အာခဗော်၏သား ဗာလဟာနန်မင်းကြီးအနိစ္စရောက်သောအခါ ဟာဒါသည် သူ့နေရာ၌စိုးစံ၍ မြို့တော်မှာ ပေါမြို့ ဖြစ်၏။ သူ၏မိဖုရားအမည်မှာ မဟေတဗေလဖြစ်ပြီး သူသည် မေဇဟပ်၏မြေး မာတရက်၏သမီးဖြစ်၏။
နေဟမိ 6:10 - မြန်မာ့စံမီသမ္မာကျမ်း မဟေတဗေလ၏မြေး၊ ဒေလာယ၏သားရှေမာယသည် အိမ်ထဲ၌ ပုန်းအောင်းနေသဖြင့် ငါသည် သူ့ဆီသို့သွား၏။ ထိုအခါ သူက “ဗိမာန်တော်အတွင်း ဘုရားသခင်၏အိမ်တော်မှာ နေကြစို့။ ဗိမာန်တော်တံခါးများလည်း ပိတ်ထားကြစို့။ အကြောင်းမှာ သင့်ကို လာသတ်ကြလိမ့်မည်။ ညအချိန်မှာ သင့်ကို လာသတ်ကြလိမ့်မည်”ဟု ဆို၏။ Common Language Bible ထိုအချိန်အတောအတွင်း၌မဟေတ ဗေလ၏မြေး၊ ဒေလာယ၏သားရှေမာယ သည်မိမိနေအိမ်မှမထွက်ခွာနိုင်သဖြင့် ငါသည်သူ့ထံသို့သွားရောက်ရာသူက``ငါ တို့သည်ဗိမာန်တော်သို့သွား၍သန့်ရှင်းရာ ဌာနတော်တွင်ပုန်းအောင်းကာတံခါးများ ကိုပိတ်ထားကြကုန်အံ့။ သူတို့သည်ကိုယ် တော်ကိုသတ်ရန်လာကြလိမ့်မည်။ အဘယ် ည၌မဆိုလာ၍ကိုယ်တော်ကိုသတ်ကြ လိမ့်မည်'' ဟုငါ့အားပြောကြား၏။ Garrad Bible ထို ကာ လ၊ မ ဟေ တ ဗေ လ မြေး ဒေ လာ ယ သား ဖြစ် သော၊ တံ ခါး ပိတ် လျက် နေ သူ ရှေ မာ ယ အိမ် သို့ ငါ သွား လျှင်၊ သူ က၊ ဘုရား သ ခင် စံ ရာ တော် ဗိ မာန် အ တွင်း တွေ့ ဆုံ လျက်၊ တံ ခါး တော် ပိတ်၍ နေ ကြ ကုန် အံ့။ ကိုယ် တော် ကို သတ် ရန် လာ ကြ လိမ့် မည်။ Judson Bible ထိုအခါ မဟေတဗေလသားဖြစ်သော ဒေလာယ၏သား ရှေမာယသည်၊ ပုန်းရှောင်လျက်နေသော အိမ်သို့ ငါသွားလျှင်၊ သူက ဘုရားသခင်၏အိမ်တော် အတွင်းခန်းထဲမှာ ငါတို့သည် စုဝေး၍၊ ဗိမာန်တော်တံခါးတို့ကို ပိတ်ထားကြကုန်အံ့။ ကိုယ်တော်ကို သတ်အံ့သောငှာ လာကြလိမ့်မည်။ ယနေ့ည၌ပင် လာကြလိမ့်မည်ဟု ဆို၏။ |
အာခဗော်၏သား ဗာလဟာနန်မင်းကြီးအနိစ္စရောက်သောအခါ ဟာဒါသည် သူ့နေရာ၌စိုးစံ၍ မြို့တော်မှာ ပေါမြို့ ဖြစ်၏။ သူ၏မိဖုရားအမည်မှာ မဟေတဗေလဖြစ်ပြီး သူသည် မေဇဟပ်၏မြေး မာတရက်၏သမီးဖြစ်၏။
အိမ်တော်နံရံနှင့်ကပ်လျက် အခန်းများ ပတ်ပတ်လည်ဆောက်ထား၏။ ထိုအခန်းများကို အိမ်တော်၏ပင်မဆောင်နှင့် သန့်ရှင်းရာဌာနနံရံများတွင် ပတ်ပတ်လည်ဆောက်ထား၏။
တိုင်းပြည်ကို အာသလိဘုရင်မ အုပ်စိုးစဉ် ယောရှသည် အထိန်းတော်နှင့်အတူ ထာဝရဘုရား၏အိမ်တော်တွင် ခြောက်နှစ်ပတ်လုံး ပုန်းရှောင်နေခဲ့ရ၏။
အာဟပ်မင်းမျိုးမင်းနွယ်အားလုံး ပျက်စီးသွားရလိမ့်မည်။ အစ္စရေးပြည်ရှိ အာဟပ်မင်းကြီးအမျိုးထဲမှ ကျွန်ပြုခံရသူနှင့် ကျွန်ပြုမခံရသူပါမကျန် ယောက်ျားတို့ကို ငါပယ်ရှင်းမည်။
အာခတ်မင်းကြီးသည် ဘုရားသခင်၏အိမ်တော်အသုံးအဆောင်တို့ကို စုပုံပြီး ထိုဘုရားသခင်၏အိမ်တော်အသုံးအဆောင်တို့ကို ချိုးဖဲ့ဖျက်ဆီးပစ်ကာ ထာဝရဘုရား၏အိမ်တော်တံခါးများကိုလည်း ပိတ်ထား၏။ ထို့နောက် ဂျေရုဆလင်မြို့လမ်းထောင့်ရှိသမျှတို့၌ မိမိအဖို့ယဇ်ပလ္လင်များကို တည်၏။
သူသည် နန်းတက်စ ပထမနှစ်၊ ပထမလတွင်ပင် ထာဝရဘုရား၏အိမ်တော်တံခါးတို့ကို ပြန်လည်ဖွင့်၍ ပြုပြင်၏။
အိမ်တော်ဆင်ဝင်တံခါးများကိုပိတ်ထားပြီး မီးခွက်များကိုလည်း ငြှိမ်းထားပြီ။ အမွှေးနံ့သာကိုလည်း မပူဇော်။ အစ္စရေးလူမျိုး၏ဘုရားသခင်အဖို့ သန့်ရှင်းရာဌာနတွင် မီးရှို့ရာယဇ်ကို မပူဇော်။
ထို့ကြောင့် အကြီးအမှူးများဖြစ်သော ဧလျေဇာ၊ အရေလ၊ ရှေမာယ၊ ဧလနာသန်၊ ယာရိပ်၊ ဧလနာသန်၊ နာသန်၊ ဇာခရိ၊ မေရှုလံနှင့် ပညာရှင် ယောယရိပ်နှင့် ဧလနာသန်တို့ကို ခေါ်ပြီးလျှင်
ရှေမာယသည် ဘုရားသခင်စေလွှတ်၍မဟုတ်၊ တောဘိနှင့်သမ္ဘာလတ်တို့က ငှားရမ်းထားသူဖြစ်သဖြင့် ငါ့ကို ဆန့်ကျင်ပြီး ပရောဖက်ပြုနေသည်ကို ငါကောင်းကောင်းသိ၏။
လူတို့သည် မိမိ၏အိမ်နီးချင်းတို့ကို မဟုတ်မမှန်ပြောဆိုကြပါ၏။ မြှောက်ပင့်တတ်သောနှုတ်ခမ်းနှင့် နှစ်ခွသောစိတ်ဖြင့် ပြောဆိုကြပါ၏။
ဆိုးယုတ်သောသူသည် ဖြောင့်မတ်သောသူအပေါ် မကောင်းကြံစည်ကာ သူ့ကိုကြည့်လျက် အံကြိတ်တတ်၏။
ဘုရားတရားမဲ့သောသူသည် နှုတ်ဖြင့် မိမိ၏အိမ်နီးချင်းကို ဖျက်ဆီးတတ်၏။ ဖြောင့်မတ်သောသူတို့မူကား အသိပညာအားဖြင့် လွတ်မြောက်ခြင်းသို့ရောက်ကြလိမ့်မည်။
ထို့နောက် ယေရမိက ဗာရုတ်အား “ငါအချုပ်ခံနေရသဖြင့် ထာဝရဘုရား၏အိမ်တော်သို့ မသွားနိုင်။
ထိုအခါ ဝိညာဉ်တော်သည် ငါ့အထဲသို့ဝင်ရောက်၍ ငါ့ကို မတ်တတ်ရပ်စေပြီး “သင့်အိမ်သို့ပြန်သွား၍ ပုန်းနေလော့။
“ငါ့ယဇ်ပလ္လင်ရှိရာသို့ဝင်၍ မီးကိုအချည်းနှီးမထွန်းရအောင် တံခါးကို မည်သူပိတ်ပေးမည်နည်း။ ငါသည် သင်တို့ကို မနှစ်သက်။ သင်တို့လက်နှင့်ပူဇော်သောယဇ်ကို ငါလက်မခံ”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။
ပရောဖက်အတုအယောင်များကို သတိထားကြလော့။ သူတို့သည် သိုးရေခြုံလျက် သင်တို့ထံသို့လာသော်လည်း အတွင်း၌ကား အငမ်းမရဖြစ်သည့်ဝံပုလွေကဲ့သို့ဖြစ်ကြ၏။
ဆိုးညစ်သောအမှုများကို ပြုကျင့်သောသူတိုင်း အလင်းကိုမုန်းလျက် မိမိပြုသောအမှုများ ဖော်ပြခြင်းခံရမည်ကိုစိုးရိမ်သဖြင့် အလင်းထံသို့မချဉ်းကပ်ကြ။
ထိုအခါ တစ်မြို့လုံးဆူပူလှုပ်ရှား၍ လူတို့သည် ပြေးလာကြကာ ပေါလုကိုဖမ်းဆီးလျက် ဗိမာန်တော်အပြင်သို့ ဆွဲထုတ်ပြီးလျှင် တံခါးများကို ချက်ချင်းပိတ်လိုက်ကြ၏။