Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ 22:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ဆင်းရဲဒုက္ခ​ရောက်​စဉ် ငါ​သည် ထာဝရဘုရား​ကို ခေါ်​ပါ​၏​။ ငါ​၏​ဘုရားသခင်​ကို ဟစ်ခေါ်​ပါ​၏​။ ကိုယ်တော်​သည် ငါ​၏​အသံ​ကို ဗိမာန်တော်​ထဲမှ ကြား​တော်မူ​ပါ​၏​။ ငါ​၏​အော်ဟစ်သံ​သည်​လည်း နား​တော်​သို့​ရောက်​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ငါ​သည်​ဒုက္ခ​ရောက်​၍​ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ခေါ်​ပါ​၏။ ကူ​မ​တော်​မူ​ရန်​ငါ​၏​ဘု​ရား​သ​ခင်​အား ဟစ်​ခေါ်​ပါ​၏။ ကိုယ်​တော်​သည်​ဗိ​မာန်​တော်​ထဲ​မှာ​ငါ​၏​အ​သံ ကို ကြား​တော်​မူ​၏။ ကူ​မ​တော်​မူ​ရန်​ငါ​ဟစ်​ခေါ်​သံ​ကို​ကြား​တော် မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ ဟစ် ခေါ် တောင်း လျှောက် သည့် ကာ လ ကိုယ် တော် သည် ဗိ မာန် တော် ထဲ မှ ငါ့ လျှောက် သံ ကို ကြား လျက် ငါ့ ဟစ် ခေါ် သံ ကို နား ညောင်း တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ထို​သို့​ငါ​သည် ဆင်း​ရဲ​ငြို​ငြင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ကို​ခေါ်၍ ငါ၏​ဘု​ရား​သ​ခင်​ကို အော်​ဟစ်​လေ၏။ ခေါ်​သော​အ​သံ​ကို ဗိ​မာန်​တော်​ထဲ​မှာ ကြား​တော်​မူ၍၊ အော်​ဟစ်​သော​အ​သံ​သည် နား​တော်​ထဲ​သို့​ဝင်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ 22:7
16 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ သူ​တို့​သည် မိမိ​တို့​ခံရ​သည့်​ဆင်းရဲဒုက္ခ​ထဲမှ ထာဝရဘုရား​ထံ အော်ဟစ်​တောင်းလျှောက်​ကြ​ရာ ကိုယ်တော်​သည် သူ​တို့​၏​ပူပင်သောက​ထဲမှ သူ​တို့​ကို ကယ်နုတ်​တော်မူ​၏​။


ထိုအခါ ငါ​သည် “​အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို လွတ်မြောက်​စေ​တော်မူ​ပါ​”​ဟု ထာဝရဘုရား​၏​နာမ​တော်​ကို ခေါ်​၍​တောင်းလျှောက်​၏​။


ငါ​သည် ဆင်းရဲဒုက္ခ​ရောက်​သောအခါ ထာဝရဘုရား​ကို​ခေါ်​၍ ကိုယ်တော်​သည် ငါ့​ကို​ထူး​တော်မူ​၏​။


ဆင်းရဲဒုက္ခ​ရောက်​စဉ် ငါ​သည် ထာဝရဘုရား​ကို ခေါ်​ပါ​၏​။ ငါ​၏​ဘုရားသခင်​ကို အကူအညီ​အော်ဟစ်​တောင်းခံ​ပါ​၏​။ ကိုယ်တော်​သည် ငါ​၏​အသံ​ကို ဗိမာန်တော်​ထဲမှ ကြား​တော်မူ​ပါ​၏​။ ငါ​၏​အော်ဟစ်သံ​သည်​လည်း ကိုယ်တော်​၏​ရှေ့​တော်​၊ ကိုယ်တော်​၏​နား​တော်​သို့​ရောက်​ပါ​၏​။


ထာဝရဘုရား​၏​ခန့်ညား​တင့်တယ်​ခြင်း​ကို ဖူးမြော်​ရန်​နှင့် ကိုယ်တော်​၏​ဗိမာန်တော်​၌ စူးစမ်းဆင်ခြင်​လျက်​နေ​ရန် ငါ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ထာဝရဘုရား​၏​အိမ်​တော်​၌​နေ​ရ​မည့်​အကြောင်း တစ်ခုတည်း​ကို ထာဝရဘုရား​ထံ​၌ ငါ​တောင်းလျှောက်​ပြီ​။ ထို​အခွင့်​ကို ငါ​ရှာ​မည်​။


အဖိနှိပ်​ခံရ​သော​ဤ​သူ ခေါ်​သောအခါ ထာဝရဘုရား​သည် နားထောင်​၍ သူ​၏​ဆင်းရဲဒုက္ခ​အပေါင်း​တို့​မှ သူ့​ကို​ကယ်တင်​တော်မူ​၏​။


ထာဝရဘုရား​က “​အီဂျစ်​ပြည်​၌​ရှိ​သော​ငါ့​လူမျိုး​တော်​ခံရ​သည့် ဖိစီးနှိပ်စက်မှု​ကို အမှန်တကယ် ငါ​မြင်​ပြီ​။ အဓမ္မ​စေခိုင်း​သူ​များ​ကြောင့် သူ​တို့​၏​အော်ဟစ်ငိုကြွေးသံ​ကို​လည်း ငါ​ကြား​ပြီ​။ အကယ်စင်စစ် သူ​တို့​၏​ဒုက္ခဝေဒနာ​များ​ကို ငါ​သိ​ပြီ​။


ထိုအခါ ငါ​က ‘အကျွန်ုပ်​သည် ကိုယ်တော့်​ထံ​မှ နှင်ထုတ်​ခံရ​သော်လည်း ကိုယ်တော်​ရှိ​ရာ​သန့်ရှင်း​သော​ဗိမာန်တော်​သို့ အကျွန်ုပ်​မျှော်ကြည့်​လျက်​နေ​ပါ​မည်’​ဟု ဆို​၏​။


အကျွန်ုပ်​စိတ်ဝိညာဉ် ညှိုးငယ်​သောအခါ ထာဝရဘုရား​ကို အောက်မေ့​ပါ​၏​။ အကျွန်ုပ်​ဆုတောင်းသံ​သည် ကိုယ်တော်​ရှိ​ရာ​သန့်ရှင်း​သော​ဗိမာန်တော်​သို့ ရောက်​ပါ​၏​။


ထာဝရဘုရား​သည် သန့်ရှင်း​ရာ​ဗိမာန်တော်​၌ စံမြန်း​တော်မူ​၏​။ မြေကြီးသား​အပေါင်း​တို့​၊ ရှေ့​တော်​၌ ငြိမ်ဝပ်​စွာ​နေ​ကြ​လော့”​ဟု တုံ့ပြန်​မိန့်ဆို​တော်မူ​၏​။


ကိုယ်တော်​သည် ပြင်းစွာ​သော​ဝေဒနာ​ကို​ခံစား​လျက် ပို၍​ပြင်းပြ​စွာ​ဆုတောင်း​တော်မူ​ရာ ကိုယ်တော်​၏​ချွေး​သည် မြေ​ပေါ်သို့​ကျ​သော​သွေး​စက်​သဖွယ်​ဖြစ်​လေ​၏။


ခရစ်တော်​သည် လူသား​အဖြစ်​၌​ရှိ​စဉ် သေ​ခြင်း​မှ​ကယ်တင်​နိုင်​သော​အရှင်​ထံ ကျယ်လောင်​သော​အော်ဟစ်​သံ​နှင့်​မျက်ရည်​တို့​ဖြင့် တောင်းလျှောက်​၍ အသနားခံ​သဖြင့် ထို​ကြည်ညို​မှု​ကြောင့် ဘုရားသခင်​သည် နားညောင်း​တော်မူ​၏။


ကြည့်​ကြ​လော့။ သင်​တို့​လယ်ကွင်း​၌​ရိတ်သိမ်း​ပေး​သည့် အလုပ်သမား​တို့​ကို သင်​တို့​လိမ်ညာ​၍​မ​ပေး​ဘဲ​နေ​သော လုပ်အားခ​များ​သည် အော်ဟစ်​နေ​ကြ​၏။ ရိတ်သိမ်း​သော​သူ​တို့​၏​အော်ဟစ်​သံ​များ​သည်​လည်း ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရ​ဘုရား​၏​နား​တော်​သို့ ရောက်​လေ​ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ