ထာဝရဘုရားကလည်း “သင်သည် မည်သို့ပြုဘိသနည်း။ သင့်ညီအသွေး၏အသံသည် မြေကြီးထဲမှ ငါ့ထံသို့ အော်ဟစ်နေပါသည်တကား။
ဗျာဒိတ် 6:10 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့က “သန့်ရှင်း၍ ဖြောင့်မှန်တော်မူသောသခင်၊ အကျွန်ုပ်တို့၏သွေးအတွက် ကမ္ဘာမြေကြီးပေါ်မှာနေထိုင်သောသူတို့ကို တရားမစီရင်၊ လက်တုံ့လည်းမပြန်ဘဲ မည်မျှကြာအောင်နေတော်မူမည်နည်း”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ကြ၏။ Common Language Bible ထိုဝိညာဉ်များက``သန့်ရှင်းမြင့်မြတ်ဖြောင့်မှန် တော်မူသောအနန္တတန်ခိုးရှင်၊ အကျွန်ုပ်တို့အား သတ်ဖြတ်ခဲ့သည့်အပြစ်အတွက်ကမ္ဘာသူကမ္ဘာ သားတို့အား အဘယ်ကာလတိုင်အောင်တရား စီရင်အပြစ်ဒဏ်မပေးဘဲနေတော်မူမည် နည်း'' ဟုအသံကျယ်စွာဟစ်အော်ကြ၏။- Garrad Bible သူ တို့ က အို သန့် ရှင်း ဖြောင့် မှန် တော် မူ သော အ ရှင် သ ခင်၊ မြေ ကြီး ပေါ် တွင် နေ ထိုင် သူ တို့ ကို အ ကျွန်ုပ် တို့ အ သွေး အ တွက် စီ ရင်၍ ဒဏ် ခတ် တော် မ မူ ဘဲ မည် မျှ ကြာ နေ တော် မူ အံ့ နည်း ဟု ကျယ် သော အ သံ နှင့် ဟစ် ကြ သော အ ခါ၊ Judson Bible သူတို့ကလည်း၊ သန့်ရှင်းဟုတ်မှန်၍ အစိုးပိုင်တော်မူသောအရှင်၊ မြေပေါ်မှာနေသော သူတို့သည် ငါတို့အသွေးကို သွန်းကြသော အပြစ်နှင့်အလျောက် ဒဏ်မပေးဘဲ အဘယ်မျှလောက်ကာလပတ်လုံး နေတော်မူမည်နည်းဟု ကြီးမားသောအသံနှင့် ကြွေးကြော်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့က “သန့်ရှင်း၍ မှန်ကန်တော်မူပြီး အရာအားလုံးကို အုပ်စိုးတော်မူသောဘုရားသခင်… ကမ္ဘာလောက၌ နေထိုင်ကြသောကျွန်ုပ်တို့ကို သတ်သောသူတို့အား စီရင်တော်မမူ၊ လက်တုံ့ပြန်တော်မမူဘဲ မည်မျှကြာကြာ နေတော်မူမည်နည်း” ဟု ကျယ်လောင်စွာ ဟစ်အော်ကြ၏။ |
ထာဝရဘုရားကလည်း “သင်သည် မည်သို့ပြုဘိသနည်း။ သင့်ညီအသွေး၏အသံသည် မြေကြီးထဲမှ ငါ့ထံသို့ အော်ဟစ်နေပါသည်တကား။
ကိုယ်တော့်အစေအပါး၏နေ့ရက်တို့သည် မည်မျှကြာပါမည်နည်း။ အကျွန်ုပ်ကိုလိုက်လံညှဉ်းဆဲသောသူတို့ကို မည်သည့်အချိန်မှ တရားစီရင်တော်မူမည်နည်း။
အို ထာဝရဘုရား၊ မည်မျှကြာပါမည်နည်း။ ကိုယ်တော်သည် အကျွန်ုပ်ကို အစဉ်မေ့လျော့တော်မူမည်လော။ မျက်နှာတော်ကို အကျွန်ုပ်ထံမှ မည်မျှကြာအောင် လွှဲ၍နေတော်မူမည်နည်း။
အို ဘုရားရှင်၊ ကိုယ်တော်သည် မည်မျှကြာအောင် ကြည့်လျက်နေတော်မူမည်နည်း။ အကျွန်ုပ်၏အသက်ကို သူတို့၏ဖျက်ဆီးခြင်းဘေးမှလည်းကောင်း၊ အကျွန်ုပ်၏တစ်ခုတည်းသောအသက်ကို ခြင်္သေ့ပျိုတို့၏ဘေးမှလည်းကောင်း ကယ်မတော်မူပါ။
လူမျိုးခြားတို့က “သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း”ဟု အဘယ်ကြောင့်ပြောဆိုရပါမည်နည်း။ ကိုယ်တော်၏အစေအပါးတို့ သွေးမြေကျရခြင်းအတွက် လက်တုံ့ပြန်တော်မူကြောင်းကို အကျွန်ုပ်တို့မျက်စိရှေ့တွင် လူမျိုးခြားတို့သိမြင်ကြပါစေသော။
အကြောင်းမူကား သွေးကြွေးပြန်တောင်းတတ်သော ကိုယ်တော်သည် ထိုသူတို့ကိုအောက်မေ့တော်မူ၏။ ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့၏ အော်ဟစ်တောင်းလျှောက်သံကို မေ့လျော့တော်မမူပါ။
ထာဝရဘုရား၏မင်္ဂလာနှစ်ကာလနှင့် ငါတို့ဘုရားသခင်၏လက်စားချေရာနေ့ကို ဟောပြောရန်၊ ငိုကြွေးမြည်တမ်းသောသူအပေါင်းတို့ကို နှစ်သိမ့်ပေးရန် ငါ့ကိုစေလွှတ်တော်မူ၏။
အို ထာဝရဘုရား၊ သူတို့ပြုသောအမှုအတိုင်း အကျိုးအပြစ်ကို ပြန်ဆပ်ပေးတော်မူပါ။
တစ်ယောက်က “ဤအံ့ဖွယ်အမှုသည် မည်သည့်အချိန်မှ ပြီးဆုံးမည်နည်း”ဟု မြစ်ရေပြင်အထက်တွင်ရှိနေသော ပိတ်ချောထည်ဝတ်ဆင်ထားသူအား မေးလေ၏။
ထိုအခါ သန့်ရှင်းသူတစ်ပါး၏စကားသံကို ငါကြားရ၏။ စကားပြောနေသော ထိုသန့်ရှင်းသူတစ်ပါးကို အခြားသန့်ရှင်းသူတစ်ပါးက “ဗျာဒိတ်နိမိတ်ထဲတွင် နေ့စဉ်ပူဇော်သက္ကာ၊ လူဆိတ်ညံရာဖြစ်စေသောအပြစ်၊ သန့်ရှင်းရာဌာနနှင့် ဗိုလ်ခြေတို့ကို နင်းချေအပ်နှံခြင်းတို့နှင့်ဆိုင်သောအဖြစ်အပျက်သည် မည်မျှကြာကြာဖြစ်မည်နည်း”ဟု မေးမြန်းပြောဆိုသည်ကို ငါကြားရ၏။
ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်က “အို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ နှစ်ပေါင်းခုနစ်ဆယ်ပတ်လုံး ကိုယ်တော်အမျက်တော်ရှခဲ့သော ယုဒပြည်ရှိမြို့များနှင့် ဂျေရုဆလင်မြို့ကို ကရုဏာတော်မပြဘဲ မည်မျှကြာအောင် နေတော်မူမည်နည်း”ဟု လျှောက်ဆိုလေ၏။
“စိုးပိုင်တော်မူသောအရှင်၊ ကိုယ်တော်မိန့်တော်မူသည့်အတိုင်း ကိုယ်တော်၏အစေအပါးအား ငြိမ်းချမ်းစွာသွားရသောအခွင့်ကို ယခု ကိုယ်တော်ပေးတော်မူပြီဖြစ်၏။
အကြောင်းမူကား ထိုနေ့ရက်များသည် ကျမ်းစာ၌ရေးထားသောအရာအားလုံးပြည့်စုံမည့် ပြစ်ဒဏ်ပေးရာနေ့ရက်များဖြစ်၏။
ချစ်ရသောသူတို့၊ ကိုယ်တိုင်လက်တုံ့မပြန်ဘဲ အမျက်တော်လက်သို့ အပ်နှံထားကြလော့။ အကြောင်းမူကား “ထာဝရဘုရားမိန့်တော်မူသည်မှာ လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ ငါကိုယ်တိုင်တုံ့ပြန်မည်”ဟု ကျမ်းစာ၌ရေးထား၏။
ပဋိညာဉ်သစ်၏ကြားဝင်စေ့စပ်သူ ယေရှုထံသို့လည်းကောင်း၊ အာဗေလ၏သွေးထက် သာ၍မြတ်သောအရာကိုမြွက်ဆိုသည့် ပက်ဖျန်းသောသွေးတော်ထံသို့လည်းကောင်း ချဉ်းကပ်ကြ၏။
သို့သော် ပရောဖက်အတုအယောင်များသည် လူမျိုးတော်ထဲ၌ပေါ်လာကြသကဲ့သို့ သင်တို့ထဲ၌လည်း ဆရာအတုအယောင်များပေါ်လာကြလိမ့်မည်။ ထိုသူတို့သည် ပျက်စီးခြင်းသို့ရောက်စေသည့် မှားယွင်းသောအယူဝါဒများကို လျှို့ဝှက်စွာယူဆောင်လာ၍ မိမိတို့ကို ရွေးနုတ်ဝယ်ယူသောသခင်ကိုပင် ငြင်းပယ်ကာ မိမိတို့အပေါ် လျင်မြန်သောပျက်စီးခြင်းကို ကျရောက်စေကြလိမ့်မည်။
လူမျိုးတို့သည် အမျက်ထွက်ကြပါ၏။ သို့သော် ကိုယ်တော်၏အမျက်တော်သည် သက်ရောက်လာပါ၏။ သေလွန်သောသူတို့ကို တရားစီရင်ရန်လည်းကောင်း၊ ကိုယ်တော်၏အစေအပါးများ၊ ပရောဖက်များ၊ သန့်ရှင်းသူများနှင့် ကိုယ်တော်၏နာမတော်ကိုကြောက်ရွံ့ရိုသေသောသူအကြီးအငယ်တို့အား ဆုလာဘ်ပေးတော်မူရန်လည်းကောင်း၊ ကမ္ဘာမြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးရန်လည်းကောင်း အချိန်ရောက်လာပါ၏”ဟု လျှောက်ကြ၏။
ကောင်းကင်မှစ၍ သန့်ရှင်းသူများ၊ တမန်တော်များနှင့် ပရောဖက်များတို့၊ ထိုမြို့၏အဖြစ်ကြောင့် ပျော်ရွှင်ကြလော့။ အကြောင်းမူကား ဘုရားသခင်သည် သင်တို့ဘက်၌နေ၍ ထိုမြို့အပေါ် ပြစ်ဒဏ်စီရင်ခြင်းကိုသက်ရောက်စေတော်မူပြီ”ဟု ဆိုသည်ကို ငါကြားရ၏။
ပရောဖက်များ၊ သန့်ရှင်းသူများနှင့် ကမ္ဘာမြေကြီးပေါ်တွင် အသေသတ်ခြင်းခံခဲ့ရသောသူအပေါင်းတို့၏သွေးကိုလည်း ထိုမြို့၌တွေ့ရ၏”ဟု ဆိုလေ၏။
အကြောင်းမူကား ကိုယ်တော်၏တရားစီရင်တော်မူချက်တို့သည် မှန်ကန်၍ဖြောင့်မတ်၏။ တရားနှင့်မညီမေထုန်ပြုခြင်းအားဖြင့် ကမ္ဘာမြေကြီးအားပျက်စီးစေသည့် ပြည့်တန်ဆာမကြီးကို ကိုယ်တော်သည် စီရင်တော်မူလျက် သူ၏လက်၌စွန်းထင်းသော ကိုယ်တော့်အစေအပါးတို့၏သွေးအတွက် လက်တုံ့ပြန်တော်မူပြီ”ဟု ဆိုကြ၏။
သင်သည် သည်းခံခြင်းနှင့်ဆိုင်သော ငါ၏နှုတ်ကပတ်တရားကို လိုက်နာစောင့်ထိန်းသောကြောင့် ကမ္ဘာမြေကြီးပေါ်၌နေထိုင်ကြသောသူတို့ကို စမ်းသပ်စစ်ဆေးရန်အတွက် ကမ္ဘာတစ်ခုလုံးအပေါ်သို့ သက်ရောက်လာတော့မည့် စမ်းသပ်စစ်ဆေးရာကာလတွင် ငါသည်လည်း သင့်ကိုစောင့်ရှောက်မည်။
ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ သန့်ရှင်းသောသူ၊ ဖြောင့်မှန်သောသူ၊ ဒါဝိဒ်၏သော့ကိုကိုင်ထားသောသူ၊ မည်သူမျှမပိတ်နိုင်အောင်ဖွင့်သောသူ၊ မည်သူမျှမဖွင့်နိုင်အောင်ပိတ်သောသူက ဤသို့မိန့်တော်မူ၏။
ရှံဆုန်ကလည်း ထာဝရဘုရားထံ “အို အကျွန်ုပ်၏ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်ကို ဤတစ်ကြိမ်သာ ခွန်အားပေးတော်မူပါ။ အကျွန်ုပ်မျက်စိနှစ်ဖက်ကိုဖောက်ထုတ်ပစ်သော ဤဖိလိတ္တိလူမျိုးကို တစ်ခါတည်း အပြီးလက်တုံ့ပြန်ခွင့်ပြုတော်မူပါ ဘုရားသခင်”ဟု ဆုတောင်း၏။
ထာဝရဘုရားသည် အရှင်မင်းကြီးနှင့် အကျွန်ုပ်ကြားတွင် စီရင်တော်မူပါစေသော။ ထာဝရဘုရားသည် အကျွန်ုပ်အဖို့ အရှင်မင်းကြီးကို လက်တုံ့ပြန်ပေးတော်မူပါစေသော။ အကျွန်ုပ်မူကား အရှင်မင်းကြီးကို ဆန့်ကျင်တိုက်ခိုက်မည်မဟုတ်ပါ။