ဆင်းရဲသောသူကိုသနားသောသူသည် ထာဝရဘုရားအား ချေးငှားခြင်းဖြစ်၍ ကိုယ်တော်သည် သူ၏လုပ်ဆောင်မှုအတွက် သူ့အား ဆုလာဘ်ကိုပေးတော်မူလိမ့်မည်။
ဖိလိပ္ပိ 4:17 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဆိုသော် လက်ဆောင်ကို ငါအလိုရှိ၍မဟုတ်။ သင်တို့၏အကျိုးအမြတ်ကို တိုးပွားစေသောအသီးအပွင့်ကိုသာ ငါအလိုရှိ၏။ Common Language Bible ဤသို့ဆိုသော်ငါသည်အလှူကိုခံယူလို၍ မဟုတ်။ သင်တို့၏ငွေစာရင်းတွင်အမြတ်တိုး လာစေရန်ငါအလိုရှိ၏။- Garrad Bible ထို သို့ ဆို သော် အ လှူ ဝ တ္ထု ကို ငါ အ လို ရှိ သော ကြောင့် မ ဟုတ် သင် တို့ စ ရင်း တိုး တက် ရန် အ ကျိုး ကို ငါ အ လို ရှိ၏။ Judson Bible ထိုသို့ငါဆိုသော်၊ အလှူကို ရှာသည်မဟုတ်၊ သင်တို့၌ ကြွယ်ဝသောအကျိုးကို ရှာ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့ပြောခြင်းသည် သင်တို့ထံမှ နောက်ထပ်အလှူကို ရလို၍ မဟုတ်။ သင်တို့၏ ရက်ရောမှုအတွက်ကြောင့် အသီးအပွင့်ကို သင်တို့ ပို၍ ရရှိခံစားစေလိုသောကြောင့် ဖြစ်၏။ |
ဆင်းရဲသောသူကိုသနားသောသူသည် ထာဝရဘုရားအား ချေးငှားခြင်းဖြစ်၍ ကိုယ်တော်သည် သူ၏လုပ်ဆောင်မှုအတွက် သူ့အား ဆုလာဘ်ကိုပေးတော်မူလိမ့်မည်။
ငါ၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား ငါသည် နွေရာသီသီးနှံရိတ်သိမ်းသူများ၊ စပျစ်ခြံ၌ အသီးကျန်လိုက်ခူးသူများနှင့်တူလေပြီ။ စားစရာစပျစ်သီးခိုင် တစ်ခိုင်မျှမရှိ၊ အဦးဆုံးမှည့်သောအသီးကို စားလိုစိတ်ရှိသော်လည်း တစ်လုံးမျှမရှိ။
“ငါ့ယဇ်ပလ္လင်ရှိရာသို့ဝင်၍ မီးကိုအချည်းနှီးမထွန်းရအောင် တံခါးကို မည်သူပိတ်ပေးမည်နည်း။ ငါသည် သင်တို့ကို မနှစ်သက်။ သင်တို့လက်နှင့်ပူဇော်သောယဇ်ကို ငါလက်မခံ”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။
သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသာလျှင် သင်တို့ကိုရွေးကောက်သဖြင့် သင်တို့သည်သွားလျက် အသီးကိုသီး၍ သင်တို့၏အသီးတည်မြဲမည့်အကြောင်းနှင့် ငါ့နာမ၌ ခမည်းတော်အား တောင်းလျှောက်သမျှတို့ကို သင်တို့အား ခမည်းတော်ပေးတော်မူမည့်အကြောင်း သင်တို့ကို ငါခန့်ထား၏။
သင်တို့သည် များစွာသောအသီးကိုသီးလျက် ငါ၏တပည့်များဖြစ်ခြင်းအားဖြင့် ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ၏။
ထို့ကြောင့် ငါသည် ဤအမှုကိစ္စကို ပြီးစီးအောင်ဆောင်ရွက်၍ ဤအလှူပစ္စည်းကို သူတို့အား သေချာစွာအပ်နှင်းပြီးမှ သင်တို့နေရာကိုဖြတ်လျက် စပိန်ပြည်သို့သွားမည်။
တစ်ဖန် ငါဆိုသည်ကား ငါ့ကို မိုက်မဲသောသူဖြစ်သည်ဟု မည်သူမျှ မထင်မှတ်စေနှင့်။ သို့သော် သင်တို့သည် ထိုသို့ထင်မှတ်ခဲ့လျှင် ငါ၌ ဝါကြွားစရာအခွင့်အနည်းငယ်ရှိစေရန် ငါ့ကို မိုက်မဲသောသူအဖြစ်ပင် လက်ခံကြလော့။
ထို့ကြောင့် သင်တို့ပေးလှူသောအရာသည် အတင်းကောက်ခံခြင်းမျိုးမဟုတ်ဘဲ ရက်ရောစွာပေးလှူသောအရာအဖြစ် အသင့်ရှိမည့်အကြောင်း ငါသည် ညီအစ်ကိုများကို သင်တို့ထံသို့ ဦးစွာလာရန် တိုက်တွန်း၍ ယခင်ကတည်းက သင်တို့ကတိပေးထားသည့် ရက်ရောစွာပေးလှူသောအရာကို သင်တို့အားကြိုတင်ပြင်ဆင်ထားစေရန် လိုအပ်သည်ဟု ယူဆ၏။
ယေရှုခရစ်တော်အားဖြင့် ဖြောင့်မတ်ခြင်းအသီးအပွင့်နှင့်ပြည့်စုံ၍ ဘုရားသခင်၏ဘုန်းတော်ထင်ရှားခြင်းနှင့် ဂုဏ်တော်ချီးမွမ်းခြင်းအဖြစ်သို့ရောက်မည့်အကြောင်း ငါဆုတောင်း၏။
ငါသည် ဆင်းရဲချို့တဲ့သောကြောင့် ဤသို့ဆိုသည်မဟုတ်။ အကြောင်းမူကား မည်သည့်အခြေအနေ၌မဆို ကျေနပ်ရောင့်ရဲတတ်ရန် ငါသည် သင်ယူခဲ့ပြီ။
အကြောင်းမူကား သင်တို့သိကြသည့်အတိုင်း ငါတို့သည် မြှောက်ပင့်သောစကားကို တစ်ကြိမ်တစ်ခါမျှမသုံး၊ လောဘစိတ်ဖြင့်ဟန်ဆောင်ခြင်းလည်းမရှိခဲ့ပေ။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ဘုရားသခင်သည် ငါတို့၏သက်သေဖြစ်တော်မူ၏။
သူသည် သေသောက်ကြူးသောသူ၊ ကြမ်းကြုတ်သောသူမဟုတ်ဘဲ ညင်သာသောသူ၊ ရန်မတွေ့တတ်သောသူ၊ ငွေကိုမတပ်မက်သောသူ၊
အကြောင်းမူကား ငွေကိုတပ်မက်ခြင်းသည် မကောင်းမှုအလုံးစုံတို့၏အရင်းအမြစ်ဖြစ်၏။ လူအချို့တို့သည် ငွေကိုအလွန်တပ်မက်သဖြင့် ယုံကြည်ခြင်းလမ်းမှ လွဲချော်သွား၍ များစွာသောပူပန်ခြင်းဝေဒနာဖြင့် မိမိတို့ကိုယ်ကို ထိုးဖောက်နာကျင်စေကြပြီ။
အကြောင်းမူကား ကြီးကြပ်သူသည် ဘုရားသခင်၏ဘဏ္ဍာစိုးဖြစ်သည်နှင့်အညီ အပြစ်တင်စရာမရှိသောသူဖြစ်ရမည်။ သူသည် ထင်ရာစိုင်းတတ်သောသူ၊ စိတ်တိုသောသူ၊ သေသောက်ကြူးသောသူ၊ ကြမ်းကြုတ်သောသူ၊ မစင်ကြယ်သောအကျိုးစီးပွားကိုတပ်မက်သောသူမဟုတ်ဘဲ
ငါတို့၏လူများသည်လည်း အသီးမသီးသောသူမဖြစ်မည့်အကြောင်း အရေးတကြီးလိုအပ်သောအရာများအတွက် ကောင်းသောအမှုတို့ကို ပါဝင်လုပ်ဆောင်ရန် သင်ယူကြရမည်။
အကြောင်းမူကား ဘုရားသခင်သည် သင်တို့၏လုပ်ဆောင်မှုကိုလည်းကောင်း၊ သန့်ရှင်းသူတို့ကို ယခင်က သင်တို့လုပ်ကျွေးပြုစုသကဲ့သို့ ယခုလည်း လုပ်ကျွေးပြုစုလျက် ကိုယ်တော်၏နာမတော်ကိုထောက်၍ သင်တို့ပြသောချစ်ခြင်းမေတ္တာတို့ကိုလည်းကောင်း မေ့လျော့သည့်တိုင်အောင် တရားမျှတမှုကင်းမဲ့တော်မူသည်မဟုတ်။
သင်တို့၌ရှိသည့် ဘုရားသခင်၏သိုးစုကို အုပ်ထိန်းကြလော့။ မလုပ်မဖြစ်လုပ်ရခြင်းမျိုးမဟုတ်ဘဲ ဘုရားသခင်၏အလိုတော်နှင့်အညီ စေတနာစိတ်ဖြင့်လည်းကောင်း၊ မစင်ကြယ်သောအကျိုးစီးပွားကိုတပ်မက်ခြင်းကြောင့်မဟုတ်ဘဲ စိတ်အားထက်သန်စွာဖြင့်လည်းကောင်း ကြည့်ရှုအုပ်ထိန်းကြလော့။
သူတို့သည် ဖြောင့်တန်းသောလမ်းကိုစွန့်ခွာ၍ လမ်းလွဲကာ မတရားမှုကြောင့်ရရှိသောအဖိုးအခကိုနှစ်သက်သည့် ဗော်သော်၏သား ဗာလမ်၏လမ်းစဉ်ကိုလိုက်ကြ၏။
သူတို့သည် လောဘစိတ်ဖြင့် လုပ်ကြံဖန်တီးသောစကားများကိုပြောဆိုလျက် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ သူတို့ခံရမည့် ပြစ်ဒဏ်စီရင်ခြင်းသည် ရှေးယခင်ကပင် ဖင့်နှေးခြင်းမရှိ။ သူတို့၏ပျက်စီးခြင်းသည်လည်း ငိုက်မျဉ်းခြင်းမရှိ။
သူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ကာဣန၏လမ်းစဉ်ကိုလိုက်၍ အခကြေးငွေအတွက် ဗာလမ်၏မှားယွင်းခြင်းထဲသို့ကျရောက်သွားကာ ကောရ၏ဆန့်ကျင်မှုမျိုး၌ ပျက်စီးဆုံးရှုံးကြ၏။