Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဗျာ​ဒိတ် 11:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 လူမျိုး​တို့​သည် အမျက်ထွက်​ကြ​ပါ​၏။ သို့သော် ကိုယ်တော်​၏​အမျက်​တော်​သည် သက်ရောက်​လာ​ပါ​၏။ သေလွန်​သော​သူ​တို့​ကို တရား​စီရင်​ရန်​လည်းကောင်း၊ ကိုယ်တော်​၏​အစေအပါး​များ၊ ပရောဖက်​များ၊ သန့်ရှင်း​သူ​များ​နှင့် ကိုယ်တော်​၏​နာမ​တော်​ကို​ကြောက်ရွံ့​ရိုသေ​သော​သူ​အကြီး​အငယ်​တို့​အား ဆုလာဘ်​ပေး​တော်မူ​ရန်​လည်းကောင်း၊ ကမ္ဘာ​မြေကြီး​ကို​ဖျက်ဆီး​သော​သူ​တို့​ကို ဖျက်ဆီး​ရန်​လည်းကောင်း အချိန်​ရောက်လာ​ပါ​၏”​ဟု လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 ကိုယ်​တော်​၏​အ​မျက်​တော်​သက်​ရောက်​ရာ ကာ​လ​သည်​လည်း​ကောင်း၊ သေ​လွန်​သူ​တို့​ကို​တ​ရား​စီ​ရင်​တော်​မူ​ရာ ကာ​လ​သည်​လည်း​ကောင်း ယ​ခု​အ​ခါ​ကျ​ရောက်​လာ​ပြီ​ဖြစ်​၍​လူ​မျိုး အ​ပေါင်း​တို့​သည်​အ​မျက်​ထွက်​ကြ​ပါ​၏။ ကိုယ်​တော်​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ၊ ကိုယ်​တော်​၏ လူ​စု​ဝင်​အ​ပေါင်း၊ ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သူ၊အ​ကြီး အ​ငယ်​တို့ ဆု​လာဘ်​တော်​ကို​ခံ​ယူ​ရန် အ​ချိန်​ကာ​လ​သည်​လည်း​ကောင်း၊ကမ္ဘာ​မြေ ကြီး​ကို ပျက်​စီး​စေ​သူ​တို့ ပျက်​စီး​ရ​မည့်​အ​ချိန်​ကာ​လ​သည်​လည်း ကောင်း ရောက်​ရှိ​လာ​ပါ​ပြီ'' ဟု​ဘု​ရား​သ​ခင်​အား​လျှောက်​ထား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 လူ မျိုး ခြား တို့ အ မျက် ထွက် ရာ၌ ကိုယ် တော် တိုင် အ မျက် ဒဏ် ထား၍ သူ သေ တို့ ကို စီ ရင် ဆုံး ဖြတ် တော် မူ ရန် အ ချိန် ကျွန် တော် ရင်း ပ ရော ဖက် ဖြစ် သူ၊ သီး သန့် ထား တော် မူ သူ၊ နာ မ တော် ကို ခန့် ညား သူ၊ အ ယုတ် အ မြတ် တို့ အား ဆု သ နား တော် မူ ရန် အ ချိန်၊ မြေ ကြီး ကို ဖျက် ဆီး သူ တို့ အား ဖျက် ဆီး တော် မူ ရန် အ ချိန် တိုင် ရောက် ပါ ပြီ ဟု လျှောက် ဆို ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 လူ​မျိုး​တို့​သည် အ​မျက်​ထွက်​ကြ​သည် ဖြစ်၍၊ အ​မျက်​တော်​သည်​လည်း ရောက်​ပါ​ပြီ။ သေ​လွန်​သော သူ​တို့​ကို တ​ရား​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ၍၊ ကိုယ်​တော်၏ ကျွန်​တည်း​ဟူ​သော ပ​ရော​ဖက်​တို့​အား လည်း​ကောင်း၊ သန့်​ရှင်း​သူ​တို့ အား​လည်း​ကောင်း၊ ကိုယ်​တော်​ကို ကြောက်​ရွံ့​ရို​သေ​သော​သူ အ​ကြီး​အ​ငယ်​တို့​အား​လည်း​ကောင်း၊ ဆု​ကျေး​ဇူး​ကို ပေး​သ​နား​တော်​မူ၍ မြေ​ကြီး​ကို ဖျက်​ဆီး​သော သူ​တို့​ကို ဖျက်​ဆီး​တော်​မူ​သော​အ​ချိန် ရောက်​ပါ​ပြီ​ဟု လျှောက်​ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 လူမျိုးတို့​သည် အမျက်​ထွက်ကြ၏။ သို့သော် ယခု ကိုယ်တော်​၏​အမျက်​ထွက်ချိန် ရောက်လာပြီ။ သေလွန်သော​သူတို့​ကို တရားစီရင်ရသော​အချိန် ရောက်လာပြီ။ ကိုယ်တော်​၏​အစေခံ​ဖြစ်သော ပရောဖက်များ၊ သန့်ရှင်းသူများ​နှင့် ကိုယ်တော်​ကို ကြောက်ရွံ့သည့် လူတန်းစား​အနိမ့်​အမြင့်​လူအပေါင်းတို့​အား ဆုလာဘ်​ကို ပေး​လိမ့်မည်။ ကိုယ်တော်​သည် ကမ္ဘာလောက​ကို ဖျက်ဆီးသော​သူတို့​ကို ဖျက်ဆီးတော်မူ​လိမ့်မည်” ဟု ဆိုကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 11:18
48 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား မြေကြီး​အပေါ်​၌ ကောင်းကင်​သည် မြင့်မား​လှ​သည့်​အတိုင်း ကိုယ်တော်​ကို ကြောက်ရွံ့​သော​သူ​တို့​အပေါ်​၌ မေတ္တာကရုဏာ​တော်​သည် ကြီးမား​လှ​ပေ​၏​။


ဘုရားရှင်​သည် သင်​၏​လက်ယာ​ဘက်​တွင် ရှိ​တော်မူ​၏​။ ကိုယ်တော်​သည် မိမိ​၏​အမျက်​တော်​နေ့​၌ ရှင်ဘုရင်​တို့​ကို ချေမှုန်း​တော်မူ​လိမ့်မည်​။


ထာဝရဘုရား​သည် မိမိ​ကို​ကြောက်ရွံ့​သော​သူ​များ​နှင့် မိမိ​၏​မေတ္တာကရုဏာ​တော်​ကို မျှော်လင့်ကိုးစား​သော​သူ​များ​ကို နှစ်သက်​တော်မူ​၏​။


ထို့နောက် ကိုယ်တော်​သည် မိမိ​၏​အမျက်​တော်​ဖြင့် သူ​တို့​ကို​မိန့်​တော်မူ​၍ မိမိ​၏​ပြင်းထန်​သော​အမျက်​တော်​ဖြင့် သူ​တို့​ကို​ထိတ်လန့်​စေ​တော်မူ​ကာ


ငါ​တို့​ပြည်​၌ ဘုန်းအသရေ​တည်​စေရန် ကိုယ်တော်​၏​ကယ်တင်​ခြင်း​သည် ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​၏​အနီး​၌ အမှန်ပင်​ရှိ​လေ​ပြီ​။


အားလုံး​ကို​ကြား​ရ​ပြီးသည့်နောက် နိဂုံးချုပ်​စကား​ဟူမူကား ဘုရားသခင်​ကို​ကြောက်ရွံ့​၍ ကိုယ်တော်​၏​ပညတ်တော်​တို့​ကို​စောင့်ထိန်း​လော့​။ အဘယ်ကြောင့်​ဆိုသော် ဤ​အရာ​သည် လူ​တို့​ပြု​ရ​မည့်​အရာ​အလုံးစုံ​၏​အချုပ်​ဖြစ်​၏​။


အပြစ်ပြု​သော​သူ​သည် မကောင်းမှု​ကို​အကြိမ်​တစ်ရာ​ပြု​လျက်ပင် အသက်ရှည်​သော်လည်း ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ ကြောက်ရွံ့​ကြ​သောကြောင့် ကောင်းကျိုးချမ်းသာ​ကို​ခံစား​ရ​ကြောင်း ငါ​အမှန်​သိ​၏​။


အရှေ့ဘက်​၊ မြောက်ဘက်​တို့​မှ​လာ​သော​သတင်းစကား​များ​ကြောင့် သူ​သည် အထိတ်တလန့်​ဖြစ်​ရ​လိမ့်မည်​။ ဒေါသတကြီး​ဖြင့်​ချီတက်​သွား​၍ လူ​အများ​ကို သုတ်သင်​ဖျက်ဆီး​ပစ်​လိမ့်မည်​။


သို့သော် တရားစီရင်​ချိန်​ရောက်​သောအခါ ထို​ဘုရင်​သည် အာဏာ​ရုပ်သိမ်း​ခြင်း​ခံရ​မည်​။ သူ့​ကို အပြီးသတ်​ချေမှုန်း​သုတ်သင်​ပစ်​လိမ့်မည်​။


သူ့​လက်ထက်​တွင် ဉာဏ်နီဉာဏ်နက်​သုံး​ပြီး လှည့်စား​အောင်နိုင်​လိမ့်မည်​။ ကိုယ့်ကိုယ်ကိုယ်​မြှောက်ပင့်​လျက် လုံခြုံစိတ်ချ​စွာ​နေ​နေ​ကြ​သော လူ​အများ​ကို လိုက်လံ​ဖျက်ဆီး​လိမ့်မည်​။ သခင်​တကာ​တို့​၏​သခင်​ကို​ပင် ဆန့်ကျင်​လိမ့်မည်​။ သို့သော် လူ့​လက်​ဖြင့်​မ​ဟုတ်​ဘဲ ပျက်စီး​ခြင်း​သို့​ရောက်​ရ​လိမ့်မည်​။


ဝမ်းမြောက်​ရွှင်မြူး​ကြ​လော့။ အကြောင်းမူကား ကောင်းကင်​ဘုံ​၌ သင်​တို့​၏​ဆုလာဘ်​သည် ကြီးမား​လှ​ပေ​၏။ သူ​တို့​သည် သင်​တို့​ရှေ့​က ပရောဖက်​များ​ကို​လည်း ထိုနည်းတူ​ညှဉ်းဆဲ​ခဲ့​ကြ​၏။


ကရုဏာ​တော်​သည်​လည်း ကိုယ်တော်​ကို​ကြောက်ရွံ့​ရိုသေ​သော​သူ​တို့​အပေါ်၌ သားစဉ်မြေးဆက်​တည်​၏။


လူ​တို့​သည် တစ်ကြိမ်တည်း​သေ​၍ သေ​ပြီး​သည့်​နောက် တရား​စီရင်​ခြင်း​ကို​ခံရ​သကဲ့သို့


သတ္တမ​ကောင်းကင်​တမန်​မှုတ်​ရ​မည့် တံပိုးခရာ​မှုတ်​သံ​မြည်​သော​နေ့ရက်​ကာလ​၌ ဘုရားသခင်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​သည် မိမိ​အစေအပါး​ပရောဖက်​တို့​အား ပြောကြား​ခဲ့​သည့်​အတိုင်း ပြည့်စုံ​ခြင်း​သို့​ရောက်​လိမ့်မည်”​ဟု ဆို​၏။


သို့သော် ဗိမာန်​တော်​၏​အပြင်​ဘက်​၌​ရှိ​သည့်​တံတိုင်း​သည် လူမျိုးခြား​တို့​အား​ပေး​ထား​သည်​ဖြစ်၍ ၎င်း​ကို​မ​တိုင်း​ဘဲ​ချန်ထား​လော့။ ထို​သူ​တို့​သည် သန့်ရှင်း​သော​မြို့​တော်​ကို လေးဆယ့်​နှစ်​လ​တိုင်တိုင် နင်းချေ​ကြ​လိမ့်မည်။


ဖမ်းဆီး​ခေါ်ဆောင်​သွား​ခြင်း​ခံရ​မည့်​သူ​သည် ဖမ်းဆီး​ခေါ်ဆောင်​သွား​ခြင်း​ခံရ​မည်​ဖြစ်​၏။ ဓား​ဖြင့်​အသေ​သတ်​ခြင်း​ခံရ​မည့်​သူ​သည် ဓား​ဖြင့်​အသေ​သတ်​ခြင်း​ကို​ခံရ​မည်​ဖြစ်​၏။ ဤ​နေရာ​တွင် သန့်ရှင်း​သူ​တို့​၏​သည်းခံ​ခြင်း​နှင့်​သစ္စာစောင့်​ခြင်း​တို့​ရှိ​ကြ​၏။


ထို့ပြင် လူကြီး​ဖြစ်စေ၊ လူငယ်​ဖြစ်စေ၊ ချမ်းသာ​သော​သူ​ဖြစ်စေ၊ ဆင်းရဲ​သော​သူ​ဖြစ်စေ၊ လွတ်လပ်​သူ​ဖြစ်စေ၊ ကျွန်​ဖြစ်စေ၊ လူ​အပေါင်း​တို့​အား သူ​တို့​၏​လက်ယာ​လက်​ပေါ်၌​၊ သို့မဟုတ် နဖူး​ပေါ်၌ အမှတ်တံဆိပ်​ကို​ရိုက်နှိပ်​စေ​၍


ဘုရားသခင်​၏​အမျက်​တော်​ခွက်​၌ မည်သည့်​အရာ​မျှ​မရောစပ်​ဘဲ​လောင်းထည့်​သည့် ကိုယ်တော်​၏​ပြင်းစွာ​သော​ဒေါသ​စပျစ်​ဝိုင်​ကို သောက်​ရ​လိမ့်မည်။ ထို​သူ​သည် သန့်ရှင်း​သော​ကောင်းကင်​တမန်​များ​နှင့် သိုးသငယ်​တော်​၏​ရှေ့မှောက်​တွင် ကန့်​နှင့်​မီး​တို့​ထဲ၌ ညှဉ်းဆဲ​ခြင်း​ကို​ခံရ​လိမ့်မည်။


ထို့နောက် ကောင်းကင်​၌ ကြီးမား​၍​အံ့သြဖွယ်​ကောင်း​သည့် အခြား​နိမိတ်​လက္ခဏာ​တည်းဟူသော နောက်ဆုံး​ဘေးဒဏ်​ခုနစ်​မျိုး​ကို​ဆောင်​ထား​သည့် ကောင်းကင်​တမန်​ခုနစ်​ပါး​ကို ငါ​မြင်​ရ​၏။ ထို​ဘေးဒဏ်​များ​အားဖြင့် ဘုရားသခင်​၏​ပြင်းစွာ​သော​ဒေါသ​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​မည်​ဖြစ်​၏။


ထိုအခါ သတ္တဝါ​လေး​ပါး​ထဲမှ​တစ်​ပါး​သည် ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​တော်မူ​သော ဘုရားသခင်​၏​ပြင်းစွာ​သော​ဒေါသ​ဖြင့်​ပြည့်​နေ​သည့် ရွှေ​ဖလား​ခုနစ်​လုံး​ကို ထို​ကောင်းကင်​တမန်​ခုနစ်​ပါး​တို့​အား ပေး​လေ​၏။


သူ​ပေး​ခဲ့​သည့်​အတိုင်း သူ့​အား​ပြန်​ပေး​ကြ​လော့။ သူ​ပြု​သော​အမှု​များ​အပေါ် နှစ်ဆ​တိုး​၍​တုံ့ပြန်​ကြ​လော့။ သူ​ရောစပ်​ခဲ့​သော​ခွက်​၌ သူ့​အတွက်​နှစ်ဆ​ရောစပ်​ပေး​ကြ​လော့။


လူမျိုး​တကာ​တို့​ကို​ဒဏ်ခတ်​ရန် ထက်​သော​သန်လျက်​သည် သူ​၏​ခံတွင်း​ထဲမှ​ထွက်​နေ​၏။ သူ​သည် ထို​သူ​တို့​ကို သံ​လှံတံ​ဖြင့်​အုပ်ထိန်း​လိမ့်မည်။ သူ​သည် အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ဘုရားသခင်​၏​အမျက်​တော်​ဆိုင်ရာ ပြင်းစွာ​သော​ဒေါသ​စပျစ်​ဝိုင်​၏​စပျစ်သီး​နယ်ရာ​ကျင်း​ကို နင်းနယ်​လိမ့်မည်။


ရှင်ဘုရင်​တို့​၏​အသား၊ တပ်မှူးကြီး​တို့​၏​အသား၊ စစ်သူရဲ​တို့​၏​အသား၊ မြင်း​နှင့်​မြင်းစီး​သူရဲ​တို့​၏​အသား၊ လွတ်လပ်​သူ​နှင့်​ကျွန်​များ​မှစ၍ လူကြီး​လူငယ်​ရှိသမျှ​တို့​၏​အသား​ကို လာ​၍ စား​ကြ​လော့”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​လေ​၏။


ပလ္လင်​တော်​မှ​ထွက်လာ​သော​အသံ​က​လည်း “ဘုရားသခင်​၏​အစေအပါး​များ​နှင့် ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​အကြီး​အငယ်​အပေါင်း​တို့၊ ငါ​တို့​၏​ဘုရားသခင်​ကို ချီးမွမ်း​ကြ​လော့”​ဟု ဆို​၏။


တစ်ဖန် သေလွန်​သော​သူ​အကြီး​အငယ်​တို့​သည် ပလ္လင်​တော်​ရှေ့​၌​ရပ်​နေ​ကြ​သည်​ကို ငါ​မြင်​ရ​၏။ စာစောင်​များ​ကို​ဖွင့်​ထား​၍ အသက်​စာစောင်​တည်းဟူသော အခြား​သော​စာစောင်​ကို​လည်း​ဖွင့်​ထား​၏။ သေလွန်​သော​သူ​တို့​သည် ထို​စာစောင်​များ​တွင်​ရေး​ထား​သည့်​အတိုင်း မိမိ​တို့​ပြု​သော​အမှု​များ​နှင့်အညီ တရား​စီရင်​ခြင်း​ကို​ခံရ​ကြ​၏။


အသက်​စာစောင်​၌ စာရင်း​မ​ဝင်​သော​သူ​ရှိသမျှ​တို့​သည်​လည်း မီး​အိုင်​ထဲသို့ ပစ်ချ​ခြင်း​ခံရ​ကြ​၏။


“ကြည့်ရှု​လော့။ ငါ​သည်​အလျင်အမြန်​လာ​မည်။ ငါ​ပေး​မည့်​အကျိုး​အပြစ်​ကို​ယူဆောင်​လာ​၍ လူ​အသီးသီး​တို့​အား မိမိ​တို့​ပြု​သော​အမှု​အတိုင်း ငါ​ပေးဆပ်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ