အကျွန်ုပ်တို့ပြုသောဆိုးညစ်မှုများ၊ အပြစ်ကြီးများကြောင့် ဤသို့ခံရသော်လည်း အကျွန်ုပ်တို့၏ဘုရားသခင်သည် အကျွန်ုပ်တို့ခံထိုက်သည်ထက်လျော့၍ အပြစ်ဒဏ်ပေးတော်မူ၏။ ဤမျှလောက် လွတ်မြောက်ခွင့်ပေးတော်မူသည်ကိုပင်
ဒံယေလ 9:7 - မြန်မာ့စံမီသမ္မာကျမ်း အို ဘုရားရှင်၊ ကိုယ်တော်သည် ဖြောင့်မတ်တော်မူပါ၏။ ကိုယ်တော်အား သစ္စာမဲ့မှုကြောင့် ရပ်နီးရပ်ဝေးရှိ အတိုင်းတိုင်းအပြည်ပြည်သို့ ကွဲလွင့်သွားသော ယုဒလူမျိုးများ၊ ဂျေရုဆလင်မြို့သူမြို့သားများမှစ၍ အစ္စရေးအမျိုးသားများဖြစ်သည့် အကျွန်ုပ်တို့မူကား ယနေ့တိုင် အရှက်ကွဲ၍မျက်နှာပျက်ကြရပါပြီ။ Common Language Bible အို အရှင်ဘုရား၊ ကိုယ်တော်သည်အခါခပ် သိမ်းဖြောင့်မှန်ရာကိုပြုတော်မူပါ၏။ သို့ ရာတွင်အကျွန်ုပ်တို့သည်မိမိတို့ကိုယ်ကို အသရေပျက်စေကြပါ၏။ ယုဒပြည် ၌လည်းကောင်း၊ ယေရုရှလင်မြို့၌လည်း ကောင်း နေထိုင်သူများနှင့်ကိုယ်တော်အား သစ္စာဖောက်သဖြင့် ရပ်နီးရပ်ဝေးတိုင်းပြည် များသို့နှင်ထုတ်တော်မူခြင်းကိုခံရသော ဣသရေလအမျိုးသားအပေါင်းတို့သည် လည်းကောင်း ဤနည်းအတိုင်းပင်မိမိတို့ ကိုယ်ကိုအသရေပျက်စေကြပါ၏။- Garrad Bible အ ရှင် ဘု ရား၌ ဖြောင့် မတ် ခြင်း တည် လျက် ရှိ ပါ၏။ အ ရှင် ဘု ရား၏ သ စ္စာ တော် ကို မ စောင့်၊ ပျက် ယွင်း ကြ သည့် အ တွက် အ နီး အ ဝေး ရှိ သော အ ပြည် ပြည် သို့ နှင် ထုတ် တော် မူ ခြင်း ကို ခံ ရ သော ယု ဒ ပြည် သူ ယေ ရု ရှ လင် မြို့ သား များ နှင့် ဣ သ ရေ လ လူ မျိုး အ ပေါင်း တည်း ဟူ သော အ ကျွန်ုပ် တို့၌ မူ ကား ယ နေ့ ခံ ရ သည့် အ တိုင်း မျက် နှာ ပျက် ခြင်း တည် လျက် ရှိ ရ ပါ၏။ Judson Bible အိုဘုရားရှင်၊ ကိုယ်တော်သည် တရားနှင့် ဆိုင်တော်မူ၏။ ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် နှင်ထုတ်တော်မူ၍ နီးသောပြည်၊ ဝေးသောပြည်၊ အရပ်ရပ်တို့၌နေရသော ယုဒပြည်သူ၊ ယေရုရှလင်မြို့သားမှစ၍ ဣသရေလလူအပေါင်းတည်းဟူသော အကျွန်ုပ်တို့သည် ယနေ့၌ရှိသည်အတိုင်း၊ မျက်နှာပျက်ခြင်းနှင့် ဆိုင်ကြပါ၏။ |
အကျွန်ုပ်တို့ပြုသောဆိုးညစ်မှုများ၊ အပြစ်ကြီးများကြောင့် ဤသို့ခံရသော်လည်း အကျွန်ုပ်တို့၏ဘုရားသခင်သည် အကျွန်ုပ်တို့ခံထိုက်သည်ထက်လျော့၍ အပြစ်ဒဏ်ပေးတော်မူ၏။ ဤမျှလောက် လွတ်မြောက်ခွင့်ပေးတော်မူသည်ကိုပင်
အို အစ္စရေးလူမျိုးတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်သောအရှင် ဖြစ်တော်မူပါ၏။ အကျွန်ုပ်တို့သည် ယနေ့ လွတ်မြောက်၍ ကြွင်းကျန်သောသူများ ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အပြစ်ရှိလျက်ပင် ကိုယ်တော့်ရှေ့တွင် ရပ်နေခွင့်ရပါပြီ။ သို့သော် ကိုယ့်အပြစ်ကြောင့် ရှေ့တော်တွင် ရပ်နေနိုင်သူ တစ်ဦးမျှမရှိပါ”ဟု တောင်းလျှောက်လေ၏။
အကျွန်ုပ်တို့အား ကြုံတွေ့စေသောအဖြစ်အပျက်အလုံးစုံတို့၌ ကိုယ်တော်သည် တရားပါ၏။ ကိုယ်တော်သည် သစ္စာရှိစွာပြုသော်လည်း အကျွန်ုပ်တို့ကား ဆိုးယုတ်စွာပြုတတ်ကြပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်တော်မူ၏။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့သည်လည်း ဖြောင့်မှန်ကြပါ၏။
ကဲ့ရဲ့ပြစ်တင်သောသူ၊ စော်ကားပြောဆိုသောသူများ၏အသံကြောင့်လည်းကောင်း၊ ရန်သူနှင့် လက်တုံ့ပြန်သူရှိနေသောကြောင့်လည်းကောင်း အကျွန်ုပ်သည် တစ်နေ့လုံးအသရေပျက်ရပါ၏။ အကျွန်ုပ်၏မျက်နှာသည်လည်း အရှက်ကွဲခြင်းနှင့် ဖုံးလွှမ်းလျက်ရှိပါ၏။
အို ဘုရားသခင်၊ အကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားသခင်၊ လူသတ်ခြင်းအပြစ်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အကျွန်ုပ်၏လျှာသည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ရွှင်လန်းစွာသီချင်းဆိုပါမည်။
အကျွန်ုပ်သည် ကိုယ်တော့်ကို၊ ကိုယ်တော့်ကိုသာ ပြစ်မှား၍ ကိုယ်တော်၏မျက်မှောက်တော်၌ မကောင်းသောအမှုကို ပြုမိပါပြီ။ သို့ဖြစ်၍ ကိုယ်တော်အမိန့်ရှိတော်မူသောအခါ ဖြောင့်မတ်ပါ၏။ ကိုယ်တော်တရားစီရင်တော်မူသောအခါ သန့်ရှင်းစင်ကြယ်ပါ၏။
ထိုနေ့ရက်၌ ဘုရားရှင်သည် အဆီးရီးယားပြည်၊ အီဂျစ်ပြည်၊ ပါသရုပြည်၊ အီသီယိုးပီးယားပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ ဟာမတ်ပြည်နှင့် ပင်လယ်ကမ်းရိုးတန်းဒေသတို့မှ ကြွင်းကျန်နေသော မိမိ၏လူမျိုးတော်တို့ကို ပြန်သိမ်းယူရန် ဒုတိယအကြိမ် လက်ကိုဆန့်တော်မူမည်။
ရုပ်တုထုလုပ်သောသူအပေါင်းတို့သည် အရှက်ကွဲ၍ အသရေပျက်ရလိမ့်မည်။ အသရေပျက်လျက် အတူတကွထွက်သွားရလိမ့်မည်။
အို ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ကိုယ်တော့်ထံ ယူဆောင်လာသောအခါ ကိုယ်တော်သည် ဖြောင့်မတ်စွာစီရင်ပေးပါ၏။ ထို့ကြောင့် ကိုယ်တော်အား တရားမျှတမှုအကြောင်းကို မေးလျှောက်လိုပါ၏။ ဆိုးယုတ်သောသူတို့သည် အဘယ်ကြောင့် ကြီးပွားကြပါသနည်း။ သစ္စာမဲ့သောသူတို့သည် အဘယ်ကြောင့် ကောင်းစားကြပါသနည်း။
ထိုဘုရင်လက်ထက်၌ ယုဒအမျိုးသည် ကယ်တင်ခြင်းခံရလိမ့်မည်။ အစ္စရေးလူမျိုးသည် ဘေးကင်းလုံခြုံစွာနေထိုင်ရလိမ့်မည်။ ထိုဘုရင်၏နာမကိုကား ‘ငါတို့ကို ဖြောင့်မတ်စေတော်မူသောထာဝရဘုရား’ဟု ခေါ်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးအတွက် ရွံရှာစရာ၊ ထိတ်လန့်စရာဖြစ်စေမည်။ ငါနှင်ထုတ်၍ သူတို့ရောက်လေရာအရပ်ရပ်တို့၌ ကဲ့ရဲ့စရာ၊ ပုံခိုင်းစရာ၊ ပြောင်လှောင်စရာ၊ ကျိန်ဆဲစရာ ဖြစ်စေမည်။
အကျွန်ုပ်တို့သည် အရှက်ကွဲခြင်း၌ လဲလျောင်းရပါစေ။ အသရေပျက်ခြင်းသည် အကျွန်ုပ်တို့ကို ဖုံးလွှမ်းပါစေ။ အကြောင်းမူကား အကျွန်ုပ်တို့သည် ငယ်စဉ်မှစ၍ ယနေ့တိုင်အောင် အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့ဘိုးဘေးများသည် ဘုရားသခင်ထာဝရဘုရားကို ပြစ်မှားကြပါပြီ။ ဘုရားသခင်ထာဝရဘုရား၏အသံတော်ကို နားမထောင်ကြပါ”ဟု ဆိုကြ၏။
အကြောင်းမူကား အစ္စရေးအမျိုးသား၊ ယုဒအမျိုးသားတို့နှင့်တကွ သူတို့၏ဘုရင်များ၊ မှူးမတ်များ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ ယုဒပြည်သူဂျေရုဆလင်မြို့သားတို့သည် မကောင်းမှုကိုပြု၍ ငါ့အမျက်ကိုနှိုးဆော်ကြပြီ။
ထိုနေ့၌ ယုဒအမျိုးသည် ကယ်တင်ခြင်းခံရလိမ့်မည်။ ဂျေရုဆလင်မြို့သူမြို့သားတို့သည် ဘေးကင်းလုံခြုံစွာနေထိုင်ရလိမ့်မည်။ ထိုမြို့အား ငါတို့ကို ဖြောင့်မတ်စေတော်မူသောထာဝရဘုရားဟူ၍ ခေါ်ဆိုကြလိမ့်မည်’ဟု မိန့်တော်မူ၏။
လယ်စောင့်များကဲ့သို့ သူတို့သည် ယုဒပြည်ကိုဝိုင်းရံထားကြပြီ။ အကြောင်းမူကား ယုဒပြည်သည် ငါ့ကိုပုန်ကန်ကြပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ဤသို့ပြုခြင်းမှာ ငါ့ကို အမျက်ထွက်စေသည်မဟုတ်ဘဲ သူတို့ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲကြသည်မဟုတ်လော”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ငါသည် သင်ပြုခဲ့သမျှတို့ကို ခွင့်လွှတ်ပေးသောအခါ သင်လုပ်ခဲ့သောရှက်ဖွယ်လုပ်ရပ်ကို သင်အောက်မေ့၍ ရှက်သောကြောင့် နှုတ်ပင်ဟနိုင်တော့မည်မဟုတ်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏”ဟု မိန့်ဆို၏။
ထိုအခါ သင်တို့၏ဆိုးညစ်သောအပြုအမူ၊ မကောင်းသောလုပ်ရပ်များကို ပြန်လည်သတိရ၍ ကိုယ်ပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်အပြစ်တို့ကြောင့် ကိုယ့်ကိုယ်ကို စက်ဆုပ်ကြလိမ့်မည်။
သင်တို့ထဲတွင် မိဘတို့သည် သားသမီးအသား စားကြလိမ့်မည်။ သားသမီးတို့သည်လည်း မိဘအသား စားကြလိမ့်မည်။ ငါသည် သင့်ကို အပြစ်ဒဏ်ပေးမည်။ ကြွင်းကျန်သောသူတို့ကို လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်စေမည်’ဟု မိန့်တော်မူ၏။
ရပ်ဝေးရှိလူတို့သည် ကပ်ရောဂါဘေးဖြင့် သေရမည်။ ရပ်နီးရှိလူတို့သည် ဓားဘေးဖြင့် သေရမည်။ ထိုဘေးတို့မှလွတ်၍ ကျန်သောသူတို့သည် ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သေရမည်။ သို့မှ ငါ့အမျက်ငြိမ်းမည်။
ထာဝရဘုရားသည် စောင့်ကြည့်လျက် အကျွန်ုပ်တို့ကို ဘေးဆိုးသင့်စေပြီ။ စင်စစ် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား ပြုတော်မူသောအမှုအလုံးစုံတို့သည် ဖြောင့်မှန်ပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏စကားတော်ကို နားမထောင်ဘဲ နေမိခဲ့ကြပါ၏။
အို ဘုရားသခင်၊ နားတော်ကို လှည့်၍ ကြားတော်မူပါ။ မျက်စိတော်ကို ဖွင့်၍ ပျက်စီးသွားသောအကျွန်ုပ်တို့နေရာ၊ နာမတော်ဖြင့်ခေါ်ဝေါ်သမုတ်တော်မူသောမြို့တော်ကို ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ့်ဖြောင့်မတ်ခြင်းကြောင့်မဟုတ်ဘဲ ကြီးမားသောကရုဏာတော်ကိုသာ မျှော်ကိုးလျက် ရှေ့တော်၌ အသနားတော်ခံပါ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်တို့၏ရှင်ဘုရင်များ၊ အကြီးအကဲများ၊ ဘိုးဘေးများမှစ၍ အကျွန်ုပ်တို့သည် ကိုယ်တော့်ကိုပြစ်မှားမိကြသောကြောင့် အရှက်ကွဲ၍ မျက်နှာပျက်ကြရပါပြီ။
“ကြည့်ရှုလော့။ ငါမိန့်ဆိုပြီ။ လူမျိုးတကာတို့အလယ်တွင် အစ္စရေးအမျိုးအနွယ်ကို ဆန်ခါခါသကဲ့သို့ ခါချမည်။ ဆန်တစ်စေ့မျှ မြေကြီးပေါ် မကျရ။
ထိုစဉ်က ယခု သင်တို့ရှက်ကြောက်လျက်ရှိသောအရာတို့မှ မည်သည့်အကျိုးကျေးဇူးကို ရရှိခဲ့ကြသနည်း။ ထိုအရာတို့၏ရလဒ်သည် သေခြင်းဖြစ်၏။
အို ကျောက်ဆောင်၊ ကိုယ်တော်ပြုတော်မူသောအမှုသည် ပြီးပြည့်စုံပါ၏။ မှန်ပေ၏။ ကိုယ်တော်၏နည်းလမ်းတော်ရှိသမျှတို့သည် တရားမျှတပါ၏။ ကိုယ်တော်သည် မတရားမှုကိုမပြု၊ သစ္စာရှိသောဘုရားဖြစ်တော်မူ၏။ ဖြောင့်မတ်မှန်ကန်သောဘုရားဖြစ်တော်မူ၏။
ထာဝရဘုရားသည် သင်တို့ကို လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေတော်မူမည်။ ထိုသို့ သင်တို့ကို ထာဝရဘုရားနှင်ထုတ်တော်မူသောအရပ်၊ လူမျိုးခြားတို့ကြား၌ သင်တို့သည် လူဦးရေအနည်းငယ်သာကျန်လိမ့်မည်။