အကျွန်ုပ်သည် လူအစုအဝေးကြီးအလယ်၌ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောပါပြီ။ အို ထာဝရဘုရား၊ အကျွန်ုပ်သည် မိမိနှုတ်ကိုပိတ်၍မနေကြောင်း ကိုယ်တော်သိတော်မူပါ၏။
ဖိလိပ္ပိ 2:16 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့အားဖြင့် ငါသည် အချည်းနှီးပြေးခဲ့သည်မဟုတ်ကြောင်းနှင့် အချည်းနှီးအားထုတ်လုပ်ဆောင်ခဲ့သည်မဟုတ်ကြောင်း ခရစ်တော်၏နေ့ရက်၌ ဂုဏ်ယူဝါကြွားနိုင်လိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထာဝရအသက်ကို ပေးသည့် နှုတ်ကပတ်တရားတော်ကို မြဲမြံစွာ စွဲကိုင်ကြလော့။ ထိုသို့ ပြုလျှင် ကျွန်ုပ်ကြိုးစားအားထုတ်၍ လုပ်ဆောင်ခဲ့သမျှသည် အချည်းနှီးမဟုတ်သောကြောင့် ခရစ်တော်ပြန်ကြွလာသည့်အချိန်၌ ဂုဏ်ယူဝင့်ကြွားနိုင်လိမ့်မည်။ |
အကျွန်ုပ်သည် လူအစုအဝေးကြီးအလယ်၌ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောပါပြီ။ အို ထာဝရဘုရား၊ အကျွန်ုပ်သည် မိမိနှုတ်ကိုပိတ်၍မနေကြောင်း ကိုယ်တော်သိတော်မူပါ၏။
အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ပျိုရွယ်စဉ်မှစ၍ အကျွန်ုပ်ကိုသွန်သင်တော်မူပါပြီ။ သို့ဖြစ်၍ အကျွန်ုပ်သည် ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို ယခုတိုင်အောင် ပြောကြားပါ၏။
ငါကလည်း “ငါသည် အချည်းနှီးကြိုးစားအားထုတ်ခဲ့ပြီ။ ငါ့ခွန်အားကိုအလဟဿ အချည်းနှီးကုန်စေပြီ။ အကယ်စင်စစ် ငါ့အတွက်တရားမျှတမှုသည် ထာဝရဘုရားထံ၌ရှိ၏။ ငါ့အတွက်ဆုလာဘ်သည် ငါ၏ဘုရားသခင်ထံ၌သာရှိ၏”ဟု ဆို၏။
သင်တို့အား မှောင်မိုက်၌ ငါပြောသောအရာတို့ကို အလင်း၌ပြောကြားကြလော့။ နားအပါးကပ်ပြော၍ကြားရသောအရာတို့ကို လေသာဆောင်အပေါ်မှ ဟောပြောကြလော့။
သင်တို့အား ငါဆိုသည်ကား မည်သူမဆို လူတို့ရှေ့၌ ငါ့ကိုဝန်ခံလျှင် လူ့သားသည်လည်း ဘုရားသခင်၏ကောင်းကင်တမန်တို့ရှေ့၌ ထိုသူကို ဝန်ခံမည်။
ဝိညာဉ်တော်ကသာ အသက်ရှင်စေ၏။ ကိုယ်ကာယသည် မည်သည့်အကျိုးကိုမျှမပေး။ ငါဟောပြောသောစကားတို့သည် ဝိညာဉ်ဖြစ်ပြီး အသက်လည်းဖြစ်၏။
ရှိမုန်ပေတရုက “သခင်ဘုရား၊ အကျွန်ုပ်တို့သည် မည်သူ့ထံသို့သွားရမည်နည်း။ ထာဝရအသက်နှင့်ဆိုင်သောစကားတို့သည် ကိုယ်တော်၌သာရှိပါ၏။
အာဗြဟံ၏အမျိုးအနွယ်ဝင်ဖြစ်သူများနှင့် သင်တို့ထဲမှ ဘုရားသခင်ကိုကြောက်ရွံ့သောညီအစ်ကိုတို့၊ ဤကယ်တင်ခြင်းသတင်းစကားသည် ငါတို့ထံသို့ ပေးပို့ခြင်းခံရ၏။
ငါတို့သခင်ယေရှုခရစ်တော်၏နေ့ရက်တွင် သင်တို့၌အပြစ်တင်စရာမရှိမည့်အကြောင်း ကိုယ်တော်သည် သင်တို့ကို အဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။
ထို့ကြောင့် ငါပြေးသောအခါ ဦးတည်ရာမဲ့ပြေးသောသူကဲ့သို့ ပြေးသည်မဟုတ်။ လက်ဝှေ့ထိုးသောအခါလည်း လေကိုထိုးသောသူကဲ့သို့ ထိုးသည်မဟုတ်။
သင်တို့သည် ငါတို့ကို တစ်စိတ်တစ်ဒေသ သိထားသည်ဖြစ်၍ ငါတို့သခင်ယေရှု၏နေ့ရက်၌ ငါတို့သည် သင်တို့အတွက် ဝါကြွားဝမ်းမြောက်စရာဖြစ်သကဲ့သို့ သင်တို့သည်လည်း ငါတို့အတွက် ဝါကြွားဝမ်းမြောက်စရာဖြစ်ကြောင်းကို သင်တို့စုံလင်စွာသိကြလိမ့်မည်ဟု ငါမျှော်လင့်၏။
ဤသည်ကား ဗျာဒိတ်တော်အရသွားခြင်းဖြစ်၏။ ထိုအခါ ငါသည် လူမျိုးခြားတို့ထဲ၌ ငါဟောပြောသည့် ကောင်းမြတ်သောသတင်းကို သူတို့အားတင်ပြပြီး အထင်ကရဖြစ်သောသူတို့ကိုမူကား သီးသန့်တင်ပြခဲ့၏။ ထိုသို့တင်ပြခဲ့ခြင်းမှာ ငါကြိုးစားအားထုတ်နေသောအရာဖြစ်စေ၊ ကြိုးစားအားထုတ်ခဲ့သောအရာဖြစ်စေ အကြောင်းတစ်စုံတစ်ခုကြောင့် အချည်းနှီးမဖြစ်စေရန်ဖြစ်၏။
သင်တို့အတွက် ငါကြိုးစားလုပ်ဆောင်ခဲ့သောအရာသည် အကြောင်းတစ်စုံတစ်ခုကြောင့် အချည်းနှီးဖြစ်ပြီလောဟု သင်တို့အတွက် ငါစိုးရိမ်၏။
မြင့်မြတ်သည့်အရာများကို သင်တို့ပိုင်းခြားသိရှိနိုင်မည့်အကြောင်းနှင့် သင်တို့သည် ခရစ်တော်၏နေ့ရက်ကာလ၌ ဖြူစင်လျက် အပြစ်တင်စရာကင်းသောသူဖြစ်ကာ
သင်တို့၌ ကောင်းသောအမှုကိုအစပြုခဲ့သောအရှင်သည် ခရစ်တော်ယေရှု၏နေ့ရက်တိုင်အောင် ထိုအမှုကို ပြီးမြောက်စေတော်မူလိမ့်မည်ဟု ငါယုံကြည်စိတ်ချ၏။
ငါတို့သခင်ယေရှုကြွလာတော်မူသောအခါ ကိုယ်တော်၏ရှေ့တော်၌ ငါတို့၏မျှော်လင့်စရာအကြောင်း၊ ဝမ်းမြောက်စရာအကြောင်းနှင့် ဝါကြွားစရာသရဖူဖြစ်မည့်သူမှာ မည်သူနည်း။ သင်တို့ပင်မဟုတ်လော။
ထို့ကြောင့် ဖြားယောင်းသွေးဆောင်သောသူသည် တစ်နည်းနည်းဖြင့် သင်တို့ကိုဖြားယောင်းသွေးဆောင်ပြီး ငါတို့၏ကြိုးပမ်းအားထုတ်မှုသည် အချည်းနှီးဖြစ်မည်ကိုစိုးရိမ်၍ ငါသည် နောက်ထပ် အောင့်ခံ၍မရနိုင်တော့သဖြင့် သင်တို့၏ယုံကြည်ခြင်းကိုသိရှိနိုင်ရန်အတွက် သူ့ကိုစေလွှတ်ခဲ့၏။
ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍ ထက်မြက်ကာ အသွားနှစ်ဖက်ပါသည့် ဓားရှိသမျှတို့ထက် သာ၍ထက်သဖြင့် အသက်နှင့်ဝိညာဉ်တို့အထိလည်းကောင်း၊ အဆစ်အမြစ်နှင့်ခြင်ဆီတို့အထိလည်းကောင်း ထိုးဖောက်ပိုင်းခြားတတ်၏။ စိတ်နှလုံး၏စဉ်းစားဆင်ခြင်မှုနှင့်သဘောထားတို့ကိုလည်း ထိုးထွင်းသိမြင်နိုင်၏။
သင်တို့သည် ယိုယွင်းပျက်စီးတတ်သောမျိုးစေ့အားဖြင့်မဟုတ်ဘဲ ယိုယွင်းပျက်စီးခြင်းနှင့်ကင်းသည့်မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်တည်မြဲသည့် ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် အသစ်တစ်ဖန်မွေးဖွားစေခြင်းကိုခံရကြပြီ။
အစအဦးကပင်ရှိသောအရာ၊ ငါတို့ကြားရသောအရာ၊ ကိုယ့်မျက်စိဖြင့် မြင်ရသောအရာ၊ ငါတို့ကြည့်ရှုလျက် ကိုယ့်လက်ဖြင့် တို့ထိစမ်းသပ်ရသောအရာတည်းဟူသော အသက်နှင့်ဆိုင်သည့် နှုတ်ကပတ်တော်အကြောင်းဟူမူကား
ဝိညာဉ်တော်နှင့်သတို့သမီးတို့က “ကြွလာတော်မူပါ”ဟု ဆိုကြ၏။ ကြားနာသောသူကလည်း “ကြွလာတော်မူပါ”ဟု ဆိုပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အသက်ရေကို အခမဲ့ယူပါစေ။