ထို့ကြောင့် ဘုရင်ခံက သူတို့အား ဥရိမ်၊ သုမိမ် ဆောင်သောယဇ်ပုရောဟိတ် မပေါ်ထွန်းမီ အသန့်ရှင်းဆုံးအစာကို မစားရဟု မှာထားရ၏။
နေဟမိ 7:65 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဘုရင်ခံက သူတို့အား ဥရိမ်၊ သုမိမ် ဆောင်သောယဇ်ပုရောဟိတ် မပေါ်ထွန်းမီ အသန့်ရှင်းဆုံးအစာကို မစားရဟု မှာထားရ၏။ Common Language Bible ယုဒဘုရင်ခံကသူတို့အား``သင်တို့သည်ဥရိမ်နှင့်သုမိမ် ကိုအသုံးပြု၍ဆုံးဖြတ်နိုင်သူယဇ်ပုရောဟိတ်တစ်ပါးမပေါ်မချင်းဘုရားသခင်အားပူဇော်သည့်အစားအစာများကိုမစားကြရ'' ဟုဆို၏။ Garrad Bible ဘု ရင် ခံ မင်း က၊ ဥ ရိမ် နှင့် သု မိမ် ကို ဆင် ယင် သော ပ ရော ဟိတ် မ ပေါ် ထွန်း မီ၊ အ ထူး သီး သန့် ရာ များ ကို ထို သူ တို့ မ သုံး ဆောင် ရ ဟု စီ ရင် လေ ၏။ Judson Bible ဥရိမ်နှင့်သုမိမ်ပါသော ယဇ်ပုရောဟိတ် မပေါ်မီတိုင်အောင် သူတို့သည် အလွန်သန့်ရှင်းသောအရာတို့ကို မစားရဟု ပြည်အုပ်မင်းစီရင်၏။ |
ထို့ကြောင့် ဘုရင်ခံက သူတို့အား ဥရိမ်၊ သုမိမ် ဆောင်သောယဇ်ပုရောဟိတ် မပေါ်ထွန်းမီ အသန့်ရှင်းဆုံးအစာကို မစားရဟု မှာထားရ၏။
သူတို့သည် မျိုးရိုးစဉ်ဆက်စာရင်းတွင် မိမိတို့မျိုးရိုးကိုရှာသော်လည်း မတွေ့သဖြင့် ယဇ်ပုရောဟိတ်အရိုက်အရာမှ ဖယ်ရှားခြင်းခံရ၏။
ဤသို့လိုက်ပါလာသောလူထုကြီးမှာ စုစုပေါင်း လေးသောင်းနှစ်ထောင်သုံးရာခြောက်ဆယ် ရှိ၏။
အိမ်ထောင်စုအကြီးအမှူးအချို့တို့သည် ပြန်လည်တည်ဆောက်မှုလုပ်ငန်းအတွက် ပေးလှူကြ၏။ ဘုရင်ခံသည်လည်း ရွှေဒင်္ဂါးပြား တစ်ထောင်၊ အင်တုံ ငါးဆယ်၊ ယဇ်ပုရောဟိတ်ဝတ်စုံ ငါးရာသုံးဆယ်တို့ကို ဘဏ္ဍာတိုက်ထဲသို့ ထည့်သွင်းလှူဒါန်း၏။
လူအပေါင်းတို့သည် ပညတ်တရားစကားများကို ကြားရသောအခါ ငိုကြွေးကြ၏။ ထို့ကြောင့် ဘုရင်ခံနေဟမိ၊ ကျမ်းပြုဆရာယဇ်ပုရောဟိတ်ဧဇရနှင့် လူတို့အား အဓိပ္ပာယ်ကိုရှင်းပြသောလေဝိသားတို့က “ယနေ့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောနေ့ ဖြစ်၏။ ထို့ကြောင့် မညည်းတွားကြနှင့်၊ မငိုကြွေးကြနှင့်”ဟု လူအပေါင်းတို့အား ဆို၏။
တရားစီရင်ခြင်းဆိုင်ရာရင်ခံပြားထဲ၌ ဥရိမ်၊ သုမိမ်ကိုထည့်ထားရမည်။ အာရုန်သည် ထာဝရဘုရားရှေ့တော်သို့ဝင်သောအခါ ဥရိမ်၊ သုမိမ်သည် သူ၏နှလုံးပေါ်တွင်ရှိနေရမည်။ ဤသို့ဖြင့် ထာဝရဘုရားရှေ့တော်၌ အာရုန်သည် အစ္စရေးအမျိုးသားတို့နှင့်ဆိုင်သောတရားစီရင်ချက်ကို မိမိ၏နှလုံးပေါ်တွင် အစဉ်ဆောင်ထားရမည်။
ကျန်ရှိသောဘောဇဉ်ပူဇော်သက္ကာသည် အာရုန်နှင့်သူ၏သားတို့အဖို့ ဖြစ်ရမည်။ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်များထဲမှ အထူးသန့်ရှင်းသောပူဇော်သက္ကာဖြစ်၏။
ကျန်ရှိသောဘောဇဉ်ပူဇော်သက္ကာသည် အာရုန်နှင့်သူ၏သားတို့အဖို့ ဖြစ်ရမည်။ ထာဝရဘုရားအား မီးဖြင့်ပူဇော်သောယဇ်များထဲမှ အထူးသန့်ရှင်းသောပူဇော်သက္ကာဖြစ်၏။
တဆေးထည့်၍ မဖုတ်ရ။ ငါ့အဖို့ မီးဖြင့်ပူဇော်သောယဇ်ထဲမှ ၎င်းကို သူတို့၏ဝေစုအဖြစ် ငါပေး၏။ ၎င်းသည် အပြစ်ဖြေရာယဇ်နှင့် အပြစ်ဒဏ်ဖြေရာယဇ်ကဲ့သို့ပင် အလွန်သန့်ရှင်း၏။
သူသည် ယဇ်ပုရောဟိတ်ဧလာဇာရှေ့၌ ရပ်၍ ထာဝရဘုရားရှေ့တော်တွင် ယဇ်ပုရောဟိတ်က ဥရိမ်၏ဆုံးဖြတ်ချက်ကို မေးမြန်းပေးရမည်။ သူမှစ၍ သူနှင့်အတူရှိသောလူထုအပေါင်းဖြစ်သည့်အစ္စရေးအမျိုးသားအပေါင်းတို့သည် သူ၏စီရင်ဆုံးဖြတ်ချက်အတိုင်း သွားလာရမည်”ဟု မိန့်တော်မူ၏။
လေဝိအမျိုးကိုကား၊ ကိုယ်တော်၏သုမိမ်နှင့်ဥရိမ်သည် မဿာအရပ်၌ ကိုယ်တော်စမ်းသပ်သော၊ မေရိဘစမ်းရေနား၌ ကိုယ်တော်ရန်တွေ့သော ကိုယ်တော်၏သန့်ရှင်းသူတို့နှင့်အတူရှိပါစေသော။