Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နေ​ဟ​မိ 7:64 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

64 သူ​တို့​သည် မျိုးရိုးစဉ်ဆက်​စာရင်း​တွင် မိမိ​တို့​မျိုးရိုး​ကို​ရှာ​သော်လည်း မ​တွေ့​သဖြင့် ယဇ်ပုရောဟိတ်​အရိုက်အရာ​မှ ဖယ်ရှား​ခြင်း​ခံရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

64 ရွှေ တိုက် စာ ရင်း တွင်၊ ဆွေ စဉ် မျိုး ဆက် ရှာ၍ မ တွေ့ သော ကြောင့်၊ သီး သန့် သူ့ အ ဆက် မ ဟုတ် ဟု ထင် မှတ် သည့် အ လျောက်၊ ပ ရော ဟိတ် ရာ ထူး မှ ချ ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

64 စာ​ရင်း​ဝင်​သော​လူ​စု​တွင် မိ​မိ​တို့​စာ​ရင်း​ကို​ရှာ၍ မ​တွေ့​သော​ကြောင့်၊ အ​မျိုး​မ​စစ်၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို မ​ခံ​ရ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 7:64
8 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​တစ်မျိုးနွယ်လုံး​၏​မျိုးရိုးစဉ်ဆက်​စာရင်း​ကို ရေးမှတ်​၍ အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် မှတ်တမ်းတင်​ထား​၏​။ ယုဒ​လူမျိုး​တို့​မူကား မိမိ​တို့​ကျူးလွန်​မိ​သော​အမှား​များ​ကြောင့် ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​ခြင်း ခံရ​ကြ​၏​။


အို အကျွန်ုပ်​၏​ဘုရားသခင်​၊ သူ​တို့​သည် ယဇ်ပုရောဟိတ်​အရိုက်အရာ​ကို ရှုတ်ချ​၍ ယဇ်ပုရောဟိတ်​အရိုက်အရာ​နှင့် လေဝိ​အမျိုး​တို့​၏​ပဋိညာဉ်​ကို ဖောက်ဖျက်​သောကြောင့် သူ​တို့​ကို မှတ်​တော်မူ​ပါ​။


ခေါင်းဆောင်​များ​၊ ကြီးကြပ်​သူ​များ​နှင့် လူ​များ​ကို စုဝေး​၍ မျိုးရိုးစဉ်ဆက်​စာရင်းကောက်​ရန် ဘုရားသခင်​သည် ငါ့​စိတ်​ကို​နှိုးဆော်​၏​။ ထို့ကြောင့် ပထမဆုံး​ပြန်လည်​ရောက်ရှိ​လာ​သူ​တို့​၏​မျိုးရိုးစဉ်ဆက်​စာရင်း​ကို စစ်ဆေး​ရာ စာရင်း​တွင် ဤသို့​ရေးသွင်း​ထား​သည်​ကို တွေ့​ရ​၏​။


ယဇ်ပုရောဟိတ်​တို့​တွင် ဟဗာယ​သားမြေး​၊ ဟက္ကုတ်​သားမြေး​နှင့် ဂိလဒ်​ပြည်သား ဗာဇိလဲ​သမီး​ကို စုံဖက်​၍ ထို​နာမည်​ကို ဆက်ခံ​သူ ဗာဇိလဲ​သားမြေး​တို့​လည်း လိုက်ပါ​လာ​ကြ​၏​။


ထို့ကြောင့် ဘုရင်ခံ​က သူ​တို့​အား ဥရိမ်​၊ သုမိမ် ဆောင်​သော​ယဇ်ပုရောဟိတ် မ​ပေါ်ထွန်း​မီ အသန့်ရှင်းဆုံး​အစာ​ကို မ​စား​ရ​ဟု မှာထား​ရ​၏​။


ဘိသိက်ခံ​ယဇ်ပုရောဟိတ်​သည် အပြစ်ပြု​သဖြင့် လူ​တို့​အပေါ် အပြစ်​သက်ရောက်​စေ​လျှင်​လည်းကောင်း သူ​ကျူးလွန်​သော​အပြစ်​အတွက် အပြစ်ဖြေရာယဇ်​အဖြစ် အပြစ်အနာအဆာကင်း​သည့် နွားထီးပျို​တစ်​ကောင်​ကို ထာဝရဘုရား​အား ပူဇော်​ရ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ