မာလခိ 2:13 - မြန်မာ့စံမီသမ္မာကျမ်း13 သင်တို့ပြုသောအပြစ်နောက်တစ်ခုမှာ ထာဝရဘုရားသည် သင်တို့ပေးလှူသောပူဇော်သက္ကာကို လက်မခံ၊ အရေးမစိုက်သောကြောင့် သင်တို့သည် ငိုကြွေးမြည်တမ်းလျက် ထာဝရဘုရား၏ယဇ်ပလ္လင်ကို မျက်ရည်ဖြင့် လွှမ်းမိုးစေကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible13 သင်တို့ပြုသောအခြားအမှုတစ်ခုရှိ သေး၏။ သင်တို့သည်မိမိတို့ယူဆောင်လာ သည့်ပူဇော်သကာများကိုထာဝရဘုရား လက်ခံတော်မမူသဖြင့်ငိုကြွေးမြည် တမ်းလျက်ကိုယ်တော်၏ယဇ်ပလ္လင်တော်ကို မျက်ရည်တွင်နစ်မြုပ်စေကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible13 ၎င်း ပြင်၊ သင် တို့ အ လှူ များ ကို ထာ ဝ ရ ဘု ရား အာ ရုံ မ ပြု၊ နှစ် သက် လက် ခံ တော် မ မူ သည့် တိုင် အောင်၊ ပူ ဇော် ရာ ပ လ္လင် တော် ကို၊ မျက် ရည် ကျ ခြင်း၊ ငို ကြွေး ခြင်း၊ မြည် တမ်း ခြင်း များ ဖြင့်၊ သင် တို့ ဖုံး လွှမ်း ကြ ရှာ လေ စွ။ အခန်းကိုကြည့်ပါ။Judson Bible13 တစ်ဖန် သင်တို့ပြုသော အမှုဟူမူကား၊ ထာဝရဘုရား၏ယဇ်ပလ္လင်ကို မျက်ရည်ကျခြင်း၊ ငိုကြွေးမြည်တမ်းခြင်းနှင့် ဖုံးအုပ်ကြပြီ။ ထိုကြောင့်၊ ပူဇော်သကာကိုမှတ်တော်မမူ။ သင်တို့လက်မှ နှစ်သက်သောစိတ်နှင့် ခံတော်မမူ။ အခန်းကိုကြည့်ပါ။ |
သင်သည် ‘အကြွေးလျှော်ပစ်ခြင်းနှစ်ဖြစ်သော ခုနစ်နှစ်မြောက်သောနှစ်ရောက်လုနီးပြီ’ဟု တွေးလျက် နွမ်းပါးသော သင်၏ညီအစ်ကိုအား မကြည်ဖြူ၊ ဘာမျှမပေးဘဲနေခြင်းဖြင့် ဆိုးညစ်သောစိတ် မဝင်မိစေရန်သတိပြုလော့။ သို့မဟုတ်လျှင် သူသည် ထာဝရဘုရားထံဟစ်အော်သဖြင့် သင့်အပေါ်အပြစ်သက်ရောက်မည်။