အီဂျစ်ပြည်သို့ရောက်လာကြသော အစ္စရေး၏သားတို့အမည်များကား ဤသို့တည်း။ ယာကုပ်နှင့်အတူ မိသားစုအလိုက် ရောက်လာသောသူများမှာ
ဗျာဒိတ် 4:1 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ငါကြည့်လိုက်ရာ ကောင်းကင်၌ဖွင့်ထားသည့်တံခါးတစ်ခုရှိ၏။ ထိုအခါ ပထမဦးစွာ ငါ့အားမိန့်တော်မူသည်ကို ငါကြားရသည့်တံပိုးခရာသံကဲ့သို့သောအသံက“ဤအရပ်သို့တက်လာလော့။ ဤအဖြစ်အပျက်များနောက်တွင် ဖြစ်ပျက်ရမည့်အရာတို့ကို သင့်အား ငါပြမည်”ဟု ဆို၏။ Common Language Bible ထိုနောက်ရူပါရုံတွင်ကောင်းကင်ဘုံတံခါးပွင့် လျက်ရှိသည်ကိုငါမြင်ရ၏။ ပထမအကြိမ် ကငါကြားရသောတံပိုးခရာသံနှင့်တူသည့် အသံက``ဤအရပ်သို့တက်လာလော့။ နောင်ဖြစ် ရမည့်အမှုအရာတို့ကိုငါပြမည်'' ဟုငါ့ အားဆို၏။- Garrad Bible ထို အ ဖြစ် အ ပျက် များ နောက် ကောင်း ကင် ဘုံ၌ တံ ခါး ဖွင့် ထား သည် ကို ငါ မျှော် ကြည့် ရာ ဤ သို့ တက် ခဲ့ လော့။ နောင် ဖြစ် ပျက် ရ မည့် အ ခြင်း အ ရာ များ ကို ငါ ပြ မည် ဟူ၍ တံ ပိုး မှုတ် သံ သ ဖွယ် အ ထက် ကြား ဖူး သူ၏ အ သံ ကို ငါ ကြား လျှင် ကြား ချင်း၊ Judson Bible ထိုနောက်မှ ငါကြည့်လျှင်၊ ကောင်းကင်၌ တံခါးဖွင့်ထားလျက်ရှိ၏။ ရှေ့ဦးစွာကြားရသော အသံဟူမူကား၊ ဤအရပ်သို့ တက်လော့။ နောင်ကာလ၌ ဖြစ်ရမည်အရာတို့ကို ငါပြမည်ဟု ငါနှင့်ပြောလျက်ရှိသော တံပိုးခရာသံကဲ့သို့ မြည်လေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ကျွန်ုပ်ကြည့်လျှင် ကောင်းကင်ဘုံ၌ တံခါးပွင့်သည်ကို မြင်ရ၏။ ပထမအကြိမ်က ကျွန်ုပ်ကြားခဲ့ရသည့် တံပိုးခရာသံနှင့် တူသောအသံမှာ “ဤအရပ်သို့ တက်လာလော့။ အနာဂတ်တွင် ဖြစ်ပျက်မည့်အကြောင်းအရာများကို သင့်အား ငါပြမည်” ဟူ၍ ဖြစ်၏။ |
အီဂျစ်ပြည်သို့ရောက်လာကြသော အစ္စရေး၏သားတို့အမည်များကား ဤသို့တည်း။ ယာကုပ်နှင့်အတူ မိသားစုအလိုက် ရောက်လာသောသူများမှာ
ထာဝရဘုရားကလည်း “သွားလော့။ ဆင်းသွားလော့။ သင်သည် အာရုန်ကို သင်နှင့်အတူတက်လာစေရမည်။ သို့သော် ယဇ်ပုရောဟိတ်များနှင့်လူတို့ကို စည်းကျော်ဝင်၍ ငါထာဝရဘုရားထံသို့မတက်လာစေနှင့်။ တက်လာလျှင် သူတို့ကို ဒဏ်ခတ်တော်မူမည်”ဟု မိန့်တော်မူ၏။
ထို့နောက် ထာဝရဘုရားက မောရှေအား “ငါရှိရာ တောင်ပေါ်သို့တက်လာ၍ ထိုနေရာ၌နေလော့။ လူတို့ကို သွန်သင်ရန် ငါအက္ခရာတင်ထားသည့် တရားတော်၊ ပညတ်တော်ပါရှိသောကျောက်ပြားတို့ကို သင့်အား ငါပေးမည်”ဟု မိန့်တော်မူ၏။
အကြောင်းမူကား မြင့်မြတ်သောသူ၏ရှေ့တွင် နှိမ့်ချခြင်းခံရသည်ထက် “ဤနေရာသို့တက်လာပါ”ဟု ဖိတ်ခေါ်ခြင်းခံရသည်က ပို၍ကောင်း၏။ သင့်မျက်စိဖြင့်တွေ့မြင်သောအရာကို
အနှစ်သုံးဆယ်ပြည့်သောနှစ်၊ စတုတ္ထလ၊ ငါးရက်နေ့တွင် ငါသည် ဖမ်းခေါ်သွားခြင်းခံရသူတို့နှင့်အတူ ခေဗာမြစ်နား၌ရှိနေစဉ် ကောင်းကင်ပွင့်၍ ဘုရားသခင်ဖွင့်ပြတော်မူသောနိမိတ်အာရုံကို ငါမြင်ရ၏။
ယေရှုသည် ဗတ္တိဇံခံပြီးနောက် ရေထဲမှထွက်လာသည်နှင့် ကောင်းကင်သည်ပွင့်၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်းသက်ကာ မိမိအပေါ်သို့ ကြွလာတော်မူသည်ကို မြင်တော်မူ၏။
ထို့နောက် ရေထဲမှထွက်လာသည်နှင့် ကောင်းကင်သည်ပွင့်၍ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ မိမိအပေါ်သို့ဆင်းသက်သည်ကိုမြင်တော်မူ၏။
လူအပေါင်းတို့သည် ဗတ္တိဇံခံကြသောအခါ ယေရှုသည်လည်း ဗတ္တိဇံခံတော်မူပြီး ဆုတောင်းလျက်နေစဉ် ကောင်းကင်သည်ပွင့်၍
သို့ရာတွင် သမ္မာတရား၏ဝိညာဉ်တော်ရောက်လာသောအခါ သမ္မာတရားအလုံးစုံထဲသို့ သင်တို့ကို လမ်းပြပို့ဆောင်တော်မူလိမ့်မည်။ အကြောင်းမူကား ထိုဝိညာဉ်တော်သည် မိမိဆန္ဒအလျောက် မြွက်ဆိုတော်မမူဘဲ ကြားရသမျှတို့ကို မြွက်ဆိုတော်မူ၍ နောင်ဖြစ်လာမည့်အရာတို့ကို သင်တို့အား ဖော်ပြတော်မူလိမ့်မည်။
ကောင်းကင်သည်ပွင့်လျက် ထောင့်လေးခုမှထိန်းထားပြီး မြေပေါ်သို့လျှောကျလာသည့် ရွက်ထည်စကြီးနှင့်တူသောအရာတစ်ခု နိမ့်ဆင်းလာသည်ကို တွေ့ရ၏။
“ကြည့်ပါ။ ကောင်းကင်သည်ပွင့်၍ လူ့သားသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ရပ်နေသည်ကို ငါမြင်၏”ဟု ဆိုလေ၏။
သခင်ဘုရား၏နေ့တွင် ငါသည် ဝိညာဉ်တော်၌ရှိစဉ် တံပိုးခရာသံကဲ့သို့ ကျယ်လောင်သောအသံကို ငါ့နောက်၌ကြားရ၏။
ထိုအခါ ငါသည် ငါ့အားမြွက်ဆိုသောအသံပိုင်ရှင်ကိုတွေ့မြင်ရန် လှည့်ကြည့်လိုက်၏။ ထိုသို့လှည့်ကြည့်လိုက်ရာ ရွှေဆီမီးခုံခုနစ်ခုနှင့်
ထို့ကြောင့် သင်မြင်ခဲ့ရသောအရာများ၊ ယခုဖြစ်နေသောအရာများနှင့် နောင်တွင်ဖြစ်ပျက်တော့မည့်အရာများကို ရေးထားလော့။
ထိုအခါ ကောင်းကင်မှကြီးသောအသံက “ဤအရပ်သို့တက်လာခဲ့ကြလော့”ဟု ထိုသူနှစ်ဦးတို့အားဆိုသည်ကို ကြားလျှင် သူတို့သည် မိုးတိမ်ဖြင့် ကောင်းကင်သို့တက်သွားကြ၏။ သူတို့၏ရန်သူများသည်လည်း သူတို့ကိုကြည့်နေကြ၏။
ထို့နောက် ကောင်းကင်၌ရှိသော ဘုရားသခင်၏ဗိမာန်တော်သည်ပွင့်၍ ထိုဗိမာန်တော်ထဲတွင် ကိုယ်တော်၏ပဋိညာဉ်သေတ္တာတော်ကို တွေ့မြင်ရ၏။ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးချုန်းခြင်း၊ ငလျင်လှုပ်ခြင်းနှင့် ကြီးမားသောမိုးသီးကျခြင်းတို့လည်း ဖြစ်ပေါ်လေ၏။
သတ္တမကောင်းကင်တမန်သည် သူ၏ဖလားကို အာကာသထဲသို့သွန်းလောင်းသောအခါ ဗိမာန်တော်ထဲရှိ ပလ္လင်တော်မှ ကျယ်လောင်သောအသံထွက်ပေါ်လာ၍ “အမှုပြီးမြောက်ပြီ”ဟု ဆို၏။
ထို့နောက် ငါကြည့်လိုက်ရာ ကောင်းကင်သည်ပွင့်လျက်နေ၍ မြင်းဖြူတစ်ကောင်ရှိ၏။ ၎င်းပေါ်တွင်ထိုင်သောသူကား သစ္စာရှိသောသူ၊ ဖြောင့်မှန်သောသူဟု ခေါ်ဝေါ်ခြင်းခံရ၏။ သူသည် ဖြောင့်မတ်စွာတရားစီရင်၍ စစ်တိုက်လေ၏။
ထို့နောက် ကောင်းကင်တမန်က “ဤစကားတို့သည် သစ္စာစကား၊ မှန်ကန်သောစကားဖြစ်ကြ၏။ ပရောဖက်တို့၏ဝိညာဉ်များကိုပိုင်သတော်မူသော ထာဝရအရှင်ဘုရားသခင်သည် မကြာမီအတွင်းဖြစ်ပျက်ရမည့်အရာများကို မိမိအစေအပါးတို့အားပြသရန် မိမိ၏ကောင်းကင်တမန်ကို စေလွှတ်တော်မူ၏”ဟု မြွက်ဆိုလေ၏။