ဖိနှိပ်ချုပ်ချယ်မှုကို ယုံကြည်ကိုးစားခြင်းမပြုကြနှင့်။ လုယက်မှုအပေါ်၌လည်း အချည်းနှီးမမျှော်လင့်ကြနှင့်။ ဥစ္စာပစ္စည်းတိုးပွားလျှင်လည်း ထိုအရာတို့ကို စိတ်စွဲလမ်းခြင်းမရှိကြနှင့်။
နာဟုံ 3:1 - မြန်မာ့စံမီသမ္မာကျမ်း လူသတ်သောမြို့သည် အမင်္ဂလာရှိ၏။ ထိုမြို့သည် လိမ်လည်လှည့်စားမှု၊ တိုက်ခိုက်လုယက်မှုနှင့်ပြည့်သောမြို့ ဖြစ်၏။ သားကောင်ကို မပြတ်မလပ်ဖမ်းစား၏။ Common Language Bible တိုက်ခိုက်လုယူခံရန်ကြွယ်ဝ များပြားနေသည့်မြို့၊ လှည့်စားတတ်သူလူသတ်သမားမြို့သည် အမင်္ဂလာရှိ၏။ Garrad Bible လှည့် စား မှု လု ယူ မှု နှင့် ပြည့် လျှံ လျက် ဘမ်း မိ ရာ ကို မ လွှတ် သွေး သွန်း သော ထို မြို့ တော် သည် အ မင်္ဂ လာ ရှိ၏။ နှင် တံ ရိုက် သံ ဘီး လည် သံ မှ စ၍ Judson Bible လူအသက်ကို သတ်တတ်သော မြို့၌ အမင်္ဂလာဖြစ်စေသော၊ လှည့်စားခြင်း၊ အနိုင်အထက်ပြုခြင်းနှင့် ပြည့်ဝ၏။ ဖမ်းမိသောအရာကို မလွှတ်တတ်။ |
ဖိနှိပ်ချုပ်ချယ်မှုကို ယုံကြည်ကိုးစားခြင်းမပြုကြနှင့်။ လုယက်မှုအပေါ်၌လည်း အချည်းနှီးမမျှော်လင့်ကြနှင့်။ ဥစ္စာပစ္စည်းတိုးပွားလျှင်လည်း ထိုအရာတို့ကို စိတ်စွဲလမ်းခြင်းမရှိကြနှင့်။
ကြည့်ရှုလော့။ နေဝင်ချိန်၌ ထိတ်လန့်ဖွယ်ဘေးရောက်လာသောကြောင့် နံနက်ရောက်သော် သူတို့မရှိတော့ချေ။ ဤသည်ကား ငါတို့ကို တိုက်ခိုက်လုယက်ခဲ့သောသူတို့၏ဝေစု၊ ငါတို့ကို သိမ်းပိုက်ခဲ့သောသူတို့၏ပေါက်မဲ ဖြစ်၏။
သီချင်းသံနှင့်အတူ စပျစ်ဝိုင်သောက်သောသူ မရှိတော့ပေ။ သေရည်သေရက်သည် သောက်သောသူတို့အတွက် ခါးသီးလေပြီ။
ယာကုပ်အမျိုးကို လုယက်သူလက်သို့ မည်သူအပ်သနည်း။ အစ္စရေးလူမျိုးကို လုယူသူတို့လက်သို့ မည်သူအပ်သနည်း။ ငါတို့ပြစ်မှားခဲ့သော ထာဝရဘုရားပင် မဟုတ်လော။ သူတို့သည် ကိုယ်တော်၏လမ်း၌ မလျှောက်လိုကြ။ ကိုယ်တော်၏ပညတ်တရားတော်ကိုလည်း မနာခံကြ။
တိုင်းပြည်သည် ကျိန်ဆိုခြင်း၊ လိမ်ညာခြင်း၊ လူသတ်ခြင်း၊ ခိုးယူခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်းတို့ဖြင့် ပြည့်နှက်လျက်ရှိ၏။ လူသတ်မှုကို အထပ်ထပ်ကျူးလွန်ကြ၏။
ခြင်္သေ့ထီးသည် သားပေါက်များ စားလောက်အောင် သားကောင်ကိုသတ်ဖြတ်ကိုက်ဖဲ့ပေး၏။ ခြင်္သေ့မတို့အတွက် သားကောင်တို့ကို ဖမ်းဆီးသတ်ဖြတ်ပေး၏။ ခိုအောင်းရာဂူထဲ၌ သားကောင်များနှင့် ပြည့်စေ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် သင့်ကို တိုက်ခိုက်မည်။ သင့်စစ်ရထားကို မီးရှို့ပစ်မည်။ သင့်ခြင်္သေ့ပျိုတို့ကို ဓားဖြင့်ဖျက်ဆီးမည်။ သင့်သားကောင်ကို မြေကြီးပေါ်မှ ဖယ်ရှားပစ်မည်။ စေတမန်တို့၏အသံကိုလည်း နောက်တစ်ဖန် ကြားရတော့မည်မဟုတ်”ဟု မိန့်တော်မူ၏။
လူအသက်သတ်ပြီး ရွာကိုတည်သောသူ၊ မတရားသောနည်းလမ်းဖြင့် မြို့ကိုတည်ထောင်သောသူသည် အမင်္ဂလာရှိ၏။