ဒံယေလ 9:4 - မြန်မာ့စံမီသမ္မာကျမ်း
ထိုသို့ ငါသည်အပြစ်ဝန်ချ၍ ငါ၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းသည်မှာ “အို ဘုရားရှင်၊ ကိုယ်တော်သည် ကြီးမြတ်၍ အံ့ဖွယ်သောဘုရားဖြစ်ပါ၏။ ကိုယ်တော့်ကိုချစ်၍ ပညတ်တော်တို့ကို စောင့်ထိန်းသောသူတို့အပေါ် ကိုယ်တော်၏ပဋိညာဉ်တော်နှင့် မေတ္တာကရုဏာတော် တည်ပါ၏။
အခန်းကိုကြည့်ပါ။
ငါသည်ငါ၏ဘုရားသခင်ထာဝရဘုရား အား ဆုတောင်းပတ္ထနာပြု၍ငါ့လူမျိုး၏ အပြစ်များကိုဖော်ပြဝန်ခံ၏။ ငါက``အို ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်သည်ကြီးမြတ်တော်မူသည်ဖြစ်၍ အကျွန်ုပ်တို့သည်ကိုယ်တော်ကိုချီးကူးကြ ပါ၏။ ကိုယ်တော်သည်မိမိ၏ပဋိညာဉ်တော် ကိုတည်မြဲစေတော်မူလျက် မိမိအားချစ် ၍ပညတ်တော်တို့ကိုစောင့်ထိန်းသူတို့အား ခိုင်မြဲသောမေတ္တာတော်ကိုပြတော်မူပါ၏။
အခန်းကိုကြည့်ပါ။
ကိုယ် တော် ကို ချစ် ကြည် ညို၍ ပ ညတ် တော် များ ကို စောင့် ရှောက် သူ တို့ အ ဖို့ ပ ဋိ ညာဥ် နှင့် က ရု ဏာ တော် ကို စောင့် စည်း လျက် ကြီး မြတ်၍ ကြောက် ရွံ့ ဖွယ် ဖြစ် တော် မူ သော အ ရှင် ဘု ရား သ ခင်၊
အခန်းကိုကြည့်ပါ။
ထိုသို့ အပြစ်ကို ဖော်ပြတောင်းပန်၍ ငါကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားထံ ငါပြုသောပတ္ထနာဟူမူကား၊ ကိုယ်တော်ကိုချစ်၍ ပညတ်တော်တို့ကိုစောင့်သော သူတို့အား သစ္စာတော်မပျက်၊ ကရုဏာတရားကို စောင့်တော်မူထသော၊ အလွန်ကြီးမြတ်၍ ကြောက်ရွံ့ဖွယ်ဖြစ်တော်မူသော အရှင်ဘုရားသခင်၊
အခန်းကိုကြည့်ပါ။