Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နေ​ဟ​မိ 6:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ရှေမာယ​သည် ဘုရားသခင်​စေလွှတ်​၍​မ​ဟုတ်​၊ တောဘိ​နှင့်​သမ္ဘာလတ်​တို့​က ငှားရမ်း​ထား​သူ​ဖြစ်​သဖြင့် ငါ့​ကို ဆန့်ကျင်​ပြီး ပရောဖက်ပြု​နေ​သည်​ကို ငါ​ကောင်းကောင်း​သိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ဤ​အ​မှု​ကို​ငါ​စဉ်း​စား​ဆင်​ခြင်​သော​အ​ခါ ယင်း​သို့​ရှေ​မာ​ယ​ငါ့​အား​သ​တိ​ပေး​သည် မှာ သူ့​အား​ဘု​ရား​သ​ခင်​မှာ​ကြား​ထား​တော် မူ​သော​ကြောင့်​မ​ဟုတ်။ တော​ဘိ​နှင့်​သမ္ဘာ​လတ် တို့​တံ​စိုး​လက်​ဆောင်​ပေး​၍ စေ​ခိုင်း​ထား​သော ကြောင့်​ဖြစ်​ကြောင်း​ရိပ်​မိ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12-13 ငါ မ ဝင် ထိုက် ဟု ပြန် ပြော ခြင်း အ ကြောင်း ကား၊ ထို သူ သည် ဘု ရား သ ခင် စေ လွှတ် သူ မ ဟုတ်။ ငါ ကြောက် ရွံ့ ၍ ထို သို့ ပြစ် မှား မိ က၊ နာ မည် ပျက် လျက် ကဲ့ ရဲ့ ဖွယ် ရာ ဖြစ် စေ ရန်၊ တော ဘိ ယ နှင့် သ မ္ဘာ လတ် တို့ ငှား၍ ဟော ပြော သည် ကို ငါ ရိပ် မိ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ထို​သူ​ကို ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မ​မူ။ တော​ဘိ​နှင့်​သ​မ္ဘာ​လတ် ငှား​သော​ကြောင့်၊ ထို​သို့ ငါ့​တစ်​ဖက်၌ ဟော​ပြော​သည်​ကို ငါ​ရိပ်​မိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 6:12
20 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ငါ​က “​ငါ​ကဲ့သို့သော​လူ​က ပြေးပုန်း​ရ​မည်လော​။ အသက်ချမ်းသာ​ရာ​ရ​ရန် ဗိမာန်တော်​ထဲ ဝင်ပုန်း​ရ​မည်လော​။ ငါ​မ​ဝင်​နိုင်​ပါ​”​ဟု ပြန်ပြော​၏​။


ငါ​ကြောက်ရွံ့​ပြီး သူ​ဆို​သည့်​အတိုင်း​ပြု​မည်​ဆို​လျှင် ငါ​သည် အပြစ်ပြု​မိ​မည်​။ သို့ဖြစ်လျှင် ငါ့​နာမည်​ပျက်​၍ သူ​တို့​ကဲ့ရဲ့ရှုတ်ချ​နိုင်​မည်​။ ထို့အတွက် ရှေမာယ​ကို ငှားရမ်း​ခြင်း​ဖြစ်​၏​။


စားလိုစိတ်​အားကြီး​၍ မ​တင်းတိမ်​နိုင်​သော​ခွေး​များ​ဖြစ်​ကြ​၏​။ အသိဉာဏ်​မ​ရှိ​သော သိုးထိန်း​များ​ဖြစ်​ကြ​၏​။ သူ​တို့​အားလုံး​သည် ကိုယ့်​လမ်း​သို့​အသီးသီး​လိုက်သွား​ကြ​၏​။ သူ​တို့​တစ်ယောက်မကျန် ကိုယ့်​အကျိုး​ကို​သာ ကိုယ်​ရှာ​ကြ​၏​။


ထာဝရဘုရား​က​လည်း “​ထို​ပရောဖက်​တို့​သည် ငါ့​နာမ​ဖြင့် မဟုတ်မမှန်​ပရောဖက်ပြု​ကြ​၏​။ ငါ​သည် သူ​တို့​ကို​မ​စေလွှတ်​၊ မ​မိန့်မှာ​၊ မ​မြွက်ဆို​။ သူ​တို့​သည် သင်​တို့​အား မဟုတ်မမှန်​သော​ဗျာဒိတ်နိမိတ်​၊ ဂမ္ဘီရအတတ်​၊ အကျိုးမဲ့​သော​အရာ​၊ သူ​တို့​စိတ်​ထဲရှိ​လှည့်စားမှု​အတိုင်း ပရောဖက်ပြု​ကြ​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​သင်​တို့​အား ပရောဖက်ပြု​ဟောပြော​သော ပရောဖက်​တို့​စကား​ကို နား​မ​ထောင်​ကြ​နှင့်​။ သူ​တို့​သည် သင်​တို့​အား အဓိပ္ပာယ်မဲ့​သော​စကား​ကို ဟောပြော​ကြ​၏​။ ထာဝရဘုရား​၏​နှုတ်ထွက်​စကား​မ​ဟုတ်​ဘဲ မိမိ​တို့​စိတ်သဘော​အတိုင်း ဗျာဒိတ်နိမိတ်​ကို ဟောပြော​တတ်​ကြ​၏​။


“ငါ့​နာမ​ဖြင့် မဟုတ်မမှန် ပရောဖက်ပြု​ဟောပြော​သော ပရောဖက်​တို့​က ‘​ငါ​အိပ်မက်​ရ​ပြီ​၊ ငါ​အိပ်မက်​ရ​ပြီ​’​ဟု ပြောဆို​သည်​ကို ငါ​ကြား​ရ​ပြီ​။


ပရောဖက်​ယေရမိ​က ပရောဖက်​ဟာနနိယ​အား “​ဟာနနိယ ယခု​နားထောင်​လော့​။ ထာဝရဘုရား​သည် သင့်​ကို​စေလွှတ်​တော်မူ​သည်​မ​ဟုတ်​။ သင်​သည် ဤ​လူမျိုး​အား မုသား​ကို ယုံစား​စေ​ပြီ​။


သင်​တို့​သည် မုယောဆန်​လက်တစ်ဆုပ်စာ​၊ မုန့်​တစ်လုတ်စာ​ရရှိ​ရန် ငါ့​လူမျိုး​တော်​အလယ်​တွင် ငါ့​ကို​ရှုတ်ချ​ကြ​ပြီ​။ အလိမ်အညာ​စကား​ကို​ယုံလွယ်​သော ငါ့​လူမျိုး​တော်​တို့​ကို လိမ်ညာ​ပြီး မသေသင့်​သူ​ကို သေ​အောင်​၊ သေသင့်​သူ​ကို မသေ​အောင် လုပ်​ကြ​ပြီ​တကား​ဟု မိန့်​တော်မူ​၏​။


သင်​တို့​သည် ငါ​မ​နာကျင်​စေ​လို​သော ဖြောင့်မတ်​သူ​တို့​ကို လိမ်ညာ​နာကျင်​စေ​ခဲ့​ပြီ​။ ဆိုးယုတ်​သော​သူ​တို့ အသက်ချမ်းသာ​ရာ​ရ​ရန် မကောင်း​သော​လမ်း​မှ ပြန်​မ​လှည့်​စေ​ဘဲ သူ​တို့​ဆိုးယုတ်​သည်​ကို သင်​တို့​အားပေးအားမြှောက်​ပြု​လေ​ပြီ​။


ငါ​မ​မိန့်မှာ​သော်လည်း ထာဝရဘုရား မိန့်​တော်မူ​သည်​ဟု သင်​တို့​ဆို​လျက် မဟုတ်မမှန်​သော​စိတ်အာရုံ​ကို​မြင်​၍ လိမ်လည်​ပြောဆို​ကြ​ပြီ​မ​ဟုတ်​လော’​ဟု မိန့်​တော်မူ​၏​။


အကြီးအမှူး​တို့​သည် တံစိုးလက်ဆောင်​ရ​ရန် တရားစီရင်​ကြ​၏​။ ယဇ်ပုရောဟိတ်​တို့​သည်​လည်း အဖိုးအခ​ရ​ရန် သွန်သင်​ကြ​၏​။ ပရောဖက်​တို့​သည်​လည်း ငွေ​ရ​ရန် ဂမ္ဘီရအတတ်​ဖြင့် ဟောပြော​ကြ​၏​။ ထာဝရဘုရား​ကို အမှီပြု​၍​လည်း “​ထာဝရဘုရား​သည် ငါ​တို့​အလယ်​တွင်​ရှိ​တော်မူ​သည် မ​ဟုတ်​လော​။ ငါ​တို့​အပေါ်​ဘေးအန္တရာယ်​ကျရောက်​မည်​မ​ဟုတ်​”​ဟု ဆို​တတ်​ကြ​၏​။


ငါ​သည် မည်သူ​၏​ရွှေ၊ ငွေ၊ အဝတ်​တန်ဆာ​ကို​မျှ တပ်မက်​ခြင်း​မ​ရှိ​ခဲ့​ပေ။


အခြား​တစ်​ဦး​အား တန်ခိုး​လက္ခဏာ​ပြု​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား ပရောဖက်ပြု​ဟောပြော​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား စိတ်​ဝိညာဉ်​တို့​ကို​ပိုင်းခြား​၍​သိရှိ​နိုင်​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား အခြား​သော​ဘာသာ​စကား​အမျိုးမျိုး​ပြောဆို​နိုင်​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား ထို​ဘာသာ​စကား​များ​၏​အနက်​ကို​ဖော်ပြ​နိုင်​သော​အခွင့်​ကို​လည်းကောင်း ပေး​တော်မူ​၏။


ဝိညာဉ်​သဘော​ရှိ​သော​သူ​မူကား ခပ်သိမ်း​သော​အရာ​တို့​ကို ပိုင်းခြား​၍​သိ​တတ်​၏။ သို့သော် ထို​သူ​ကို မည်သူ​က​မျှ ပိုင်းခြား​၍​မ​သိ​နိုင်။


သူ​သည် သေ​သောက်ကြူး​သော​သူ၊ ကြမ်းကြုတ်​သော​သူ​မ​ဟုတ်​ဘဲ ညင်သာ​သော​သူ၊ ရန်​မ​တွေ့​တတ်​သော​သူ၊ ငွေ​ကို​မ​တပ်မက်​သော​သူ၊


အကြောင်းမူကား ကြီးကြပ်​သူ​သည် ဘုရားသခင်​၏​ဘဏ္ဍာစိုး​ဖြစ်​သည်​နှင့်အညီ အပြစ်တင်​စရာ​မ​ရှိ​သော​သူ​ဖြစ်​ရ​မည်။ သူ​သည် ထင်ရာစိုင်း​တတ်​သော​သူ၊ စိတ်တို​သော​သူ၊ သေ​သောက်ကြူး​သော​သူ၊ ကြမ်းကြုတ်​သော​သူ၊ မစင်ကြယ်​သော​အကျိုးစီးပွား​ကို​တပ်မက်​သော​သူ​မ​ဟုတ်​ဘဲ


သင်​တို့​၌​ရှိ​သည့် ဘုရားသခင်​၏​သိုးစု​ကို အုပ်ထိန်း​ကြ​လော့။ မလုပ်မဖြစ်​လုပ်​ရ​ခြင်း​မျိုး​မ​ဟုတ်​ဘဲ ဘုရားသခင်​၏​အလို​တော်​နှင့်အညီ စေတနာ​စိတ်​ဖြင့်​လည်းကောင်း၊ မစင်ကြယ်​သော​အကျိုးစီးပွား​ကို​တပ်မက်​ခြင်း​ကြောင့်​မ​ဟုတ်​ဘဲ စိတ်အား​ထက်သန်​စွာ​ဖြင့်​လည်းကောင်း ကြည့်ရှု​အုပ်ထိန်း​ကြ​လော့။


သူ​တို့​သည် လောဘ​စိတ်​ဖြင့် လုပ်ကြံ​ဖန်တီး​သော​စကား​များ​ကို​ပြောဆို​လျက် သင်​တို့​အပေါ် အမြတ်ထုတ်​ကြ​လိမ့်မည်။ သူ​တို့​ခံရ​မည့် ပြစ်ဒဏ်​စီရင်​ခြင်း​သည် ရှေးယခင်​က​ပင် ဖင့်နှေး​ခြင်း​မ​ရှိ။ သူ​တို့​၏​ပျက်စီး​ခြင်း​သည်​လည်း ငိုက်မျဉ်း​ခြင်း​မ​ရှိ။


ချစ်​ရ​သော​သူ​တို့၊ များစွာ​သော​ပရောဖက်​အတုအယောင်​တို့​သည် ဤ​လောက​၌ ပေါ်လာ​ကြ​ပြီ​ဖြစ်​သောကြောင့် ဝိညာဉ်​တိုင်း​ကို​မ​ယုံ​ဘဲ ထို​ဝိညာဉ်​တို့​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သည်​မ​စပ်ဆိုင်​သည်​ကို စစ်ဆေး​ကြ​လော့။


သစ်ကြံပိုး၊ ဟင်းခတ်​အမွှေးအကြိုင်၊ နံ့သာပေါင်း၊ ဆီမွှေး၊ လော်ဗန်၊ စပျစ်​ဝိုင်၊ ဆီ၊ ဂျုံမှုန့်၊ ဂျုံဆန်၊ ကျွဲ​နွား​တိရစ္ဆာန်၊ သိုး၊ မြင်း၊ မြင်း​ရထား၊ လူ့​ကိုယ်ခန္ဓာ​နှင့် လူ​၏​အသက်​တို့​ပင်​ဖြစ်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ