၂ ရာချုပ် 16:14 - မြန်မာ့စံမီသမ္မာကျမ်း14 ဒါဝိဒ်မြို့ရှိ သူကိုယ်တိုင်ပြုလုပ်ထားသောသင်္ချိုင်းဂူတွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ အလောင်းတော်ကို အမွှေးနံ့သာနှင့် နံ့သာဆီအမျိုးမျိုးဖြင့် ဖော်စပ်ထားသောအမွှေးနံ့သာဆီထည့်ထားသည့် အခေါင်းတလားထဲတွင် ထည့်ထားပြီး သူ့အဖို့ မီးပွဲသဘင်ကို ခမ်းနားစွာကျင်းပကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible14 ဒါဝိဒ်မြို့တွင်သူ၏အတွက်ပြုလုပ်ထား သည့်ကျောက်ဂူတွင်သင်္ဂြိုဟ်ကြ၏။ ပြည်သူတို့ သည်သင်္ဂြိုဟ်ရန်အတွက်မင်းကြီး၏အလောင်း ကို နံ့သာမျိုးများ၊ ဆီမွှေးများနှင့်မွမ်းမံ ပြင်ဆင်ကြပြီလျှင်ဝမ်းနည်းကြေကွဲသည့် အထိမ်းအမှတ်ဖြင့်မီးပုံပွဲကြီးကို ကျင်းပကြလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible14 ဒါ ဝိဒ် မြို့ တော် တွင်၊ အ မွှေး ပ ညာ သည် အ တတ် ဖြင့် ဖော် စပ် ပြီး နံ့ သာ ပေါင်း အ မွှေး အ ကြိုင် နှင့် ပြည့် သော၊ ကိုယ် ထွင်း ခဲ့ သည့် သင်္ချိုင်း ဂူ ရှိ သော သလွန် တော်၌ စျာ ပ န ပြု ကြ ရာ၊ ကြီး စွာ သော မီး ပွဲ သ ဘင် ကျင်း ပ ကြ ကုန်၏။ အခန်းကိုကြည့်ပါ။Judson Bible14 ဒါဝိဒ်မြို့မှာ မိမိအဖို့ မိမိလုပ်နှင့်သော သင်္ချိုင်း၌၊ ပြည်သားတို့သည် သင်္ဂြိုဟ်သောအခါ၊ မွှေးကြိုင်သော နံ့သာမျိုးတို့ကို၊ ဆေးသမားအတတ်ဖြင့်ဖော်၍၊ တလား၌ အပြည့်ထည့်ပြီးလျှင်၊ အလောင်းတော်ကို တင်ထားကြ၏။ အလွန်ကြီးသော မီးရှို့ပွဲကိုလည်း ခံကြ၏။ အခန်းကိုကြည့်ပါ။ |
‘အကျွန်ုပ်၏ဖခင်က “ငါသေတော့မည်။ ခါနာန်ပြည်၌ ငါ့အတွက် ငါတူးထားသော သင်္ချိုင်းတွင်းတွင် ငါ့ကိုသင်္ဂြိုဟ်ရမည်”ဟု အကျွန်ုပ်ကို ကျိန်ဆိုစေခဲ့ပါ၏။ ထို့အတွက်ကြောင့် အကျွန်ုပ်သွား၍ ဖခင်ကိုသင်္ဂြိုဟ်ပါရစေ။ ပြီးလျှင် အကျွန်ုပ်ပြန်လာပါမည်’ဟူ၍ လျှောက်ကြပါလော့”ဟု မိန့်ဆိုလေ၏။
ထို့ကြောင့် ရဲမက်တို့သည် သူ့ကို စစ်ရထားပေါ်မှချ၍ အခြားစစ်ရထားတစ်ခုပေါ်သို့တင်ကာ ဂျေရုဆလင်မြို့သို့ ပြန်ခေါ်ဆောင်လာ၏။ မင်းကြီးအနိစ္စရောက်၍ ဘိုးဘေးတို့၏သင်္ချိုင်းတွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ ယုဒပြည်သူဂျေရုဆလင်မြို့သားအပေါင်းတို့သည် ယောရှိမင်းကြီးအတွက် ငိုကြွေးမြည်တမ်းကြလေ၏။