တရားဟော 33:8 - မြန်မာ့စံမီသမ္မာကျမ်း8 လေဝိအမျိုးကိုကား၊ ကိုယ်တော်၏သုမိမ်နှင့်ဥရိမ်သည် မဿာအရပ်၌ ကိုယ်တော်စမ်းသပ်သော၊ မေရိဘစမ်းရေနား၌ ကိုယ်တော်ရန်တွေ့သော ကိုယ်တော်၏သန့်ရှင်းသူတို့နှင့်အတူရှိပါစေသော။ အခန်းကိုကြည့်ပါ။Common Language Bible8 လေဝိအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေသည်။ ``အို ထာဝရဘုရားကိုယ်တော်၏အလိုတော်ကို ကိုယ်တော်အားသစ္စာစောင့်သောအစေခံ လေဝိအနွယ်ဝင်တို့မှတစ်ဆင့် သုမိမ်နှင့်ဥရိမ် အားဖြင့်ဖော်ပြတော်မူပါ၏။ ကိုယ်တော်သည်မဿာအရပ်တွင်သူတို့၌ သစ္စာရှိသည်မရှိသည်ကိုစစ်ဆေး၍ မေရိဘစမ်း၌သူတို့သစ္စာရှိသည်ကို သိမြင်တော်မူပါသည်။ အခန်းကိုကြည့်ပါ။Garrad Bible8 လေ ဝိ အ နွယ် ကို ရည်၍ ဖွဲ့ ဆို သည် မှာ ကိုယ် တော်၏ သု မိမ် နှင့် ဥရိမ် သည် မဿာ အ ရပ်၌ စုံ စမ်း တော် မူ ခြင်း၊ မေ ရိ ဘ ရေ အ နီး ရန် ပြု တော် မူ ခြင်း ကို ခံ ရ သူ၊ ဘု ရား တ ရား ကြည် ညို သူ၏ အ ပိုင် ဖြစ် ပါ စေ သော။ အခန်းကိုကြည့်ပါ။Judson Bible8 လေဝိအမျိုးကိုကား၊ သင်၏သုမိမ်နှင့်ဥရိမ်သည် မဿာအရပ်၌ သင်စုံစမ်း၍၊ မေရိဘစမ်းရေအနားမှာ သင်ဆန့်ကျင်ဘက်ပြုသော သင်၏ သန့်ရှင်းသူ၌ ရှိပါစေသော၊ အခန်းကိုကြည့်ပါ။ |
တရားစီရင်ခြင်းဆိုင်ရာရင်ခံပြားထဲ၌ ဥရိမ်၊ သုမိမ်ကိုထည့်ထားရမည်။ အာရုန်သည် ထာဝရဘုရားရှေ့တော်သို့ဝင်သောအခါ ဥရိမ်၊ သုမိမ်သည် သူ၏နှလုံးပေါ်တွင်ရှိနေရမည်။ ဤသို့ဖြင့် ထာဝရဘုရားရှေ့တော်၌ အာရုန်သည် အစ္စရေးအမျိုးသားတို့နှင့်ဆိုင်သောတရားစီရင်ချက်ကို မိမိ၏နှလုံးပေါ်တွင် အစဉ်ဆောင်ထားရမည်။
ထို့နောက် မောရှေက ကောရနှင့်သူ၏အပေါင်းပါအားလုံးတို့အား “မည်သူသည် ထာဝရဘုရား၏လူဖြစ်သည်ကိုလည်းကောင်း၊ မည်သူသည် သန့်ရှင်းသောသူဖြစ်သည်ကိုလည်းကောင်း၊ မည်သူသည် ကိုယ်တော်ထံသို့ချဉ်းကပ်ခွင့်ရမည်ကိုလည်းကောင်း မနက်ဖြန်နံနက် ထာဝရဘုရားဖော်ပြတော်မူလိမ့်မည်။ ကိုယ်တော်သည် မိမိရွေးချယ်တော်မူသောသူကို မိမိထံသို့ ချဉ်းကပ်ခွင့်ပေးတော်မူလိမ့်မည်။