ရှင်ဘုရင်သည် ထိုပညတ်တရားကျမ်းစာလိပ်၌ပါသောစကားတော်များကို ကြားရသောအခါ မိမိအဝတ်ကိုဆုတ်ဖြဲလေ၏။
နေဟမိ 8:9 - မြန်မာ့စံမီသမ္မာကျမ်း လူအပေါင်းတို့သည် ပညတ်တရားစကားများကို ကြားရသောအခါ ငိုကြွေးကြ၏။ ထို့ကြောင့် ဘုရင်ခံနေဟမိ၊ ကျမ်းပြုဆရာယဇ်ပုရောဟိတ်ဧဇရနှင့် လူတို့အား အဓိပ္ပာယ်ကိုရှင်းပြသောလေဝိသားတို့က “ယနေ့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောနေ့ ဖြစ်၏။ ထို့ကြောင့် မညည်းတွားကြနှင့်၊ မငိုကြွေးကြနှင့်”ဟု လူအပေါင်းတို့အား ဆို၏။ Common Language Bible သူတို့သည်ပညတ်တရားပြဋ္ဌာန်းချက်များ ကိုကြားသောအခါ စိတ်ထိခိုက်သဖြင့်ငို ကြွေးကြကုန်၏။ သို့ဖြစ်၍ဘုရင်ခံနေဟမိ၊ ပညတ်ကျမ်းတတ်ယဇ်ပုရောဟိတ်ဧဇရနှင့် ပညတ်ကျမ်းစာတော်၏အနက်အဋ္ဌိပ္ပါယ်ကို ရှင်းပြသူလေဝိအနွယ်ဝင်တို့က``ဤနေ့ သည်သင်တို့ဘုရားသခင်ထာဝရဘုရား ၏နေ့မြတ်ဖြစ်၏။ သင်တို့သည်ငိုကြွေးမြည် တမ်းမှုကိုမပြုကြနှင့်။- Garrad Bible ပ ည တ္တိ ကျမ်း ချက် ကို ကြား နာ သော ပ ရိ သတ် တို့ ငို ကြွေး ကြ သည် ဖြစ်၍၊ ဘု ရင် ခံ နေ ဟ မိ၊ ကျမ်း တတ် ပ ရော ဟိတ် ဧ ဇ ရ တို့ နှင့်၊ ပ ရိ သတ် အား သွန် သင် သင် သူ လေ ဝိ ဂိုဏ်း သား တို့ က၊ ဤ နေ့ ကား၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် သော နေ့ ဖြစ် သော ကြောင့်၊ ငို ကြွေး မြည် တမ်း ခြင်း ကို မ ပြု ရ ဟု နှိုး ဆော် ကြ သည့် ပြင်၊ Judson Bible လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို ကြားသောအခါ ငိုကြွေးကြသည်ဖြစ်၍၊ ပြည်အုပ်မင်း နေဟမိ၊ ကျမ်းတတ်ဆရာ ယဇ်ပုရောဟိတ်ဧဇရ၊ လူများတို့အား သွန်သင်သော လေဝိသားတို့က၊ ဤသည်နေ့ရက်သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားအဖို့ သန့်ရှင်းသောနေ့ဖြစ်၏။ ငိုကြွေးမြည်တမ်းခြင်းကို မပြုကြနှင့်။ |
ရှင်ဘုရင်သည် ထိုပညတ်တရားကျမ်းစာလိပ်၌ပါသောစကားတော်များကို ကြားရသောအခါ မိမိအဝတ်ကိုဆုတ်ဖြဲလေ၏။
ဤမြို့နှင့်မြို့သားတို့ကို ထိတ်လန့်စရာ၊ ကျိန်ဆဲစရာဖြစ်စေမည်ဟု ငါဆိုသည်ကို သင်ကြားရသောအခါ သင်သည် နှလုံးကြေကွဲလျက်၊ ကိုယ်ကိုနှိမ့်ချလျက်၊ ကိုယ့်အဝတ်ကို ဆုတ်လျက် ငါထာဝရဘုရားရှေ့တော်တွင် ငိုကြွေးသည်ကို ငါကြားပြီ။
အစ္စရေးလူမျိုးတို့တွင် ကာလကြာမြင့်စွာစစ်မှန်သောဘုရားမရှိ၊ သွန်သင်ပေးမည့်ယဇ်ပုရောဟိတ်မရှိ၊ ပညတ်တရားလည်းမရှိ။
ဟေဇကိမင်းကြီးသည်လည်း ထာဝရဘုရား၏အမှုတော်ကို ကောင်းမွန်ကျွမ်းကျင်စွာထမ်းဆောင်သော လေဝိအမျိုးသားအပေါင်းတို့အား အားပေးစကားပြောဆို၏။ ဤသို့ဖြင့် သူတို့သည် ပွဲတော်အစားအစာကို ခုနစ်ရက်ပတ်လုံး စားသောက်လျက်၊ မိတ်သဟာယယဇ်ကိုပူဇော်လျက် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းကြ၏။
ရှင်ဘုရင်သည် ထိုပညတ်တရားကျမ်းစကားများကို ကြားရသောအခါ မိမိအဝတ်ကို ဆုတ်ဖြဲလေ၏။
“ငါ့အတွက်သာမက အစ္စရေးပြည်၊ ယုဒပြည်၌ကြွင်းကျန်သောသူတို့အတွက် ဤတွေ့ရှိထားသောကျမ်းပါစကားတော်များနှင့်ပတ်သက်ပြီး ထာဝရဘုရားထံ သွား၍မေးလျှောက်ကြလော့။ ငါတို့ဘိုးဘေးတို့သည် ထာဝရဘုရား၏စကားတော်ကို မလိုက်နာ၊ ဤကျမ်းထဲ၌ရေးထားသမျှအတိုင်း မပြုကျင့်ကြသောကြောင့် ထာဝရဘုရားသည် ငါတို့ကို ပြင်းစွာအမျက်ထွက်လေပြီ”ဟု မိန့်ဆို၏။
အစ္စရေးတစ်မျိုးနွယ်လုံးကို သွန်သင်သောသူများဖြစ်၍ ထာဝရဘုရားအဖို့ သန့်ရှင်းသူများဖြစ်သောလေဝိအမျိုးသားတို့ကိုလည်း “သန့်ရှင်းသောသေတ္တာတော်ကို ဒါဝိဒ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ရှောလမုန်မင်းကြီးတည်ဆောက်ခဲ့သော အိမ်တော်တွင် ထားကြလော့။ သင်တို့ပခုံးဖြင့် ထမ်းသွားစရာမလိုတော့ပေ။ ယခုမှာ သင်တို့၏ဘုရားသခင်ထာဝရဘုရားနှင့် သူ၏လူမျိုးတော်အစ္စရေးတို့အဖို့ အမှုတော်ကိုထမ်းကြပါလော့။
ထို့ကြောင့် ဘုရင်ခံက သူတို့အား ဥရိမ်၊ သုမိမ် ဆောင်သောယဇ်ပုရောဟိတ် မပေါ်ထွန်းမီ အသန့်ရှင်းဆုံးအစာကို မစားရဟု မှာထားရ၏။
အစ္စရေးလူမျိုးတို့အဖို့ ပြဋ္ဌာန်းချက်များနှင့် ထာဝရဘုရားမိန့်တော်မူသောပညတ်တရားများကို ကောင်းစွာသိနားလည်သောကျမ်းပြုဆရာ ယဇ်ပုရောဟိတ်ဧဇရအား အာတဇေရဇ်မင်းကြီး ပေးလိုက်သောမိတ္တူစာတွင်
ဤသူတို့သည် ယောဇဒက်၏မြေး၊ ယေရွှာ၏သား ယောယကိမ်လက်ထက်၊ ဘုရင်ခံနေဟမိနှင့် ကျမ်းပြုဆရာယဇ်ပုရောဟိတ်ဧဇရတို့ခေတ်တွင် အမှုတော်ကို ထမ်းဆောင်သူများဖြစ်ကြ၏။
ထို့ကြောင့် ဘုရင်ခံက သူတို့အား ဥရိမ်၊ သုမိမ် ဆောင်သောယဇ်ပုရောဟိတ် မပေါ်ထွန်းမီ အသန့်ရှင်းဆုံးအစာကို မစားရဟု မှာထားရ၏။
အိမ်ထောင်စုအကြီးအမှူးအချို့တို့သည် ပြန်လည်တည်ဆောက်မှုလုပ်ငန်းအတွက် ပေးလှူကြ၏။ ဘုရင်ခံသည်လည်း ရွှေဒင်္ဂါးပြား တစ်ထောင်၊ အင်တုံ ငါးဆယ်၊ ယဇ်ပုရောဟိတ်ဝတ်စုံ ငါးရာသုံးဆယ်တို့ကို ဘဏ္ဍာတိုက်ထဲသို့ ထည့်သွင်းလှူဒါန်း၏။
ခုနစ်လပိုင်း ပထမနေ့တွင် ယဇ်ပုရောဟိတ်ဧဇရသည် နားထောင်၍နားလည်သဘောပေါက်နိုင်သော ယောက်ျားမိန်းမအပါအဝင် လူအပေါင်းတို့ရှိရာသို့ ပညတ်တရားကျမ်းကိုယူလာ၍
ငိုကြွေးရသောအချိန်နှင့် ရယ်မောရသောအချိန်ရှိ၏။ မြည်တမ်းရသောအချိန်နှင့် ကခုန်ရသောအချိန်ရှိ၏။
ငိုကြွေးမြည်တမ်းနေသော ဇိအုန်မြို့သားတို့အဖို့ ပြာအစားခေါင်းပေါင်း၊ ငိုကြွေးမြည်တမ်းခြင်းအစား ရွှင်မြူးခြင်းဆီ၊ ညှိုးငယ်သောစိတ်အစား ချီးမွမ်းခြင်းအဝတ်ကို စီရင်ပေးရန် ငါ့ကိုစေလွှတ်တော်မူပြီ။ ဘုန်းတော်ထင်ရှားစေရန် ထာဝရဘုရားစိုက်ပျိုးတော်မူသော ဖြောင့်မတ်ခြင်းဝက်သစ်ချပင်ဟု သူတို့ကို ခေါ်ဝေါ်ကြလိမ့်မည်။
ငါ့လူမျိုးတော်သည် အသိပညာမဲ့သောကြောင့် ပျက်စီးရလေပြီ။ သင်သည် အသိပညာကို ငြင်းပယ်သောကြောင့် သင့်ကို ယဇ်ပုရောဟိတ်အဖြစ်မှ ငါစွန့်ပယ်မည်။ သင်သည် ဘုရားသခင်၏ပညတ်တရားတော်ကို မေ့လျော့သောကြောင့် သင့်သားသမီးတို့ကို ငါမေ့လျော့မည်။
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သတ္တမလ၊ ပထမနေ့သည် သင်တို့ ငြိမ်ဝပ်စွာနေရသောနေ့၊ အောက်မေ့ဖွယ်ရာတံပိုးမှုတ်သည့် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းပြုသောနေ့ ဖြစ်ရမည်။
သင်တို့ပြုသောအပြစ်နောက်တစ်ခုမှာ ထာဝရဘုရားသည် သင်တို့ပေးလှူသောပူဇော်သက္ကာကို လက်မခံ၊ အရေးမစိုက်သောကြောင့် သင်တို့သည် ငိုကြွေးမြည်တမ်းလျက် ထာဝရဘုရား၏ယဇ်ပလ္လင်ကို မျက်ရည်ဖြင့် လွှမ်းမိုးစေကြ၏။
သို့ဖြစ်၍ ပညတ်တရားနှင့်ဆိုင်သောအကျင့်အားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်။ အကြောင်းမူကား ပညတ်တရားအားဖြင့် အပြစ်အကြောင်းကိုသိရှိရုံမျှသာဖြစ်၏။
ငါသည် တစ်ချိန်က ပညတ်တရားမပါဘဲ အသက်ရှင်ခဲ့၏။ သို့သော် ပညတ်တော်ရောက်လာသောအခါ အပြစ်သည် ပြန်လည်ရှင်သန်လာပြီး ငါမူကား သေဆုံးခဲ့သဖြင့်
သင်တို့မှစ၍ သင်တို့၏သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများနှင့်အတူ သင်တို့၏မြို့တံခါးအတွင်းရှိ အမွေဝေစုမရသောလေဝိအမျိုးတို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဝမ်းမြောက်ကြရမည်။
ထိုအရပ်တွင် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ စားရမည်။ သင်တို့လုပ်ဆောင်လေရာရာ၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားကောင်းချီးပေးတော်မူသောကြောင့် သင်တို့နှင့်သင်တို့၏အိမ်သူအိမ်သားတို့သည် ဝမ်းမြောက်ကြရမည်။
သင်မှစ၍ သင့်သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများ၊ သင့်မြို့အတွင်းရှိ လေဝိအမျိုးနှင့် သင်၌ရှိသော တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့သည် နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာတွင် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဝမ်းမြောက်ရမည်။
အကျွန်ုပ်သည် သေသူအတွက်ဝမ်းနည်းကြေကွဲစဉ် ထိုအရာကို မစားပါ။ မစင်မကြယ်ဖြစ်နေစဉ် ထိုအရာကို မထိပါ။ သေသောသူအတွက် ထိုအရာကို မပူဇော်ပါ။ အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို နားထောင်ပါပြီ။ အကျွန်ုပ်အား ကိုယ်တော်မိန့်မှာတော်မူသမျှအတိုင်း အကျွန်ုပ်ပြုပါပြီ။
စိတ်ညှိုးငယ်ခြင်း၊ ဝမ်းနည်းကြေကွဲခြင်းနှင့် ငိုကြွေးခြင်းရှိကြလော့။ သင်တို့၏ရယ်မောခြင်းကို ဝမ်းနည်းကြေကွဲခြင်းဖြစ်စေ၍ သင်တို့၏ဝမ်းမြောက်ခြင်းကို ဝမ်းနည်းပူဆွေးခြင်းဖြစ်စေကြလော့။