အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဗျာ​ဒိတ် 16:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ယဇ်ပလ္လင်​က​လည်း “မှန်​ပါ​၏။ အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်၊ ကိုယ်တော်​၏​စီရင်​တော်မူ​ချက်​တို့​သည် မှန်ကန်​၍ တရားမျှတ​ပါ​၏”​ဟု ပြောဆို​သည်​ကို ငါ​ကြား​ရ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​နောက်​ယဇ်​ပလ္လင်​မှ​အ​သံ​က``အန​န္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​စီ​ရင် တော်​မူ​ချက်​တို့​သည်​မှန်​ကန်​၍​တ​ရား​မျှ​တ ပါ​၏'' ဟု​လျှောက်​ထား​သည်​ကို​ငါ​ကြား​ရ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ပူ ဇော် ရာ ပ လ္လင် တော် က လည်း ဟုတ် မှန် ပါ၏။ အို အ န န္တ တန် ခိုး ရှင် ထာ ဝ ရ ဘု ရား သ ခင်၊ စီ ရင် တော် မူ ချက် များ သည် ဟုတ် မှန် ဖြောင့် မတ် ပါ၏ ဟု ထောက် ခံ သည် ကို ကြား ရ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ယဇ်​ပ​လ္လင်​က​လည်း၊ မှန်​ပါ၏။ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​စီ​ရင်​တော်​မူ​ခြင်း အ​ရာ​တို့​သည် ဟုတ်​မှန်​ဖြောင့်​မတ် ကြ​ပါ၏​ဟု လျှောက်​ဆို​သော​အ​သံ​ကို ငါ​ကြား၏။

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထို့နောက် “မှန်ပါ၏။ အို အနန္တ​တန်ခိုးရှင် ဘုရားသခင်… ကိုယ်တော်​၏ စီရင်တော်မူချက်တို့​သည် မှန်ကန်​၍ တရားမျှတပါ၏” ဟူ​၍ ယဇ်ပလ္လင်​မှ ထွက်လာသော​အသံ​ကို ကျွန်ုပ်​ကြားရ၏။

အခန်းကိုကြည့်ပါ။



ဗျာ​ဒိတ် 16:7
11 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် သရပ်​တို့​ထဲမှ​တစ်​ပါး​သည် ငါ့​ထံသို့​ပျံသန်း​လာ​၏​။ လက်​ထဲ၌ မီးညှပ်​ဖြင့် ယဇ်ပလ္လင်​ပေါ်​မှ​ယူ​သော မီးခဲ​တစ်​ခဲ​ပါလာ​၏​။


ကိုယ်တော်​သည် ပိတ်ချောထည်​ဝတ်​ထား​သူ​အား “​ခေရုဗိမ်​အောက် ဘီး​များ​ကြား​သို့​ဝင်​၍ ခေရုဗိမ်​အလယ်​ရှိ​မီးခဲ​ကို လက်​နှင့်​အပြည့်​ယူ​ပြီးလျှင် မြို့​ပေါ်​ကြဲချ​လော့​”​ဟု မိန့်​တော်မူ​ရာ ထို​သူ​လည်း ဝင်သွား​သည်​ကို ငါ​တွေ့​ရ​၏​။


ခေရုဗိမ်​တို့​ထဲမှ ခေရုဗိမ်​တစ်​ပါး​က ခေရုဗိမ်​များ​အလယ်​ရှိ​မီးခဲ​ကို​လှမ်း​ယူ​ပြီး ပိတ်ချောထည်​ဝတ်​ထား​သူ​၏​လက်​ထဲသို့ ထည့်ပေး​သောအခါ သူ​လည်း ယူ​၍​ထွက်သွား​၏​။


ယခု​ရှိ​လျက် ယခင်​က​လည်း​ရှိ​လျက် နောင်အခါ​ကြွလာ​မည့် အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်​က “ငါ​သည် အာလဖာ​နှင့်​အိုမီဂါ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။


ဖမ်းဆီး​ခေါ်ဆောင်​သွား​ခြင်း​ခံရ​မည့်​သူ​သည် ဖမ်းဆီး​ခေါ်ဆောင်​သွား​ခြင်း​ခံရ​မည်​ဖြစ်​၏။ ဓား​ဖြင့်​အသေ​သတ်​ခြင်း​ခံရ​မည့်​သူ​သည် ဓား​ဖြင့်​အသေ​သတ်​ခြင်း​ကို​ခံရ​မည်​ဖြစ်​၏။ ဤ​နေရာ​တွင် သန့်ရှင်း​သူ​တို့​၏​သည်းခံ​ခြင်း​နှင့်​သစ္စာစောင့်​ခြင်း​တို့​ရှိ​ကြ​၏။


ဘုရားသခင်​၏​အမျက်​တော်​ခွက်​၌ မည်သည့်​အရာ​မျှ​မရောစပ်​ဘဲ​လောင်းထည့်​သည့် ကိုယ်တော်​၏​ပြင်းစွာ​သော​ဒေါသ​စပျစ်​ဝိုင်​ကို သောက်​ရ​လိမ့်မည်။ ထို​သူ​သည် သန့်ရှင်း​သော​ကောင်းကင်​တမန်​များ​နှင့် သိုးသငယ်​တော်​၏​ရှေ့မှောက်​တွင် ကန့်​နှင့်​မီး​တို့​ထဲ၌ ညှဉ်းဆဲ​ခြင်း​ကို​ခံရ​လိမ့်မည်။


ထို့နောက် မီး​အပေါ်​အခွင့်​အာဏာ​ရှိ​သည့် အခြား​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် ယဇ်ပလ္လင်​ထဲမှ​ထွက်လာ​၍ ထက်​သော​တံစဉ်​ပါ​သော​သူ​အား “စပျစ်သီး​များ​မှည့်​ပြီ​ဖြစ်​သောကြောင့် သင်​၏​ထက်​သော​တံစဉ်​ကို​လွှတ်​၍ မြေကြီး​ပေါ်မှ​စပျစ်​ခိုင်​များ​ကို ရိတ်သိမ်း​လော့”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် ဆို​လေ​၏။


အကြောင်းမူကား ကိုယ်တော်​၏​တရား​စီရင်​တော်မူ​ချက်​တို့​သည် မှန်ကန်​၍​ဖြောင့်မတ်​၏။ တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အားဖြင့် ကမ္ဘာ​မြေကြီး​အား​ပျက်စီး​စေ​သည့် ပြည့်တန်ဆာမ​ကြီး​ကို ကိုယ်တော်​သည် စီရင်​တော်မူ​လျက် သူ​၏​လက်​၌​စွန်းထင်း​သော ကိုယ်တော့်​အစေအပါး​တို့​၏​သွေး​အတွက် လက်တုံ့ပြန်​တော်မူ​ပြီ”​ဟု ဆို​ကြ​၏။


သိုးသငယ်​တော်​သည် ပဉ္စမ​တံဆိပ်​ကို​ဖွင့်​သောအခါ ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကြောင့်​လည်းကောင်း၊ မိမိ​တို့​ရရှိ​ထား​သော​သက်သေခံ​ချက်​ကြောင့်​လည်းကောင်း အသေ​သတ်​ခြင်း​ခံရ​သော​သူ​တို့​၏​ဝိညာဉ်​များ​ကို ယဇ်ပလ္လင်​အောက်​တွင် ငါ​မြင်​ရ​၏။