ယေဇကျေလ 33:24 - မြန်မာ့စံမီသမ္မာကျမ်း24 “အချင်းလူသား၊ ပြိုပျက်နေသောအစ္စရေးပြည်တွင် နေထိုင်သူတို့က ‘အာဗြဟံတစ်ဦးတည်းပင် ထိုပြည်ကို အပိုင်ရသေးလျှင် လူအများဖြစ်သောငါတို့ကို သာ၍အပိုင်ပေးနိုင်၏’ဟု ဆိုတတ်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible24 ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ ပြည်ရှိပျက်စီးယိုယွင်းနေသောမြို့များတွင် နေထိုင်သူတို့က`အာဗြဟံသည်လူတစ်ဦး မျှသာဖြစ်သော်လည်းဤပြည်တစ်ပြည်လုံး ကိုအပိုင်ရရှိခဲ့၏။ ယခုငါတို့သည်ကား အရေအတွက်အားဖြင့်များသည်ဖြစ်၍ဤ ပြည်ကိုငါတို့အပိုင်ရကြပြီ' ဟုပြောဆို နေကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible24 အ ချင်း လူ့ သား၊ ဣ သ ရေ လ ပြည် ရှိ မြို့ ပျက် များ၌ နေ ထိုင် သူ တို့ က၊ တစ် ဦး တည်း ဖြစ် သော ကြောင့် အာ ဗြ ဟံ သည်၊ ပြည် တော် ကို အ ပိုင် ရ ခဲ့၏။ အ များ ဖြစ် သော ငါ တို့ လည်း၊ အ ပိုင် ရ အပ် ကြ သည် ဟု ဆို လေ့ ရှိ သော ကြောင့်၊ အခန်းကိုကြည့်ပါ။Judson Bible24 အချင်းလူသား၊ ပျက်စီးသော ဣသရေလပြည်၌ နေသေးသောသူတို့က၊ အာဗြဟံသည် လူတစ်ဦးတည်း ဖြစ်သော်လည်း ဤပြည်ကို အမွေခံရ၏။ ငါတို့မူကား အများဖြစ်ကြ၏။ ငါတို့အမွေခံရာဖို့ ပေးတော်မူပြီဟု ဆိုကြသော်၊ အခန်းကိုကြည့်ပါ။ |
သူသည် ရှေ့တော်တွင် စိတ်သဘောဖြောင့်မှန်သောသူဖြစ်ကြောင်း ကိုယ်တော်တွေ့မြင်သဖြင့် ခါနာန်ပြည်၊ ဟိတ္တိပြည်၊ အာမောရိပြည်၊ ဖေရဇိပြည်၊ ယေဗုသိပြည်၊ ဂိရဂါရှိပြည်တို့ကို သူ၏သားစဉ်မြေးဆက်တို့အားပေးရန် သူနှင့်ပဋိညာဉ်ပြုတော်မူ၏။ ကိုယ်တော်သည်လည်း ဖြောင့်မတ်တော်မူသည်ဖြစ်၍ ကတိတော်ကိုတည်စေတော်မူ၏။
ထို့ကြောင့် သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက ငါအသက်ရှင်သည်နှင့်အညီ စင်စစ် မြို့ပျက်များ၌နေသောသူတို့သည် ဓားဖြင့် လဲကျသေဆုံးရလိမ့်မည်။ မြို့ပြင်၌နေသောသူတို့သည် သားရဲတိရစ္ဆာန်၏ဝါးမျိုခြင်းကို ခံရမည်။ ရဲတိုက်များ၊ လိုဏ်ဂူများ၌ခိုလှုံသောသူတို့သည် ကပ်ရောဂါဘေးဖြင့် သေရလိမ့်မည်။
အို အစ္စရေးတောင်တန်း၊ ဘုရားရှင်ထာဝရဘုရား၏စကားတော်ကို နားထောင်လော့။ တောင်ကုန်းတောင်တန်းများ၊ မြစ်ချောင်းချိုင့်ဝှမ်းများ၊ လူသူကင်းမဲ့သောမြို့ပျက်များ၊ ဝန်းကျင်ရှိ အခြားတိုင်းပြည်တို့၏လုယူဖျက်ဆီးခြင်း၊ အထင်အမြင်သေးခြင်းခံရသောမြို့များအား ဘုရားရှင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။
အကြီးအမှူးတို့သည် တံစိုးလက်ဆောင်ရရန် တရားစီရင်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း အဖိုးအခရရန် သွန်သင်ကြ၏။ ပရောဖက်တို့သည်လည်း ငွေရရန် ဂမ္ဘီရအတတ်ဖြင့် ဟောပြောကြ၏။ ထာဝရဘုရားကို အမှီပြု၍လည်း “ထာဝရဘုရားသည် ငါတို့အလယ်တွင်ရှိတော်မူသည် မဟုတ်လော။ ငါတို့အပေါ်ဘေးအန္တရာယ်ကျရောက်မည်မဟုတ်”ဟု ဆိုတတ်ကြ၏။