နေဟမိ 7:70 - မြန်မာ့စံမီသမ္မာကျမ်း70 အိမ်ထောင်စုအကြီးအမှူးအချို့တို့သည် ပြန်လည်တည်ဆောက်မှုလုပ်ငန်းအတွက် ပေးလှူကြ၏။ ဘုရင်ခံသည်လည်း ရွှေဒင်္ဂါးပြား တစ်ထောင်၊ အင်တုံ ငါးဆယ်၊ ယဇ်ပုရောဟိတ်ဝတ်စုံ ငါးရာသုံးဆယ်တို့ကို ဘဏ္ဍာတိုက်ထဲသို့ ထည့်သွင်းလှူဒါန်း၏။ အခန်းကိုကြည့်ပါ။Common Language Bible70-72 ဗိမာန်တော်ပြန်လည်တည်ဆောက်မှုကုန်ကျစရိတ်အတွက် ပေးလှူကြသူများမှာအောက်ပါအတိုင်းဖြစ်သည်။ ဘုရင်ခံရွှေအောင်စ ၂၇၀ ဗိမာန်တော်ဝတ်ပြုကိုးကွယ်ရာတွင် အသုံးပြုသည့်အင်တုံ ၅၀ ယဇ်ပုရောဟိတ်ဝတ်စုံ ၅၃၀ သားချင်းစုခေါင်းဆောင်များ ရွှေ ၃၃၇ပေါင် ငွေ ၃၂၁၅ပေါင် ကျန်ပြည်သူများရွှေ ၃၃၇ ပေါင် ငွေ ၂၉၂၃ ပေါင် ယဇ်ပုရောဟိတ်ဝတ်စုံ ၆၇ အခန်းကိုကြည့်ပါ။Garrad Bible70 အ မှု တော် ဆောင် ရွက် ရန် အိမ် ထောင် အအုပ် အချုပ် အ ချို့ တို့ လှူ ဒါန်း ကြ သည် မှာ၊ ဘု ရင် ခံ မင်း က၊ ရွှေ ဒင်္ဂါး တစ် ထောင်၊ အင် တုံ တော် ငါး ဆယ်၊ သင်္ကန်း စုံ ငါး ရာ့ သုံး ဆယ်။ အခန်းကိုကြည့်ပါ။Judson Bible70 အဆွေအမျိုး သူကြီးအချို့တို့သည် အမှုတော်ကိုဆောင်ရွက်စရာ လှူကြ၏။ ပြည်အုပ်မင်းသည်လည်း ရွှေဒင်္ဂါးတစ်ထောင်၊ အင်တုံငါးဆယ်၊ ယဇ်ပုရောဟိတ်အဝတ်စုံ ငါးရာသုံးဆယ်ကို ဘဏ္ဍာတော်ထဲသို့ သွင်းလေ၏။ အခန်းကိုကြည့်ပါ။ |
လူအပေါင်းတို့သည် ပညတ်တရားစကားများကို ကြားရသောအခါ ငိုကြွေးကြ၏။ ထို့ကြောင့် ဘုရင်ခံနေဟမိ၊ ကျမ်းပြုဆရာယဇ်ပုရောဟိတ်ဧဇရနှင့် လူတို့အား အဓိပ္ပာယ်ကိုရှင်းပြသောလေဝိသားတို့က “ယနေ့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောနေ့ ဖြစ်၏။ ထို့ကြောင့် မညည်းတွားကြနှင့်၊ မငိုကြွေးကြနှင့်”ဟု လူအပေါင်းတို့အား ဆို၏။