အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဖိ​လိပ္ပိ 4:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ငါ​၏​ဘုရားသခင်​သည်​လည်း ဘုန်း​အသရေ​တော်​၌​ရှိ​သော မိမိ​၏​ကြွယ်ဝ​မှု​နှင့်အညီ သင်​တို့​၏​လိုအပ်​ချက်​ရှိသမျှ​ကို ခရစ်တော်​ယေရှု​အားဖြင့် ပြည့်စုံ​စေ​တော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။

Common Language Bible

ငါ​၏​ဘု​ရား​သ​ခင်​သည်​စည်း​စိမ်​ချမ်း​သာ ကြွယ်​ဝ​တော်​မူ​သည်​နှင့်​အ​ညီ သင်​တို့​အား ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် သင်​တို့​လို​သ​မျှ သော​အ​ရာ​တို့​ကို​ပေး​သ​နား​တော်​မူ​ပါ စေ​သော။-

အခန်းကိုကြည့်ပါ။

Garrad Bible

သို့ ဖြစ်၍ ငါ့ ဘု ရား သ ခင် သည် ဘုန်း တော် ကြွယ် ဝ တော် မူ သည့် အ တိုင်း သင် တို့ အ လို ရှိ သ မျှ ကို ခ ရစ် တော် ယေ ရှု အား ဖြင့် ပြည့် စုံ စေ တော် မူ လိမ့် မည်။

အခန်းကိုကြည့်ပါ။

Judson Bible

ငါ၏​ဘု​ရား​သ​ခင်​သည် ဘုန်း​အာ​နု​ဘော်၌ စံ​ပယ်​တော်​မူ​သော စည်း​စိမ်​ရှိ​သည်​အ​တိုင်း၊ သင်​တို့​အ​လို ရှိ​သ​မျှ​တို့​ကို ယေ​ရှု​ခ​ရစ်​အား​ဖြင့် ပြည့်​စုံ​စေ​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ကျွန်ုပ်​၏ ဘုရားသခင်​သည် မိမိ​၏ ဘုန်းကြီးသော​ကြွယ်ဝမှု​အတိုင်း ယေရှု​ခရစ်တော် ပြုတော်မူသော​အမှု​ကြောင့် သင်တို့​လိုအပ်​သမျှသော​အရာတို့​ကို သင်တို့​အား ဖြည့်ဆည်း​ပေးတော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။



ဖိ​လိပ္ပိ 4:19
44 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​သည် ယောသပ်​အား​ကောင်းချီးပေး​လျက် “​ငါ့​ဘိုးဘေး​အာဗြဟံ​နှင့်​ဣဇက်​တို့​ကိုးကွယ်​သော ဘုရားသခင်​၊ ငါ့​အသက်တာ​တစ်လျှောက်လုံး​တွင် ယနေ့​တိုင်အောင် ငါ့​ကို​ထိန်းကျောင်း​တော်မူ​သော​ဘုရားသခင်​၊


ဆင်းရဲဒုက္ခ​ရောက်​စဉ် ငါ​သည် ထာဝရဘုရား​ကို ခေါ်​ပါ​၏​။ ငါ​၏​ဘုရားသခင်​ကို ဟစ်ခေါ်​ပါ​၏​။ ကိုယ်တော်​သည် ငါ​၏​အသံ​ကို ဗိမာန်တော်​ထဲမှ ကြား​တော်မူ​ပါ​၏​။ ငါ​၏​အော်ဟစ်သံ​သည်​လည်း နား​တော်​သို့​ရောက်​ပါ​၏​။


သို့သော် မိက္ခာယ​က “​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ငါ​၏​ဘုရားသခင် မိန့်​တော်မူ​သော​အရာ​ကို​သာ ငါ​ဟော​မည်​”​ဟု ပြန်ပြော​၏​။


ဟေဇကိ​မင်းကြီး​နှင့်​မှူးမတ်​တို့ ရောက်လာ​၍ စုပုံ​ထား​သော​အလှူပစ္စည်း​များ​ကို​တွေ့​လျှင် ထာဝရဘုရား​နှင့် ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​ကို ချီးမွမ်းထောမနာ​ပြု​လေ​၏​။


အို အကျွန်ုပ်​၏​ဘုရားသခင်​၊ ဤ​လူမျိုး​အတွက် အကျွန်ုပ်​ပြု​သော​ကောင်းမှု​အလုံးစုံ​ကို သတိရ​တော်မူ​ပါ​။


သူ​တို့​ဆာလောင်​သောအခါ သူ​တို့​အား ကောင်းကင်​မှ​မုန့်​ကို ချပေး​တော်မူ​၏​။ သူ​တို့​ရေဆာ​သောအခါ ကျောက်​ထဲမှ​ရေ​ကို ထွက်​စေ​တော်မူ​၏​။ ထို​ပြည်​ကို သူ​တို့​အား ပေး​မည်​ဟု ကျိန်ဆို​ထား​သည့်​အတိုင်း ထို​ပြည်​ကို ဝင်ရောက်​သိမ်းပိုက်​ရန် မိန့်​တော်မူ​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​သည် အလွန်​များပြား​လှ​ပါ​၏​။ ကိုယ်တော်​သည် ထို​အရာ​အားလုံး​ကို ဉာဏ်ပညာ​အားဖြင့် ဖန်ဆင်း​တော်မူ​၏​။ ကမ္ဘာမြေကြီး​သည် ကိုယ်တော်​ဖန်ဆင်း​သော အရာ​များ​ဖြင့် ပြည့်နှက်​လျက်​ရှိ​ပါ​၏​။


အို အစ္စရေး​လူမျိုး​၊ ထာဝရဘုရား​ကို မျှော်လင့်ကိုးစား​လော့​။ အကြောင်းမူကား ထာဝရဘုရား​၌ မေတ္တာကရုဏာ​တော်​ရှိ​၏​။ ကြွယ်ဝ​သော​ရွေးနုတ်ကယ်တင်​ခြင်း​လည်း ကိုယ်တော်​၌​ရှိ​၏​။


သူ​တို့​သည် ကိုယ်တော့်​အိမ်​တော်​၏​ကြွယ်ဝခြင်း​ဖြင့် ကျေနပ်အားရ​ကြ​ပါ​လိမ့်မည်​။ ကိုယ်တော်​သည် ကိုယ်တော်​၏ ကြည်နူးခြင်း​စမ်းရေ​ကို​လည်း သူ​တို့​အား​တိုက်​တော်မူ​၏​။


အကြောင်းမူကား ဘုရားသခင်​ထာဝရဘုရား​သည် နေ​လည်း​ဖြစ်​တော်မူ​၏​။ ဒိုင်းလွှား​လည်း​ဖြစ်​တော်မူ​၏​။ ထာဝရဘုရား​သည် ကျေးဇူး​တော်​နှင့်​ဘုန်းအသရေ​တော်​ကို ပေး​တော်မူ​၏​။ အပြစ်တင်စရာမရှိ​အောင် အသက်ရှင်​လျှောက်လှမ်း​သော​သူ​တို့​အား ကောင်းမြတ်​သော​အရာ​ကို မပေး​ဘဲ​နေ​တော်မူ​မည်​မ​ဟုတ်​။


အကျွန်ုပ်​၏​ဘုရားသခင်​သည် ကောင်းကင်တမန်​ကို​စေလွှတ်​၍ ခြင်္သေ့​တို့​၏​နှုတ်​ကို​ပိတ်​ထား​သဖြင့် ခြင်္သေ့​တို့​သည် အကျွန်ုပ်​ကို အန္တရာယ်​မ​ပြု​ပါ​။ အကျွန်ုပ်​သည် ဘုရားသခင်​ရှေ့​တော်​၌ အပြစ်ကင်း​ကြောင်း ထင်ရှား​ပါ​၏​။ အရှင်မင်းကြီး​ရှေ့​တွင်​လည်း မည်သည့်​ပြစ်မှု​မျှ မ​ကျူးလွန်​ခဲ့​ပါ​”​ဟု ပြန်လျှောက်​လေ​၏​။


ငါ​မူကား ထာဝရဘုရား​ကို မျှော်ကြည့်​မည်​။ ငါ့​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​ကို ကိုးစား​မည်​။ ငါ​၏​ဘုရားသခင်​သည် ငါ့​စကား​ကို နားညောင်း​တော်မူ​မည်​။


ငါ့​အိမ်​တော်​၌​စားစရာ​ရှိ​နေ​စေရန် ဆယ်ဖို့တစ်ဖို့​ရှိသမျှ​ကို ဘဏ္ဍာတိုက်​ထဲသို့ ယူဆောင်​လာ​ကြ​လော့​။ ငါ​သည် ကောင်းကင်​တံခါး​တို့​ကို​ဖွင့်​၍ နေရာလပ်​မ​ကျန်​သည့်​တိုင်အောင် ကောင်းချီးမင်္ဂလာ​သွန်းလောင်း​မည်​၊ မ​သွန်းလောင်း​မည်​ကို ဤနည်းဖြင့် ငါ့​ကို စမ်းသပ်​ကြ​လော့”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။


အကြောင်းမူကား လူမျိုးခြား​တို့​သည် ဤ​အရာ​အားလုံး​တို့​ကို ကြိုးစား​ရှာဖွေ​တတ်​ကြ​၏။ သို့သော် ကောင်းကင်ဘုံ​ရှင် သင်​တို့​အဖ​သည် ဤ​အရာ​အားလုံး​ကို သင်​တို့​လိုအပ်​ကြောင်း သိ​တော်မူ​၏။


ယေရှု​က​လည်း“ငါ​သည် ခမည်းတော်​ထံသို့ မ​တက်​သွား​ရ​သေး​သဖြင့် ငါ့​ကို​မ​ထိ​နှင့်​ဦး။ ငါ့​ညီအစ်ကို​တို့​ထံသို့​သွား​၍ ‘ငါ့​ခမည်းတော်​တည်းဟူသော သင်​တို့​၏​ခမည်းတော်၊ ငါ့​ဘုရားသခင်​တည်းဟူသော သင်​တို့​၏​ဘုရားသခင်​ထံသို့ ငါ​တက်​သွား​တော့မည်’​ဟူ၍ ပြောကြား​လော့”​ဟု မိန့်​တော်မူ​၏။


ထို့နောက် သောမ​အား“သင်​၏​လက်ညှိုး​ဖြင့် ဤ​နေရာ​ကို​တို့​၍ ငါ့​လက်​ကို​ကြည့်​လော့။ သင်​၏​လက်​ကို​လည်း ဆန့်​၍ ငါ့​နံဘေး​ထဲသို့​ထိုးသွင်း​လော့။ မ​ယုံကြည်​သော​သူ​မ​ဟုတ်​ဘဲ ယုံကြည်​သော​သူ​ဖြစ်​လော့”​ဟု မိန့်​တော်မူ​၏။


သင်​တို့​၏​ယုံကြည်​ခြင်း​သည် ကမ္ဘာ​တစ်ဝန်းလုံး​တွင် ကျော်ကြား​လျက်​ရှိ​သည်​ဖြစ်၍ ငါ​သည် သင်​တို့​အားလုံး​အတွက် ငါ​၏​ဘုရားသခင်​ကို ယေရှု​ခရစ်တော်​အားဖြင့် ပထမ​ဦးစွာ​ကျေးဇူးတင်​၏။


ဘုရားသခင်​၏​အသိပညာ​နှင့်​ဉာဏ်ပညာ​တော်​တို့​၏​ကြွယ်ဝ​မှု​သည် နက်နဲ​လှ​ပါတကား။ စီရင်​တော်မူ​ချက်​တို့​ကို စူးစမ်း​လေ့လာ​၍​မ​ကုန်​နိုင်။ လမ်း​တော်​တို့​ကို​လည်း ချင့်မျှော်​တွေးဆ​၍​မ​ရ​နိုင်။


သို့မဟုတ် ဘုရားသခင်​၏​ကျေးဇူးပြု​တော်မူ​ခြင်း​သည် သင့်​ကို နောင်တ​သို့​ပို့ဆောင်​သည်​ကို​မ​သိ​မ​မှတ်​ဘဲ ကိုယ်တော်​၏​ကြွယ်ဝ​သော​ကျေးဇူးပြု​တော်မူ​ခြင်း၊ သည်းခံ​တော်မူ​ခြင်း​နှင့် စိတ်ရှည်​တော်မူ​ခြင်း​တို့​ကို မထီမဲ့မြင်​ပြု​သလော။


ယခု​မျက်မှောက်​ကာလ​၌ ခံရ​သော​ဒုက္ခ​ဝေဒနာ​များ​သည် ငါ​တို့​၌​ထင်ရှား​မည့်​ဘုန်း​အသရေ​နှင့်​နှိုင်း​လျှင် မ​ပြောပလောက်​ဟု ငါ​မှတ်ယူ​၏။


ထို့ပြင် ဘုန်း​အသရေ​အတွက်​ကြိုတင်​ပြင်ဆင်​ထား​သော ကရုဏာ​တော်​ဆိုင်ရာ​အိုးခွက်​များ​၌ မိမိ​ဘုန်း​အသရေ​တော်​၏​ကြွယ်ဝ​မှု​ကို သိ​စေရန်​ပြု​တော်မူ​လျှင် မည်သို့နည်း။


နောက်တစ်ဖန် ငါ​လာ​သောအခါ ဘုရားသခင်​သည် သင်​တို့​ရှေ့၌ ငါ့​ကို​နှိမ့်ချ​တော်မူ​၍ ယခင်​က အပြစ်​ကျူးလွန်​ခဲ့​လျက်​ပင် မိမိ​တို့​ပြုကျင့်​ခဲ့​သည့် ညစ်ညူး​ခြင်း၊ တရားနှင့်မညီ​မေထုန်ပြု​ခြင်း​နှင့် ကာမဂုဏ်​လိုက်စား​ခြင်း​တို့​ကို နောင်တ​မ​ရ​သေး​သော​သူ​များစွာ​ရှိ​သည့်​အတွက် ငါ​ဝမ်းနည်း​ကြေကွဲ​ရ​မည်​ကို​လည်း ငါ​စိုးရိမ်​၏။


အကြောင်းမူကား ငါ​တို့​ခေတ္တ​ခံရ​သော ပေါ့ပါး​သည့်​ဆင်းရဲ​ဒုက္ခ​သည် အတိုင်းထက်အလွန် ထူးမြတ်​၍​လေးနက်​သော ထာဝရ​ဘုန်း​အသရေ​ကို ငါ​တို့​အတွက်​ဖြစ်​စေ​၏။


ဘုရားသခင်​သည် သင်​တို့​၏​စိတ်နှလုံး​မျက်စိ​ကို ပွင့်လင်း​စေ​၍ ခေါ်ယူ​တော်မူ​ခြင်း​နှင့်ဆိုင်သော မျှော်လင့်​ခြင်း​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို​လည်းကောင်း၊ သန့်ရှင်း​သူ​တို့​ခံရ​မည့်​အမွေ​တော်​သည် ဘုန်း​အသရေ​နှင့် မည်မျှ​ကြွယ်ဝ​သည်​ကို​လည်းကောင်း၊


ဘုရားသခင်​၏​ကျေးဇူး​တော်​ကြွယ်ဝ​တော်မူ​သည်​နှင့်အညီ ငါ​တို့​သည် သား​တော်​၏​သွေး​တော်​အားဖြင့် ရွေးနုတ်​ခြင်း​တည်းဟူသော ကျူးလွန်​သည့်​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို ထို​သား​တော်​အားဖြင့်​ရရှိ​ကြ​၏။


ဤသည်ကား ခရစ်တော်​ယေရှု​၌ ငါ​တို့​အား​ကျေးဇူးပြု​တော်မူ​ခြင်း​အားဖြင့် မိမိ​၏​ထူးကဲ​သော​ကျေးဇူး​တော်​၏​ကြွယ်ဝ​မှု​ကို နောင်​လာမည့်​ကာလ​အစဉ်အဆက်​တို့​၌ ပြသ​ရန်​အတွက်​ဖြစ်​၏။


ဘုရားသခင်​သည် မိမိ​ဘုန်း​အသရေ​တော်​၏​ကြွယ်ဝ​မှု​နှင့်အညီ မိမိ​၏​ဝိညာဉ်​တော်​အားဖြင့် သင်​တို့​၏​အတွင်း​ဝိညာဉ်​လူ​ကို တန်ခိုး​နှင့်တကွ ကြံ့ခိုင်​သန်စွမ်း​စေ​တော်မူ​၍


သန့်ရှင်း​သူ​အားလုံး​တို့​တွင် အငယ်ဆုံး​သော​သူ​ထက် သာ၍​ငယ်​သော​ငါ့​အား ဤ​ကျေးဇူး​တော်​ကို​ပေးအပ်​တော်မူ​ခြင်း​မှာ ချင့်မျှော်​တွေးဆ​၍​မ​ရ​နိုင်​သော ခရစ်တော်​၏​ကြွယ်ဝ​မှု​ကို လူမျိုးခြား​တို့​အား​ဟောပြော​စေရန်​နှင့်


ထိုအခါ လူ​တို့​၏​နားလည်​နိုင်​စွမ်း​ရှိသမျှ​တို့​ထက် ထူးမြတ်​သော​ဘုရားသခင်​၏​ငြိမ်သက်​ခြင်း​သည် ခရစ်တော်​ယေရှု​အားဖြင့် သင်​တို့​၏​စိတ်နှလုံး​နှင့် သင်​တို့​၏​တွေးတော​ကြံစည်​မှု​များ​ကို စောင့်ရှောက်​တော်မူ​လိမ့်မည်။


ဤ​လျှို့ဝှက်​နက်နဲ​သော​အရာ​သည် လူမျိုးခြား​တို့​တွင် ဘုန်း​အသရေ​နှင့်​မည်မျှ​ကြွယ်ဝ​သည်​ကို သန့်ရှင်း​သူ​တို့​အား​သိ​စေရန် ဘုရားသခင်​အလိုရှိ​တော်မူ​၏။ ဤ​လျှို့ဝှက်​နက်နဲ​သော​အရာ​မှာ ဘုန်း​အသရေ​တော်​နှင့်ဆိုင်သော​မျှော်လင့်​ခြင်း​ဖြစ်​သည့် သင်​တို့​ထဲ၌​ရှိ​တော်မူ​သော​ခရစ်တော်​ဖြစ်​၏။


ခရစ်တော်​၏​နှုတ်ကပတ်​တရား​ကို သင်​တို့​၌ ကြွယ်ဝ​စွာ​တည်​စေ​၍ အချင်းချင်း​တို့​ကို အမျိုးမျိုး​သော​ဉာဏ်ပညာ​ဖြင့်​သွန်သင်​လျက် သတိပေး​ဆုံးမ​ကာ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​နှင့်တကွ ဆာလံ​သီချင်း​များ၊ ဓမ္မ​သီချင်း​များ​နှင့် ဝိညာဉ်ရေး​ဆိုင်ရာ​သီချင်း​များ​ကို သင်​တို့​၏​စိတ်နှလုံး​နှင့်တကွ ဘုရားသခင်​ထံ သီဆို​ကြ​လော့။


မိမိ​နိုင်ငံ​တော်​နှင့်​ဘုန်း​အသရေ​တော်​သို့ သင်​တို့​ကို​ခေါ်ယူ​တော်မူ​သော​ဘုရားသခင်​နှင့် ထိုက်တန်​စွာ အသက်ရှင်​လျှောက်လှမ်း​ကြ​ရန် သင်​တို့​တစ်​ဦး​စီ​ကို တိုက်တွန်း​နှိုးဆော်​၍ နှစ်သိမ့်​အားပေး​ကာ သတိပေး​ခဲ့​ကြ​၏။


ဤ​လောက​၌ ချမ်းသာ​သော​သူ​တို့​သည် စိတ်နေမြင့်​ခြင်း၊ မ​မြဲ​သော​စည်းစိမ်​များ​အပေါ်၌ မျှော်လင့်​အားထား​ခြင်း​မ​ရှိ​ဘဲ ပျော်ရွှင်​မှု​အတွက် အလုံးစုံ​တို့​ကို ငါ​တို့​အား ကြွယ်ဝ​စွာ​ပေး​သနား​တော်မူ​သော ဘုရားသခင်​အပေါ်၌ မျှော်လင့်​အားထား​ကြ​ရန်​လည်းကောင်း၊


ငါ​သည် ငါ​၏​ဆုတောင်း​ချက်​များ​ထဲတွင် သင့်​ကို​အစဉ်​သတိရ​လျက် ငါ​၏​ဘုရားသခင်​ကို ကျေးဇူးတင်​၏။


သို့ဖြစ်၍ အသင်းတော်​အကြီးအကဲ​တစ်ဦး​ဖြစ်​ပြီး ခရစ်တော်​၏​ဒုက္ခ​ဝေဒနာ​များ​ကို​သက်သေခံ​သူ​နှင့် ထင်ရှား​လာ​တော့မည့် ကိုယ်တော်​၏​ဘုန်း​အသရေ​တော်​ကို မျှဝေ​ခံစား​သူ​ဖြစ်​သော​ငါ​သည် သင်​တို့​တွင်​ရှိ​သော​အသင်းတော်​အကြီးအကဲ​များ​ကို တိုက်တွန်း​နှိုးဆော်​ပါ​၏။


သင်​တို့​ကို မိမိ​၏​ထာဝရ​ဘုန်း​အသရေ​တော်​ထဲသို့ ခရစ်တော်​ယေရှု​အားဖြင့် ခေါ်ယူ​တော်မူ​သော​အရှင်၊ ကျေးဇူး​တော်​အပေါင်း​နှင့်​ပြည့်စုံ​တော်မူ​သော ဘုရားသခင်​ကိုယ်တော်​တိုင်​သည် ဒုက္ခ​ဝေဒနာ​ခေတ္တ​ခဏ​ခံစား​ပြီး​သော​သင်​တို့​ကို စုံလင်​စေ​၍ ခွန်အား​နှင့်​ပြည့်စုံ​စေ​ကာ တည်ကြည်​ခိုင်ခံ့​မြဲမြံ​စေ​တော်မူ​လိမ့်မည်။