ထိုနေ့၌ ထာဝရဘုရားက အာဗြံအား “အီဂျစ်မြစ်မှစ၍ ယူဖရေးတီးမြစ်ကြီးတိုင်အောင် ဤပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေး၏။
ဗျာဒိတ် 9:14 - မြန်မာ့စံမီသမ္မာကျမ်း ထိုတံပိုးခရာရှိသောဆဋ္ဌမကောင်းကင်တမန်အား “ကြီးမားသောယူဖရေးတီးမြစ်နားမှာ ချည်နှောင်ထားသောကောင်းကင်တမန်လေးပါးတို့ကို ဖြေလွှတ်လိုက်လော့”ဟု ဆိုသည်ကို ငါကြားရ၏။ Common Language Bible ထိုအသံကဆဋ္ဌမကောင်းကင်တမန်အား``ဥ ဖရတ်မြစ်ကြီးအနီးမှာချည်နှောင်ထားသော ကောင်းကင်တမန်လေးပါးကိုဖြေလွှတ်လော့'' ဟုဆို၏။- Judson Bible ဥဖရတ်မြစ်ကြီးနားမှာ ချည်နှောင်လျက်ရှိသော ကောင်းကင်တမန်လေးပါးကို လွှတ်လော့ဟု တံပိုးရှိသော ဆဋ္ဌမကောင်းကင်တမန်အား ဆိုသည်ကို ငါကြား၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအသံက တံပိုးခရာကိုင်ထားသော ဆဋ္ဌမကောင်းကင်တမန်အား “ယူဖရေးတီးမြစ်ကြီးအနီး၌ ချည်နှောင်ထားသော ကောင်းကင်တမန်လေးပါးကို လွှတ်ပေးလော့” ဟု ဆို၏။ |
ထိုနေ့၌ ထာဝရဘုရားက အာဗြံအား “အီဂျစ်မြစ်မှစ၍ ယူဖရေးတီးမြစ်ကြီးတိုင်အောင် ဤပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေး၏။
တတိယမြစ်၏အမည်ကား တိုက်ဂရစ်ဖြစ်၏။ ထိုမြစ်သည် အဆီးရီးယားပြည်၏အရှေ့ဘက်သို့ စီးဆင်းလေ၏။ စတုတ္ထမြစ်ကား ယူဖရေးတီးမြစ်ဖြစ်၏။
ရဟောဘ၏သား၊ ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးသည် ယူဖရေးတီးမြစ်တစ်လျှောက်ကို ပြန်လည်သိမ်းပိုက်ရန် စစ်ချီလာသောအခါ ဒါဝိဒ်မင်းကြီးသည် သူ့ကိုတိုက်ခိုက်ပြီး
ဤစာကို သင်ဖတ်ပြပြီးသောအခါ စာလိပ်ကိုကျောက်ခဲနှင့်အတူချည်၍ ယူဖရေးတီးမြစ်ထဲသို့ ပစ်ချပြီးလျှင်
ခရီးစပြုကြလော့။ အာမောရိတောင်ပေါ်ဒေသနှင့် ထိုဒေသအနီးရှိ အရာဗလွင်ပြင်၊ တောင်ပေါ်ဒေသ၊ မြေနိမ့်ဒေသ၊ နေဂေ့အရပ်သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေဒေသသို့လည်းကောင်း၊ ခါနာန်ပြည်သို့လည်းကောင်း၊ လက်ဘနွန်တောင်မှ ယူဖရေးတီးမြစ်ကြီးတိုင်အောင်လည်းကောင်း လှည့်သွားလော့။
သင်တို့နယ်မြေသည် တောကန္တာရမှ လက်ဘနွန်တောင်တိုင်အောင်၊ ယူဖရေးတီးမြစ်ကြီးတစ်လျှောက် ဟိတ္တိပြည်တစ်ပြည်လုံးမှ အနောက်ဘက်ပင်လယ်ကြီးတိုင်အောင် ဖြစ်လိမ့်မည်။
ဆဋ္ဌမကောင်းကင်တမန်သည် သူ၏ဖလားကို ကြီးမားသောယူဖရေးတီးမြစ်ပေါ်သို့သွန်းလောင်းသောအခါ အရှေ့ပြည်မှဘုရင်များအတွက် လမ်းကိုပြင်ဆင်ပေးရန် မြစ်ရေသည်ခန်းခြောက်သွားလေ၏။
ထို့နောက် ကောင်းကင်တမန်လေးပါးသည် ကမ္ဘာမြေကြီး၏ထောင့်လေးထောင့်တွင်ရပ်လျက် မြေကြီးပေါ်သို့လည်းကောင်း၊ ပင်လယ်ပေါ်သို့လည်းကောင်း၊ သစ်ပင်ရှိသမျှအပေါ်သို့လည်းကောင်း လေမတိုက်စေရန် မြေကြီးလေးမျက်နှာ၏လေတို့အား ထိန်းချုပ်ထားသည်ကို ငါမြင်ရ၏။
တစ်ဖန် အခြားသောကောင်းကင်တမန်တစ်ပါးသည် အသက်ရှင်တော်မူသောဘုရားသခင်၏တံဆိပ်တော်ကို ကိုင်ဆောင်လျက် နေထွက်ရာအရပ်မှတက်လာသည်ကို ငါမြင်ရ၏။ ထိုကောင်းကင်တမန်သည် မြေကြီးနှင့်ပင်လယ်တို့ကို ဘေးသင့်စေနိုင်သောအခွင့်ရရှိထားသည့် ကောင်းကင်တမန်လေးပါးတို့အား
ထို့နောက် ဘုရားသခင်၏ရှေ့တော်၌ ရပ်နေသောကောင်းကင်တမန်ခုနစ်ပါးကို ငါမြင်ရ၏။ သူတို့အား တံပိုးခရာခုနစ်ခုကိုပေးထား၏။
ထိုအခါ တံပိုးခရာခုနစ်ခုရှိသော ကောင်းကင်တမန်ခုနစ်ပါးတို့သည် တံပိုးခရာကိုမှုတ်ရန် ပြင်ဆင်ကြ၏။
ထိုအခါ ထိုနှစ်၊ ထိုလ၊ ထိုနေ့ရက်နှင့် ထိုအချိန်နာရီအတွက် ပြင်ဆင်ထားသောကောင်းကင်တမန်လေးပါးတို့သည် လူသားသုံးပုံတစ်ပုံကိုသတ်ဖြတ်ရန် ဖြေလွှတ်ခြင်းခံရကြ၏။