အကြောင်းမူကား ဉာဏ်ပညာမှရရှိသောအကျိုးအမြတ်သည် ငွေမှရရှိသောအကျိုးအမြတ်ထက် ပို၍ကောင်း၏။ ၎င်း၏အမြတ်အစွန်းသည်လည်း ရွှေထက် ပို၍ကောင်း၏။
ဗျာဒိတ် 18:11 - မြန်မာ့စံမီသမ္မာကျမ်း ကမ္ဘာမြေကြီးပေါ်ရှိ ကုန်သည်များသည်လည်း သူတို့၏ကုန်ပစ္စည်းများကို ဝယ်ယူမည့်သူတစ်စုံတစ်ဦးမျှမရှိတော့သဖြင့် သူ့အတွက်ဝမ်းနည်းကြေကွဲလျက် ငိုကြွေးကြလိမ့်မည်။ Common Language Bible ကမ္ဘာပေါ်ရှိကုန်သည်ကြီးတို့သည်လည်းမိမိ တို့ကုန်ပစ္စည်းများကိုဝယ်ယူမည့်သူတစ်ယောက် မျှမရှိတော့သဖြင့်ငိုကြွေးမြည်တမ်း၍ဝမ်း နည်းပူဆွေးကြ၏။- Garrad Bible မြေ ကြီး ကုန် သည် တို့ သည် ရွှေ၊ ငွေ၊ ကျောက် မျက်၊ ပု လဲ၊ ပိတ် ချော၊ အ မောင်း ထည်၊ ပိုး ထည်၊ အ နီ ထည်၊ နံ့ သာ သား အ မျိုး မျိုး၊ ဆင် စွယ် အ သုံး အ ဆောင် မှ စ၍ အ ဖိုး ထိုက် သစ် သား၊ ကြေး၊ သံ၊ ကျောက် ဖြူ အ သုံး အ ဆောင်၊ သစ် ကြံ ပိုး၊ ဖာ လာ၊ နံ့ သာ ပေါင်း၊ နံ့ သာ ဆီ၊ လော ဗန် စေး၊ စ ပျစ် ရည်၊ ဆီ၊ မုန့် ညက်၊ စ ပါး၊ နွား၊ သိုး၊ မြင်း၊ ရ ထား နှင့်၊ ကိုယ် ကာ ယ အ သက် ဝိ ညာဉ် ပါ လူ တည်း ဟူ သော ကုန် စည် များ ကို နောင် မည် သူ မျှ ဝယ် ယူ တော့ မည် မ ဟုတ် သော ကြောင့် ငို ကြွေး မြည် တမ်း ကြ လိမ့် မည်။ Judson Bible လောကီကုန်သည်တို့သည် ထိုအတူ ငိုကြွေး၍ စိတ်မသာ ညည်းတွားကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့ ကုန်သွယ်ဥစ္စာတည်း ဟူသော၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း လောကီကုန်သည်များသည်လည်း သူတို့၏ ကုန်ပစ္စည်းများကို ဝယ်ယူမည့်သူတစ်ယောက်မျှ မရှိတော့သဖြင့် သူ့အတွက် ငိုကြွေးမြည်တမ်းကြလိမ့်မည်။ |
အကြောင်းမူကား ဉာဏ်ပညာမှရရှိသောအကျိုးအမြတ်သည် ငွေမှရရှိသောအကျိုးအမြတ်ထက် ပို၍ကောင်း၏။ ၎င်း၏အမြတ်အစွန်းသည်လည်း ရွှေထက် ပို၍ကောင်း၏။
တိုင်းနိုင်ငံတို့၏ဂုဏ်သရေ၊ ခါလဒဲလူမျိုးတို့ဂုဏ်ယူဝါကြွားရာဖြစ်သော ဘေဘီလုံမြို့သည် ဘုရားသခင်ဖြိုဖျက်ခဲ့သော သောဒုံမြို့နှင့်ဂေါမောရမြို့ကဲ့သို့ဖြစ်လိမ့်မည်။
သင့်အတွက် ကြိုးစားအားထုတ်လုပ်ဆောင်ပေးခဲ့သူ၊ သင်ငယ်စဉ်ကတည်းက သင်နှင့်ရောင်းဝယ်ဖောက်ကားခဲ့သူတို့သည် ထိုသို့ဖြစ်လိမ့်မည်။ သူတို့သည် အသီးသီး ခြေဦးတည့်ရာသို့ လှည့်လည်သွားလာရကြ၍ သင့်ကိုကယ်တင်နိုင်မည်မဟုတ်။
အပျက်အစီးပြုပြင်ဖာထေးပေးသော ဂေဗလမြို့သား ဝါရင့်ပညာရှင်များလည်းရှိ၏။ ပင်လယ်ကူးသင်္ဘောများ၊ သင်္ဘောသားများသည် သင့်ထံလာ၍ ကုန်စည်ရောင်းဝယ်ဖောက်ကားကြ၏။
ကုန်သည်အပေါင်းတို့ကို သုတ်သင်၍ ငွေချိန်သူအပေါင်းတို့ကို ဖယ်ရှားပစ်မည်ဖြစ်သောကြောင့် အို မတ္တေရှအရပ်သားတို့၊ ညည်းတွားကြလော့။
ထာဝရဘုရား၏အမျက်တော်ကျရောက်သောနေ့၌ သူတို့၏ရွှေငွေများသည် သူတို့ကို ကယ်တင်နိုင်မည်မဟုတ်။ သဝန်တိုခြင်းမီးသည် မြေတစ်ပြင်လုံးကို လောင်ကျွမ်းသွားလိမ့်မည်။ မြေကြီးသားအပေါင်းတို့ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ဘဝနိဂုံးချုပ်စေမည်။
သို့သော် သူတို့သည် ဂရုမစိုက်ကြဘဲ တစ်ဦးသည် မိမိလယ်သို့လည်းကောင်း၊ အခြားတစ်ဦးသည် မိမိကုန်သွယ်ရာသို့လည်းကောင်း သွားကြ၏။
ချိုးငှက်များကိုရောင်းနေသောသူတို့အားလည်း“ဤဥစ္စာများကို ဤနေရာမှယူသွားကြလော့။ ငါ့ခမည်းတော်၏အိမ်တော်ကို ဈေးရုံမဖြစ်စေကြနှင့်”ဟု မိန့်တော်မူ၏။
သူတို့သည် လောဘစိတ်ဖြင့် လုပ်ကြံဖန်တီးသောစကားများကိုပြောဆိုလျက် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ သူတို့ခံရမည့် ပြစ်ဒဏ်စီရင်ခြင်းသည် ရှေးယခင်ကပင် ဖင့်နှေးခြင်းမရှိ။ သူတို့၏ပျက်စီးခြင်းသည်လည်း ငိုက်မျဉ်းခြင်းမရှိ။
သူ့အားဖြင့် ချမ်းသာလာသောသူများဖြစ်ကြသည့် ထိုကုန်ပစ္စည်းတို့ကိုပိုင်ဆိုင်သောကုန်သည်တို့သည် သူခံရသည့်ညှဉ်းဆဲခြင်းကို ကြောက်ကြသောကြောင့် အဝေးမှရပ်လျက် ဝမ်းနည်းကြေကွဲ၍ ငိုကြွေးကြကာ
ကောင်းကင်မှစ၍ သန့်ရှင်းသူများ၊ တမန်တော်များနှင့် ပရောဖက်များတို့၊ ထိုမြို့၏အဖြစ်ကြောင့် ပျော်ရွှင်ကြလော့။ အကြောင်းမူကား ဘုရားသခင်သည် သင်တို့ဘက်၌နေ၍ ထိုမြို့အပေါ် ပြစ်ဒဏ်စီရင်ခြင်းကိုသက်ရောက်စေတော်မူပြီ”ဟု ဆိုသည်ကို ငါကြားရ၏။
ဆီမီး၏အလင်းကိုလည်း သင့်အထဲ၌ လုံးဝထွန်းလင်းတော့မည်မဟုတ်။ မင်္ဂလာဆောင်သတို့သားနှင့်သတို့သမီးတို့၏အသံကိုလည်း သင့်အထဲ၌ လုံးဝကြားရတော့မည်မဟုတ်။ အကြောင်းမူကား သင်၏ကုန်သည်တို့သည် ကမ္ဘာမြေကြီး၏မှူးကြီးမတ်ရာများဖြစ်ကြ၏။ လူမျိုးတကာတို့သည်လည်း သင်၏ပြုစားခြင်းဖြင့် လှည့်ဖြားခြင်းကိုခံခဲ့ရကြ၏။
အကြောင်းမူကား လူမျိုးအပေါင်းတို့သည် သူ၏တရားနှင့်မညီမေထုန်ပြုခြင်းနှင့်ဆိုင်သည့် ပြင်းစွာသောဒေါသစပျစ်ဝိုင်ကိုသောက်ကြ၍ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် သူနှင့်အတူတရားနှင့်မညီမေထုန်ပြုကြကာ ကမ္ဘာမြေကြီး၏ကုန်သည်တို့သည်လည်း သူ၏လွန်ကျူးသောဇိမ်ခံခြင်းအရှိန်အဝါအားဖြင့် ချမ်းသာလာကြ၏”ဟု ဆို၏။
သူနှင့်အတူတရားနှင့်မညီမေထုန်ပြုကြပြီး စည်းစိမ်ခံစားခဲ့ကြသော ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် သူ့ကိုလောင်ကျွမ်းသည့်မီးခိုးကို မြင်ကြသောအခါ သူ့အတွက် ရင်ဘတ်စည်တီးလျက်ငိုကြွေးကြလိမ့်မည်။