ဗျာဒိတ် 18:9 - မြန်မာ့စံမီသမ္မာကျမ်း9 သူနှင့်အတူတရားနှင့်မညီမေထုန်ပြုကြပြီး စည်းစိမ်ခံစားခဲ့ကြသော ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် သူ့ကိုလောင်ကျွမ်းသည့်မီးခိုးကို မြင်ကြသောအခါ သူ့အတွက် ရင်ဘတ်စည်တီးလျက်ငိုကြွေးကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible9 သူနှင့်ကာမဂုဏ်စည်းစိမ်ခံစားခဲ့ကြသောကမ္ဘာ တစ်ဝန်းလုံးရှိဘုရင်တို့သည် သူ့ကိုကျွမ်းလောင် လျက်ရှိသည့်မီးမှမီးခိုးများကိုမြင်သော အခါငိုကြွေးမြည်တမ်းကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible9 သူ နှင့် မှား ယွင်း ပျော် ပါး ခဲ့ သော မြေ ကြီး ဘု ရင် မင်း တို့ သည် ထို ကျွမ်း လောင် ရာ မီး ခိုး ကို ကြည့် မြင် ကြ သည့် ကာ လ၊ အခန်းကိုကြည့်ပါ။Judson Bible9 မတရားသောမေထုန်ကို သူနှင့်ပြု၍ ကာမဂုဏ်၌ ပျော်မွေ့သော လောကီရှင်ဘုရင်တို့သည်၊ သူကျွမ်းလောင်ရာ မီးခိုးကို မြင်သောအခါ၊- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း9 သူနှင့်အတူ တရားနှင့်မညီသော မေထုန်ကိုပြု၍ စည်းစိမ်ခံစားခဲ့သော လောကီဘုရင်တို့သည် သူ့အား လောင်ကျွမ်းသည့်မီးမှ မီးခိုးကို မြင်သောအခါ ငိုကြွေးမြည်တမ်းကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
‘ထိုပြည်တစ်ပြည်လုံးသည် ကန့်နှင့်ဆား မီးလောင်ထားသကဲ့သို့ဖြစ်၍ မျိုးကြဲ၍မရ၊ အစို့အညှောက်မထွက်နိုင်၊ မြက်ပင်လည်းမပေါက်နိုင်ဘဲ ထာဝရဘုရား၏ပြင်းစွာသောဒေါသအမျက်တော်ဖြင့်ဖြိုလှဲခဲ့သည့် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့၏ပျက်စီးခြင်းကဲ့သို့ ဖြစ်လေပြီ’ဟု ဆိုကြလိမ့်မည်။
အကြောင်းမူကား လူမျိုးအပေါင်းတို့သည် သူ၏တရားနှင့်မညီမေထုန်ပြုခြင်းနှင့်ဆိုင်သည့် ပြင်းစွာသောဒေါသစပျစ်ဝိုင်ကိုသောက်ကြ၍ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် သူနှင့်အတူတရားနှင့်မညီမေထုန်ပြုကြကာ ကမ္ဘာမြေကြီး၏ကုန်သည်တို့သည်လည်း သူ၏လွန်ကျူးသောဇိမ်ခံခြင်းအရှိန်အဝါအားဖြင့် ချမ်းသာလာကြ၏”ဟု ဆို၏။
သူသည် မိမိကိုယ်ကိုချီးမြှောက်၍ စည်းစိမ်ခံစားခဲ့သည်နှင့်အမျှ သူ့အား ညှဉ်းဆဲခြင်းနှင့်ဝမ်းနည်းကြေကွဲခြင်းတို့ကို ပေးကြလော့။ အဘယ်ကြောင့်ဆိုသော် သူက ‘ငါသည် မိဖုရားဖြစ်၏။ မုဆိုးမ မဟုတ်။ ဝမ်းနည်းကြေကွဲခြင်းကိုလည်း မည်သည့်အခါမျှ ကြုံတွေ့ရလိမ့်မည်မဟုတ်’ဟု မိမိစိတ်ထဲ၌ဆိုသောကြောင့်ဖြစ်၏။