Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 11:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 တစ်ဖန် ငါ​ဆို​သည်​ကား ငါ့​ကို မိုက်မဲ​သော​သူ​ဖြစ်​သည်​ဟု မည်သူမျှ မ​ထင်မှတ်​စေ​နှင့်။ သို့သော် သင်​တို့​သည် ထိုသို့​ထင်မှတ်​ခဲ့​လျှင် ငါ​၌ ဝါကြွား​စရာ​အခွင့်​အနည်းငယ်​ရှိ​စေရန် ငါ့​ကို မိုက်မဲ​သော​သူ​အဖြစ်​ပင် လက်ခံ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 တစ်​ဖန်​ငါ​ဆို​သည်​ကား​ငါ့​အား​လူ​မိုက်​ဟု အ​ဘယ်​သူ​မျှ​မ​ထင်​မ​မှတ်​စေ​နှင့်။ သို့​ရာ​တွင် သင်​တို့​ထင်​မှတ်​ကြ​လျှင်​လည်း​လူ​မိုက်​အ​ဖြစ် ဖြင့်​ပင်​ငါ့​အား​လက်​ခံ​ကြ​လော့။ သို့​မှ​သာ လျှင်​ငါ့​မှာ​ကြွား​ဝါ​စ​ရာ​အ​ခွင့်​အ​နည်း ငယ်​ရ​ရှိ​နိုင်​ပေ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 မည် သူ မျှ ငါ့ ကို ဉာဏ် မဲ့ သူ ဟု မ ထင် စေ မည့် အ ကြောင်း ငါ ထပ် ဆို၏။ အ ကယ်၍ ထင် က အ နည်း ငယ် ဂုဏ် တင် ရ စေ ရန် ဉာဏ် မဲ့ သူ အ မှတ် နှင့် လက် ခံ ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 တစ်​ဖန် ငါ​ဆို​သည်​ကား၊ ငါ့​ကို​သူ​ရူး​ဖြစ်​သည်​ဟု အ​ဘယ်​သူ​မျှ မ​ထင်​စေ​နှင့်။ သို့​မ​ဟုတ် ငါ​ဝါ​ကြွား​စ​ရာ အ​ခွင့်​အ​နည်း​ငယ်​ရှိ​စေ​ခြင်း​ငှာ ငါ့​ကို​သူ​ရူး​ကဲ့​သို့ မှတ်၍ သည်း​ခံ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 ကျွန်ုပ်​သည် မိုက်မဲသောသူ​ဖြစ်သည်​ဟု မည်သူ​မျှ မထင်မှတ်​စေရန် ကျွန်ုပ်​ထပ်မံ၍​ပြောဆို၏။ သို့သော် သင်တို့​ထင်မှတ်​လျှင်လည်း ကြွားဝါခွင့် အနည်းငယ်​ရှိ​စေရန် ကျွန်ုပ်​ကို မိုက်မဲသောသူ​အဖြစ် လက်ခံကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 11:16
7 ပူးပေါင်းရင်းမြစ်များ  

ငါ​၏​အနည်းငယ်​သော​မိုက်မဲ​မှု​အတွက် ငါ့​ကို​သည်းခံ​စေ​လို​ပါ​၏။ မည်သို့ပင်​ဖြစ်စေ သင်​တို့​သည် ငါ့​ကို​သည်းခံ​ကြ​၏။


အမှန်စင်စစ် သင်​တို့​သည် ပညာ​သတိ​ရှိ​သော​သူ​များ​ဖြစ်​သောကြောင့် မိုက်မဲ​သော​သူ​တို့​ကို ဝမ်းမြောက်​စွာ​သည်းခံ​ကြ​၏။


ငါ​သည် ဝါကြွား​ရ​မည်​ဖြစ်၍ အကျိုး​မ​ရှိ​သော်လည်း သခင်​ဘုရား​ပေး​တော်မူ​သော ရူပါရုံ​နှင့်​ဗျာဒိတ်​တော်​အကြောင်း​များ​ကို ဆက်​၍​ပြော​ပါ​မည်။


ငါ​သည် မိုက်မဲ​သော​သူ​ဖြစ်​ခဲ့​လေ​ပြီ။ သင်​တို့​သည် ငါ့​ကို အတင်းအကျပ် ထိုသို့​ဖြစ်စေ​ကြ​၏။ အမှန်စင်စစ် ငါ​သည် သင်​တို့​၏​ထောက်ခံ​ချီးကျူး​မှု​ကို ခံထိုက်​၏။ အကြောင်းမူကား ငါ​သည် မပြောပလောက်​သော​သူ​ဖြစ်​သော်လည်း ထိပ်တန်း​တမန်တော်​များ​ထက် အနည်းငယ်​မျှ​မ​ညံ့​ပေ။


ငါ​သည် ဝါကြွား​ရန်​အလိုရှိ​လျှင်​လည်း အမှန်​ကို​သာ​ပြော​မည်​ဖြစ်၍ မိုက်မဲ​သော​သူ​ဖြစ်​မည်​မ​ဟုတ်။ သို့သော် မည်သူမျှ ငါ့​ကို​မြင်​ရ​သည်​ထက်​၊ သို့မဟုတ် ငါ့​အကြောင်း​ကို ကြား​ရ​သည်​ထက်​ပို၍ ငါ့​ကို​မ​ထင်မြင်​မိ​စေရန် ငါ​မ​ဝါကြွား​ဘဲ​နေ​မည်။


အကြောင်းမူကား ငါ​တို့​သည် စိတ်​ဖောက်ပြန်​နေ​သည်​ဆို​လျှင် ဘုရားသခင်​အတွက်​ဖြစ်၍ ပကတိ​စိတ်​ရှိ​လျှင် သင်​တို့​အတွက်​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ