖြစ်သည်”ဟု ဆိုကြ၏။ ယေရှုကလည်း“သင်တို့သည် အာဗြဟံ၏သားသမီးများဖြစ်ကြသည်မှန်လျှင် အာဗြဟံပြုသောအမှုများကို ပြုကြလိမ့်မည်။
သင်တို့သည် သင်တို့အဖပြုသောအမှုများကို ပြုကြ၏”ဟု မိန့်တော်မူလျှင် ထိုသူတို့က “အကျွန်ုပ်တို့သည် တရားနှင့်မညီမေထုန်ပြုခြင်းအားဖြင့် မွေးလာသောသူများမဟုတ်။ အကျွန်ုပ်တို့၌ တစ်ပါးတည်းသောအဖဘုရားသခင်ရှိသည်”ဟု ဆိုကြ၏။
သင်သည် အကျွန်ုပ်တို့၏အဖအာဗြဟံထက် ကြီးမြတ်သလော။ သူသည် သေလွန်ခဲ့ပြီး ပရောဖက်တို့လည်း သေလွန်ကြပြီ။ သင့်ကိုယ်သင် မည်သူဖြစ်သည်ဟု ထင်မှတ်သနည်း”ဟု ဆိုကြ၏။
သင်တို့အဖအာဗြဟံသည် ငါ၏နေ့ရက်ကိုတွေ့မြင်ရမည်ဖြစ်၍ ရွှင်မြူးလျက် တွေ့မြင်ရသောအခါ ဝမ်းမြောက်လေ၏”ဟု မိန့်တော်မူ၏။
ကမ္ဘာလောကနှင့် ၎င်း၌ရှိသောအရာအားလုံးတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီး၏အရှင်သခင်ဖြစ်၍ လူ့လက်ဖြင့်တည်ဆောက်သောဗိမာန်များတွင် ကိန်းဝပ်တော်မူသည်မဟုတ်။
ကိုယ်တော်သည် အသက်နှင့်တကွ ထွက်သက်ဝင်သက်နှင့် အရာခပ်သိမ်းတို့ကို လူအပေါင်းတို့အား ပေးတော်မူသည်ဖြစ်၍ တစ်စုံတစ်ခုကိုလိုအပ်သည့်အလား လူ့လက်ဖြင့်ပြုစုခြင်းကို ခံတော်မူသည်မဟုတ်။
ကိုယ်တော်သည် လူတစ်ဦးတည်းမှ လူမျိုးအားလုံးကို ဖန်ဆင်း၍ ကမ္ဘာမြေပြင်အနှံ့တွင်နေထိုင်စေကာ အချိန်ကာလများနှင့် သူတို့နေထိုင်ရာနယ်နိမိတ်များကို ကြိုတင်ချမှတ်ပေးတော်မူ၏။
သတေဖန်က “ညီအစ်ကိုတို့နှင့်အဖတို့၊ နားထောင်ကြပါ။ ငါတို့အဖအာဗြဟံသည် ခါရန်မြို့၌မနေထိုင်မီ မက်ဆိုပိုတေးမီးယားပြည်၌ရှိစဉ် ဘုန်းကြီးတော်မူသောဘုရားသခင်သည် သူ့အားထင်ရှားလျက်
နောက်တစ်နေ့တွင် မောရှေသည် အစ္စရေးလူမျိုးအချင်းချင်းခိုက်ရန်ဖြစ်နေကြသည်ကိုမြင်၍ ‘မိတ်ဆွေတို့၊ သင်တို့သည် ညီအစ်ကိုချင်းဖြစ်ကြပါလျက်နှင့် အဘယ်ကြောင့် အချင်းချင်းမတရားသဖြင့်ပြုကြသနည်း’ဟု သူတို့အားဆိုလျက် သင့်မြတ်ငြိမ်းချမ်းကြရန် ဖျန်ဖြေပေး၏။
ထိုသို့ဖြစ်လျှင် သွေးသားဇာတိအားဖြင့် ငါတို့အဖအာဗြဟံ ခံစားရရှိသည့်အရာနှင့်ပတ်သက်၍ မည်သို့ဆိုရမည်နည်း။
ထိုမျှမက ရေဗက္ကာသည်လည်း ငါတို့၏ရှေးဘိုးဘေးဣဇက်တစ်ဦးတည်းနှင့်ပင်စုံဖက်၍ ကိုယ်ဝန်ရရှိသောအခါ
ငါတို့အတွက်မူကား ခမည်းတော်တည်းဟူသော ဘုရားသခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ကိုယ်တော်ထံမှဖြစ်လာပြီး ငါတို့သည် ကိုယ်တော်၌တည်ကြ၏။ ထို့ပြင် ငါတို့အတွက် ယေရှုခရစ်တော်တည်းဟူသော သခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ထိုသခင်အားဖြင့်ဖြစ်လာပြီး ငါတို့သည် ထိုသခင်၌တည်ကြ၏။
ထို့ကြောင့် မုသားစကားကိုဖယ်ရှား၍ သင်တို့တစ်ဦးစီသည် မိမိဝန်းကျင်၌ရှိသောသူအား မှန်သောစကားကိုပြောကြလော့။ အကြောင်းမူကား ငါတို့သည် တစ်ဦးနှင့်တစ်ဦး ကိုယ်အင်္ဂါချင်းများဖြစ်ကြ၏။
အရာခပ်သိမ်းတို့အပေါ်၌လည်းကောင်း၊ အရာခပ်သိမ်းတို့၌ပျံ့နှံ့လျက်လည်းကောင်း၊ အရာခပ်သိမ်းတို့အထဲ၌လည်းကောင်း ရှိတော်မူ၍ အရာခပ်သိမ်းတို့၏အဖဖြစ်တော်မူသော ဘုရားသခင်သည် တစ်ဆူတည်းရှိတော်မူ၏။
ထိုအမှုအရာမျိုး၌ မိမိညီအစ်ကိုအပေါ်စည်းဖောက်၍ အခွင့်ကောင်းမယူကြရန်ဖြစ်၏။ အကြောင်းမူကား ငါတို့သည် သင်တို့ကို သတိပေး၍ ကြိုတင်ပြောထားခဲ့သည့်အတိုင်း သခင်ဘုရားသည် ဤအမှုအရာအားလုံးအတွက် အပြစ်ဒဏ်ပေးတော်မူလိမ့်မည်။
ထို့ပြင် ငါတို့တွင် ဆုံးမပဲ့ပြင်ပေးသောလူသားဖခင်ရှိ၍ သူတို့ကို ငါတို့ရိုသေလေးစားကြသည်ဆိုလျှင် ဝိညာဉ်ရေးဆိုင်ရာဖခင်ကို ပို၍ပင် နာခံရမည်မဟုတ်လော။ ထိုအခါ ငါတို့သည် အသက်ချမ်းသာရာရကြလိမ့်မည်။
ငါသည် သင်တို့အဖအာဗြဟံကို ယူဖရေးတီးမြစ်တစ်ဖက်မှ ခေါ်ထုတ်၍ ခါနာန်ပြည်အရပ်ရပ်သို့ပို့ဆောင်ခဲ့၏။ သူ၏သားစဉ်မြေးဆက်ကို များပြားစေ၏။ သူ့အား သားဣဇက်ကို ငါပေး၏။