ကျန်ရှိနေသော ဟေဇကိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ ဘုန်းတန်ခိုးကြီးခဲ့ပုံများ၊ ရေမြောင်းရေကန်ဆောက်လုပ်ခဲ့ပုံ၊ မြို့တွင်းသို့ ရေသွင်းပေးခဲ့ပုံ စသည်တို့ကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
နေဟမိ 3:16 - မြန်မာ့စံမီသမ္မာကျမ်း သူ၏ဘေးတွင် အာဇဗုတ်၏သား ဗက်ဇုရနယ်တစ်ဝက်ကိုအုပ်ချုပ်ရသူနေဟမိသည် ဒါဝိဒ်၏သင်္ချိုင်းနှင့်မျက်နှာချင်းဆိုင်မှစ၍ တူးထားသောရေကန်အထိ၊ ထိုမှ စစ်သူရဲနေအိမ်အထိ ပြုပြင်၏။ Common Language Bible အာဇဗုတ်၏သားဗက်ဇုရနယ်တစ်ဝက် ကိုအုပ်ချုပ်ရသူနေဟမိသည် မြို့ရိုးနောက် တစ်ပိုင်းကိုဒါဝိဒ်သင်္ချိုင်း၊ ရေကန်နှင့်စစ် တန်းလျားများတိုင်အောင်ဆောက်လုပ်၏။ Garrad Bible ၎င်း အ စပ်၊ အာ ဇ ဗုတ် သား၊ ဗက် ဇု ရ တစ် ပိုင်း၊ နယ် ပိုင် နေ ဟ မိ သည်၊ ဒါ ဝိဒ် မင်း သင်္ချိုင်း တော် တူ ရူ၊ လုပ် ခဲ့ သော ကန် တော်၊ ရဲ ဗိုလ် တို့ အိမ် ရာ တိုင် အောင် ပြင် ဆင် ၏။ Judson Bible သူ့နောက်မှ ဗက်ဇုရမြို့တစ်ပိုင်းကိုအုပ်သော အာဇဗုတ်သား နေဟမိသည်၊ ဒါဝိဒ်သင်္ချိုင်း တစ်ဖက်တစ်ချက်မှစ၍၊ နောက်လုပ်သော ရေကန်နှင့် ဗိုလ်မင်းအိမ်တိုင်အောင် ပြင်၏။ |
ကျန်ရှိနေသော ဟေဇကိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ ဘုန်းတန်ခိုးကြီးခဲ့ပုံများ၊ ရေမြောင်းရေကန်ဆောက်လုပ်ခဲ့ပုံ၊ မြို့တွင်းသို့ ရေသွင်းပေးခဲ့ပုံ စသည်တို့ကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ဒါဝိဒ်မြို့ရှိ သူကိုယ်တိုင်ပြုလုပ်ထားသောသင်္ချိုင်းဂူတွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ အလောင်းတော်ကို အမွှေးနံ့သာနှင့် နံ့သာဆီအမျိုးမျိုးဖြင့် ဖော်စပ်ထားသောအမွှေးနံ့သာဆီထည့်ထားသည့် အခေါင်းတလားထဲတွင် ထည့်ထားပြီး သူ့အဖို့ မီးပွဲသဘင်ကို ခမ်းနားစွာကျင်းပကြ၏။
ထို့နောက် စမ်းရေတွင်းတံခါးနှင့် ဘုရင့်ရေကန်ဘက်သို့ သွားရာ ငါစီးလာသောမြင်းသွားဖို့ရာ လမ်းမရှိ။
သူတို့၏ဘေးတွင် ဟာလောဟက်၏သား ဂျေရုဆလင်နယ်တစ်ဝက်ကိုအုပ်ချုပ်ရသူရှလ္လုံနှင့် သူ၏သမီးများ ပြုပြင်ကြ၏။
ဗေသက္ကရင်နယ်ကိုအုပ်ချုပ်ရသူ၊ ရေခပ်၏သားမာလခိယသည် နောက်ချေးပုံတံခါးကို ပြန်လည်ပြုပြင်တည်ဆောက်၏။ တံခါးရွက်၊ မင်းတုပ်၊ ကန့်လန့်ကျင်တို့ကို တပ်ဆင်၏။
သူ၏ဘေးတွင် လေဝိအမျိုး ဗာနိ၏သားရေဟုံ ပြုပြင်၏။ သူ၏ဘေးတွင် ကိလနယ်တစ်ဝက်ကိုအုပ်ချုပ်ရသူဟာရှဘိသည် သူ့နယ်နှင့်ဆိုင်သောအပိုင်းကို ပြုပြင်၏။
သူတို့၏ဘေးတွင် ဟုရ၏သား ဂျေရုဆလင်နယ်တစ်ဝက်ကိုအုပ်ချုပ်ရသူ ရေဖာယ ပြုပြင်၏။
သစ်ပင်များပေါက်နေသောတောထဲသို့ရေသွင်းရန် ရေလှောင်ကန်များကိုလည်း ငါတည်ဆောက်၏။
ကြည့်ပါ။ အစ္စရေးစစ်သူရဲခြောက်ဆယ်တို့နှင့် ခြံရံထားသော ရှောလမုန်မင်းကြီး၏ဝေါယာဉ်ပါတကား။
သင်တို့သည် ရေကန်ဟောင်းမှရေကိုသိုလှောင်ရန် မြို့ရိုးနှစ်ခုကြားတွင် ရေလှောင်ကန်ဆောက်လုပ်ကြ၏။ သို့သော် သင်တို့သည် ဤအမှုကို စီရင်တော်မူသောအရှင်ကို မကြည့်ကြ။ ရှေးယခင်ကပင် ဤအမှုကို စီမံထားတော်မူသောအရှင်ကို မမြင်ကြ။
သင်တို့သည် ဒါဝိဒ်၏မြို့၌ ကျိုးပေါက်သည့်နေရာများစွာရှိသည်ကို တွေ့မြင်ရ၏။ အောက်ရေကန်၏ရေတို့ကို သိုထားကြ၏။
ထိုအခါ ထာဝရဘုရားက ဟေရှာယအား “သင်သည် သင်၏သားရှာယာရှုပ်နှင့်အတူ ခဝါသည်၏လယ်သို့သွားသောလမ်းမကြီးတွင်ရှိသည့် အထက်ရေကန်ရေသွယ်မြောင်းအဆုံး၌ အာခတ်မင်းကြီးနှင့် သွားရောက်တွေ့ဆုံ၍
ညီအစ်ကိုတို့၊ မျိုးနွယ်စုဖခင်ဖြစ်သောဒါဝိဒ်နှင့်ပတ်သက်၍ သင်တို့အား ငါအတိအလင်းပြောဆိုနိုင်သည်မှာ သူသည်သေလွန်၍ သင်္ဂြိုဟ်ခြင်းကိုခံရပြီး သူ၏သင်္ချိုင်းဂူသည် ယနေ့တိုင်အောင် ငါတို့အရပ်၌ရှိ၏။