Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 1:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 သင်​တို့​သည် ငါ​တို့​ကို တစ်စိတ်တစ်ဒေသ သိ​ထား​သည်​ဖြစ်၍ ငါ​တို့​သခင်​ယေရှု​၏​နေ့ရက်​၌ ငါ​တို့​သည် သင်​တို့​အတွက် ဝါကြွား​ဝမ်းမြောက်​စရာ​ဖြစ်​သကဲ့သို့ သင်​တို့​သည်​လည်း ငါ​တို့​အတွက် ဝါကြွား​ဝမ်းမြောက်​စရာ​ဖြစ်​ကြောင်း​ကို သင်​တို့​စုံလင်​စွာ​သိ​ကြ​လိမ့်မည်​ဟု ငါ​မျှော်လင့်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ငါ​တို့​၏​အ​ရှင်​ယေ​ရှု​ကြွ​လာ​တော်​မူ​ရာ​နေ့ ၌​ငါ​တို့​သည်​သင်​တို့​အ​တွက်​ဂုဏ်​ယူ​ဝါ​ကြွား နိုင်​သည့်​နည်း​တူ သင်​တို့​သည်​လည်း​ငါ​တို့ အ​တွက်​ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​ကြ​စေ​ရန် သင် တို့​သည်​ယ​ခု​တစ်​စိတ်​တစ်​ဒေ​သ​အား​ဖြင့် သာ သိ​ရှိ​နား​လည်​ကြ​သည့်​အ​ကြောင်း​အ​ရာ များ​ကို​ပြည့်​ဝ​စုံ​လင်​စွာ​သိ​ရှိ​နား​လည် လာ​ကြ​လိမ့်​မည်​ဟု​ငါ​မျှော်​လင့်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 ထို့ကြောင့် သင်တို့​သည် ကျွန်ုပ်တို့​ကို တစ်စိတ်တစ်ဒေသ သိထားသည်​နှင့်အညီ သခင်​ယေရှု ပြန်လည်​ကြွလာမည့် နေ့ရက်​၌ ကျွန်ုပ်တို့​သည် သင်တို့​အတွက် ဂုဏ်ယူ​ဝင့်ကြွားစရာ​ဖြစ်​သကဲ့သို့ သင်တို့​သည်လည်း ကျွန်ုပ်တို့​အတွက် ဂုဏ်ယူ​ဝင့်ကြွားစရာ​ဖြစ်ကြောင်း​ကို သင်တို့ စုံလင်​စွာ သိကြ​လိမ့်မည်​ဟု ကျွန်ုပ်​မျှော်လင့်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 1:14
16 ပူးပေါင်းရင်းမြစ်များ  

ညီအစ်ကို​တို့၊ သင်​တို့​သည် မိမိ​တို့​ကိုယ်​ကို​ပညာ​သတိ​ရှိ​သော​သူ​ဟူ၍​မ​ထင်မှတ်​ကြ​စေရန် ဤ​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို မ​သိ​ဘဲ​မ​နေ​စေ​လို​ပါ။ လျှို့ဝှက်​နက်နဲ​သော​အရာ​ဟူမူကား အစ္စရေး​လူမျိုး​၌ မာကျော​ခက်ထန်​သူ​အချို့​ရှိ​ခြင်း​မှာ လူမျိုးခြား​တို့​စုံလင်​စွာ​ဝင်ရောက်​သည်​အထိ​ဖြစ်​ပြီး


ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နေ့ရက်​တွင် သင်​တို့​၌​အပြစ်တင်​စရာ​မ​ရှိ​မည့်​အကြောင်း ကိုယ်တော်​သည် သင်​တို့​ကို အဆုံး​တိုင်အောင် ခိုင်ခံ့​မြဲမြံ​စေ​တော်မူ​လိမ့်မည်။


ပထမ​အနေဖြင့် သင်​တို့​သည် အသင်းတော်​၌​စုဝေး​ကြ​သောအခါ သင်​တို့​တွင် ကွဲပြား​မှု​များ​ရှိ​သည်​ဟု ငါ​ကြား​ရ​၍ ၎င်း​ကို တစ်စိတ်တစ်ဒေသ ငါ​ယုံ​၏။


ညီအစ်ကို​တို့၊ ငါ​တို့​သခင်​ခရစ်တော်​ယေရှု​၌ သင်​တို့​ကြောင့် ငါ​ရရှိ​သော​ဝါကြွား​ဝမ်းမြောက်​ခြင်း​ကို​တိုင်တည်​၍ “ငါ​သည် နေ့တိုင်း​သေ​နေ​ရ​၏”​ဟု ငါ​ဆို​၏။


သို့သော် တစ်စုံတစ်ယောက်​သည် ဝမ်းနည်း​ခြင်း​ကို​ဖြစ်​စေ​ခဲ့​လျှင် သူ​သည် ငါ့​ကို​ဝမ်းနည်း​စေ​သည်​မ​ဟုတ်​ဘဲ မ​ယုတ်​မ​လွန်​ပြော​ရ​လျှင် အတိုင်းအတာ​တစ်​ခု​အထိ သင်​တို့​အားလုံး​ကို​ဝမ်းနည်း​စေ​ခဲ့​၏။


ငါ​တို့​သည် မိမိတို့ကိုယ်ကို တစ်ဖန် သင်​တို့​ရှေ့၌ ထောက်ခံ​ချီးကျူး​နေ​ကြ​သည်​မ​ဟုတ်။ သို့သော် စိတ်နှလုံး​ကို​မ​ကြည့်​ဘဲ အပြင်​သဏ္ဌာန်​ကို​သာ​ကြည့်​၍ ဝါကြွား​တတ်​သော​သူ​တို့​၏​စကား​ကို သင်​တို့​ပြန်လည်​ချေပ​နိုင်​ရန် ငါ​တို့​နှင့်​ပတ်သက်၍ ဝါကြွား​ရ​သော​အခွင့်​ကို သင်​တို့​အား​ပေး​လိုက်​ခြင်း​သာ​ဖြစ်​၏။


အကြောင်းမူကား သင်​တို့​၏​စေတနာ​စိတ်​ကို ငါ​သိ​၏။ ထို​စေတနာ​စိတ်​အတွက် ငါ​သည် မာကေဒေါနိ​ပြည်သား​တို့​အား “အခါယ​ပြည်​သည် လွန်ခဲ့​သော​နှစ်​ကတည်းက​ပင် အသင့်​ပြင်ဆင်​ထား​ပြီ”​ဟု သင်​တို့​အကြောင်း​ကို​ဝါကြွား​ထား​၏။ ထိုအခါ သင်​တို့​၏​စိတ်အား​ထက်သန်​မှု​သည် များစွာ​သော​သူ​တို့​ကို နှိုးဆော်​ပေး​၏။


မြင့်မြတ်​သည့်​အရာ​များ​ကို သင်​တို့​ပိုင်းခြား​သိရှိ​နိုင်​မည့်အကြောင်း​နှင့် သင်​တို့​သည် ခရစ်တော်​၏​နေ့ရက်​ကာလ​၌ ဖြူစင်​လျက် အပြစ်တင်​စရာ​ကင်း​သော​သူ​ဖြစ်​ကာ


ထိုအခါ ငါ​သည် သင်​တို့​ထံသို့ တစ်ဖန်​ရောက်လာ​သဖြင့် သင်​တို့​၏​ဂုဏ်ယူ​ဝင့်ကြွား​စရာ​အကြောင်း​သည် ငါ့​ကြောင့် ခရစ်တော်​ယေရှု​၌ တိုးပွား​လိမ့်မည်။


သင်​တို့​၌ ကောင်း​သော​အမှု​ကို​အစပြု​ခဲ့​သော​အရှင်​သည် ခရစ်တော်​ယေရှု​၏​နေ့ရက်​တိုင်အောင် ထို​အမှု​ကို ပြီးမြောက်​စေ​တော်မူ​လိမ့်မည်​ဟု ငါ​ယုံကြည်​စိတ်ချ​၏။


ထိုသို့အားဖြင့် ငါ​သည် အချည်းနှီး​ပြေး​ခဲ့​သည်​မ​ဟုတ်​ကြောင်း​နှင့် အချည်းနှီး​အားထုတ်​လုပ်ဆောင်​ခဲ့​သည်​မ​ဟုတ်​ကြောင်း ခရစ်တော်​၏​နေ့ရက်​၌ ဂုဏ်ယူ​ဝါကြွား​နိုင်​လိမ့်မည်။


ထို့ကြောင့် ငါ​၏​ဝမ်းမြောက်​ခြင်း​အကြောင်း​နှင့် ငါ​၏​သရဖူ​ဖြစ်​သည့် ငါ​ချစ်​၍​လွမ်းဆွတ်​သော ငါ့​ညီအစ်ကို​တို့၊ ငါ​ဆို​ခဲ့​သည့်​အတိုင်း သခင်​ဘုရား​၌ ခိုင်မြဲ​စွာ​ရပ်တည်​ကြ​လော့၊ ငါ​ချစ်​သော​သူ​တို့။


ထို့ပြင် ငါ​တို့​၏​သခင်​ယေရှု​သည် မိမိ​၏​သန့်ရှင်း​သူ​အပေါင်း​တို့​နှင့်အတူ ကြွလာ​တော်မူ​သောအခါ ငါ​တို့​အဖ​ဖြစ်​တော်မူ​သော​ဘုရားသခင်​ရှေ့​တော်​တွင် သင်​တို့​၏​စိတ်နှလုံး​ကို မြင့်မြတ်​သန့်ရှင်း​ခြင်း​အရာ​၌ အပြစ်တင်​စရာ​မ​ရှိ​ရ​လေ​အောင် ခိုင်ခံ့​မြဲမြံ​စေ​တော်မူ​ပါစေသော။ အာမင်။


ငြိမ်သက်​ခြင်း​၏​အရှင် ဘုရားသခင်​ကိုယ်တော်​တိုင် သင်​တို့​ကို အကုန်အစင်​သန့်ရှင်း​စေ​တော်မူ​ပါစေသော။ ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကြွလာ​တော်မူ​သောအခါ သင်​တို့​၏​ဝိညာဉ်၊ စိတ်နှလုံး၊ ကိုယ်ခန္ဓာ​ကို အပြစ်တင်​စရာ​မ​ရှိ​စေရန် စောင့်ရှောက်​တော်မူ​ပါစေသော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ