သစ္စာရှိသောစေတမန်သည် သူ့ကိုစေလွှတ်သောသူအတွက် ရိတ်သိမ်းရာကာလ၌ကျသော အေးမြသည့်နှင်းပွင့်ကဲ့သို့ဖြစ်၍ သူ့သခင်တို့၏စိတ်ဝိညာဉ်ကို လန်းဆန်းစေတတ်၏။
ဖိလိပ္ပိ 2:25 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ငါ၏ညီ၊ ငါ၏လုပ်ဖော်ဆောင်ဖက်နှင့် ရဲဘော်ရဲဘက်ဖြစ်သည့်အပြင် ငါ၏လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးသော သင်တို့၏စေတမန် ဧပဖြောဒိတ်ကို သင်တို့ထံသို့စေလွှတ်ရန် လိုအပ်သည်ဟု ငါယူဆ၏။ Common Language Bible ငါ၏လုပ်ဖော်ဆောင်ဘက်၊ ငါနှင့်အတူတိုက်ပွဲ ဝင်ခဲ့သူ၊ ငါ့အားပြုစုရန်သင်တို့ကစေလွှတ် လိုက်သူ၊ ငါတို့၏ညီဧပဖြောဒိတ်ကိုသင်တို့ ထံသို့စေလွှတ်ရန်လိုအပ်သည်ဟုငါယူဆ၏။- Garrad Bible ငါ့ ကို ထောက် ပံ့ ရန် သင် တို့ တ မန်၊ ငါ့ ညီ အစ် ကို၊ ငါ့ လုပ် ဖော် ဆောင် ဘက်၊ ငါ စစ် သည် ချင်း ဖြစ် သူ ဧ ပ ဖြော ဒိတ် သည် နာ လျက် ရှိ နေ ခဲ့ ကြောင်း သင် တို့ ကြား သိ ကြ သည့် အ တွက် နှ လုံး မ သာ၍ သင် တို့ ရှိ သ မျှ ကို တ သ သ ဖြင့် ပြန် လွှတ် သင့် သည် ဟု ငါ သ ဘော ရှိ ၏။ Judson Bible သို့သော်လည်း ဆောင်ရွက်ခြင်း၊ စစ်တိုက်ခြင်းအမှု၌ ငါ၏အပေါင်းအဖော်၊ ငါ့ကိုပြုစုသော သူတည်းဟူသော သင်တို့တမန်၊ ငါ့ညီ ဧပဖြောဒိတ်ကို သင်တို့ရှိရာသို့ ယခုစေလွှတ်သင့်သည်ဟု ငါထင်မှတ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ဤအတောအတွင်း ဧပဖြောဒိတ်ကို သင်တို့ထံသို့ ပြန်လည်စေလွှတ်သင့်သည်ဟု ကျွန်ုပ်ထင်မြင်ယူဆ၏။ သူသည် ကျွန်ုပ်၏လိုအပ်ချက်များကို ကူညီဖြည့်ဆည်းရန် သင်တို့စေလွှတ်လိုက်သော သင်တို့၏တမန်၊ ကျွန်ုပ်၏ညီ လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက်ဖြစ်၏။ |
သစ္စာရှိသောစေတမန်သည် သူ့ကိုစေလွှတ်သောသူအတွက် ရိတ်သိမ်းရာကာလ၌ကျသော အေးမြသည့်နှင်းပွင့်ကဲ့သို့ဖြစ်၍ သူ့သခင်တို့၏စိတ်ဝိညာဉ်ကို လန်းဆန်းစေတတ်၏။
သင်တို့အား ငါအမှန်အကန်ဆိုမည်။ ကျွန်သည် သူ့သခင်ထက် ကြီးမြတ်သည်မဟုတ်။ စေတမန်သည်လည်း သူ့ကိုစေလွှတ်သောသူထက် ကြီးမြတ်သည်မဟုတ်။
ကိုယ်တော်သည် အကျွန်ုပ်ကို ဤလောကထဲသို့ စေလွှတ်တော်မူသကဲ့သို့ အကျွန်ုပ်သည် သူတို့ကို ဤလောကထဲသို့ စေလွှတ်ပါ၏။
ခရစ်တော်ယေရှု၌ ငါ၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြသည့် ပြစ်ကိလနှင့်အာကုလတို့ကို နှုတ်ဆက်ပေးကြလော့။
ခရစ်တော်၌ ငါတို့၏လုပ်ဖော်ဆောင်ဖက်ဥရဗန်နှင့် ငါချစ်သောသတာခုတို့ကို နှုတ်ဆက်ပေးကြလော့။
အကြောင်းမူကား ငါတို့သည် ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြ၏။ သင်တို့သည် ဘုရားသခင်၏ဥယျာဉ်၊ ဘုရားသခင်၏အဆောက်အအုံဖြစ်ကြ၏။
ငါ့ညီတိတုကိုမတွေ့ရသောကြောင့် ငါသည် စိတ်မသာမယာဖြစ်၍ ထိုသူတို့ကိုနှုတ်ဆက်ပြီးလျှင်မာကေဒေါနိပြည်သို့ ငါထွက်ခွာသွား၏။
အဘယ်ကြောင့်ဆိုသော် သူသည် သင်တို့အားလုံးကိုလွမ်းဆွတ်နေပြီး သူနာမကျန်းဖြစ်ကြောင်း သင်တို့ကြားသိကြသည့်အတွက် စိတ်ပူပန်နေ၏။
ငါသည် အရာအားလုံးကိုရရှိ၍ ကြွယ်ဝလျက်ရှိ၏။ သင်တို့ပေးပို့သည့်အရာများကို ဧပဖြောဒိတ်ထံမှ ငါလက်ခံရရှိ၍ ပြည့်စုံလျက်ရှိပြီ။ ထိုအရာတို့သည် မွှေးကြိုင်သည့်ရနံ့၊ ဘုရားသခင်နှစ်သက်တော်မူသော လက်ခံဖွယ်ရာယဇ်ဖြစ်ကြ၏။
အချင်းစစ်မှန်သောရဲဘော်ရဲဘက်၊ ထိုအမျိုးသမီးတို့ကို ကူညီမစရန် သင့်ကိုလည်း ငါတောင်းပန်၏။ သူတို့သည် အသက်စာစောင်တွင် နာမည်ပါသူများဖြစ်ကြသည့် ကလေမင်မှစ၍ အခြားသောငါ၏လုပ်ဖော်ဆောင်ဖက်များနှင့်တကွ ကောင်းမြတ်သောသတင်းအတွက် ငါနှင့်အတူလက်တွဲလုပ်ဆောင်ခဲ့သူများဖြစ်ကြ၏။
သင်တို့သည် ထိုသတင်းကို ငါတို့၏အစေအပါးချင်းဖြစ်သည့် ချစ်ရသောဧပဖြထံမှ ကြားသိခဲ့၏။ သူသည် သင်တို့အတွက် ခရစ်တော်၏ သစ္စာရှိသောအမှုတော်ဆောင်ဖြစ်၍
ယုစတုဟုခေါ်သောယေရှုလည်း သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။ အရေဖျားလှီးထားသောသူတို့ထဲတွင် ဤသူတို့သာလျှင် ဘုရားသခင်၏နိုင်ငံတော်အတွက် ငါနှင့်အတူလုပ်ဆောင်သောသူများဖြစ်ကြပြီး ငါ့အား နှစ်သိမ့်မှုပေးသောသူများဖြစ်ကြ၏။
ခရစ်တော်၏ကောင်းမြတ်သောသတင်း၌ ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်ဖြစ်သော ငါတို့၏ညီ တိမောသေကို စေလွှတ်လိုက်၏။ သူ့ကိုစေလွှတ်ခြင်းမှာ သင်တို့၏ယုံကြည်ခြင်းနှင့်ပတ်သက်၍ သင်တို့ကို တိုက်တွန်းနှိုးဆော်၍ ခိုင်ခံ့မြဲမြံစေရန်နှင့်
ငါ၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြသည့် မာကု၊ အာရိတ္တာခု၊ ဒေမနှင့် လုကာတို့သည် သင့်ကိုနှုတ်ဆက်ကြပါ၏။
သို့ဖြစ်၍ ကောင်းကင်နှင့်ဆိုင်သော ခေါ်ယူတော်မူခြင်း၌ပါဝင်သည့် သန့်ရှင်းသောညီအစ်ကိုတို့၊ ငါတို့ယုံကြည်ဝန်ခံသည့် တမန်တော်နှင့်ယဇ်ပုရောဟိတ်မင်းတည်းဟူသော ယေရှုအကြောင်းကို ဆင်ခြင်အောက်မေ့ကြလော့။