ဒံယေလ 9:4 - Common Language Bible4 ငါသည်ငါ၏ဘုရားသခင်ထာဝရဘုရား အား ဆုတောင်းပတ္ထနာပြု၍ငါ့လူမျိုး၏ အပြစ်များကိုဖော်ပြဝန်ခံ၏။ ငါက``အို ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်သည်ကြီးမြတ်တော်မူသည်ဖြစ်၍ အကျွန်ုပ်တို့သည်ကိုယ်တော်ကိုချီးကူးကြ ပါ၏။ ကိုယ်တော်သည်မိမိ၏ပဋိညာဉ်တော် ကိုတည်မြဲစေတော်မူလျက် မိမိအားချစ် ၍ပညတ်တော်တို့ကိုစောင့်ထိန်းသူတို့အား ခိုင်မြဲသောမေတ္တာတော်ကိုပြတော်မူပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible4 ကိုယ် တော် ကို ချစ် ကြည် ညို၍ ပ ညတ် တော် များ ကို စောင့် ရှောက် သူ တို့ အ ဖို့ ပ ဋိ ညာဥ် နှင့် က ရု ဏာ တော် ကို စောင့် စည်း လျက် ကြီး မြတ်၍ ကြောက် ရွံ့ ဖွယ် ဖြစ် တော် မူ သော အ ရှင် ဘု ရား သ ခင်၊ အခန်းကိုကြည့်ပါ။Judson Bible4 ထိုသို့ အပြစ်ကို ဖော်ပြတောင်းပန်၍ ငါကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားထံ ငါပြုသောပတ္ထနာဟူမူကား၊ ကိုယ်တော်ကိုချစ်၍ ပညတ်တော်တို့ကိုစောင့်သော သူတို့အား သစ္စာတော်မပျက်၊ ကရုဏာတရားကို စောင့်တော်မူထသော၊ အလွန်ကြီးမြတ်၍ ကြောက်ရွံ့ဖွယ်ဖြစ်တော်မူသော အရှင်ဘုရားသခင်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ထိုသို့ ငါသည်အပြစ်ဝန်ချ၍ ငါ၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းသည်မှာ “အို ဘုရားရှင်၊ ကိုယ်တော်သည် ကြီးမြတ်၍ အံ့ဖွယ်သောဘုရားဖြစ်ပါ၏။ ကိုယ်တော့်ကိုချစ်၍ ပညတ်တော်တို့ကို စောင့်ထိန်းသောသူတို့အပေါ် ကိုယ်တော်၏ပဋိညာဉ်တော်နှင့် မေတ္တာကရုဏာတော် တည်ပါ၏။ အခန်းကိုကြည့်ပါ။ |
``အို ဘုရားသခင်အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည်လွန်စွာကြီးမြတ်တော်မူပါ၏။ အလွန်ကြောက်လန့်တုန်လှုပ်ဖွယ်ကောင်း၍ တန်ခိုးကြီးမားတော်မူပါသည်တကား။ ကိုယ်တော်သည်ကိုယ်တော်၏ပဋိညာဉ်တော် ဆိုင်ရာ ကတိတော်များကိုသစ္စာရှိစွာ စောင့်ထိန်းတော်မူပါ၏။ အကျွန်ုပ်တို့သည်မိမိတို့အားအာရှုရိဘုရင်များ ညှဉ်းပန်းနှိပ်စက်စဉ်အခါမှစ၍ ယနေ့တိုင်အောင်ပင်အဘယ်မျှဆင်းရဲ ဒုက္ခရောက်လျက်နေခဲ့ရကြပါသနည်း။ ကျွန်ုပ်တို့၏ဘုရင်များ၊ ခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်များ၊ပရောဖက်များ၊ အကျွန်ုပ်တို့၏ဘိုးဘေးများနှင့်ပြည်သူ အပေါင်းတို့သည် ဆင်းရဲဒုက္ခရောက်ခဲ့ရကြပါ၏။ အကျွန်ုပ်တို့အဘယ်မျှဆင်းရဲဒုက္ခရောက်ခဲ့ ရကြသည်ကိုသတိရတော်မူပါ။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသာ လျှင် ဘုရားဖြစ်တော်မူကြောင်း၊ သစ္စာတော်တည် မြဲကြောင်းသိမှတ်လော့။ ထာဝရဘုရားသည် မိမိကိုချစ်၍ပညတ်တော်များကိုလိုက်နာ သောသူတို့၏အမျိုးအစဉ်အဆက်ထောင် သောင်းအထိ မိမိ၏ပဋိညာဉ်ကိုတည်စေ ၍သူတို့အားမေတ္တာကရုဏာကိုပြတော် မူမည်။-
``အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ မိုးကောင်းကင်၌သော်လည်းကောင်း၊ ကမ္ဘာမြေကြီးပေါ်၌သော်လည်းကောင်းကိုယ်တော် နှင့်တူသောဘုရားမရှိပါ။ ကိုယ်တော်၏လူမျိုး တော်သည် ကိုယ်တော့်စကားတော်ကိုစိတ်နှလုံး အကြွင်းမဲ့လိုက်နာကျင့်သုံးကြသောအခါ ကိုယ်တော်သည်သူတို့နှင့်ထားရှိသည့်ပဋိညာဉ် တော်ကိုစောင့်ထိန်းတော်မူလျက် သူတို့အား မေတ္တာကရုဏာတော်ကိုပြတော်မူပါ၏။-
ထိုအခါကျွန်တော်မျိုးသည်မိမိ၏အပြစ် များကို ကိုယ်တော်၏ထံတွင်ဖော်ပြဝန်ခံပါ၏။ ကျွန်တော်မျိုးပြုမိသည့်အမှားများကို အထံတော်မှဖုံးကွယ်၍မထားပါ။ ယင်းတို့ကိုကိုယ်တော်အားဖော်ပြဝန်ခံရန် ကျွန်တော်မျိုးစိတ်ပိုင်းဖြတ်လိုက်ပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကူးလွန်မှု ရှိသမျှတို့အတွက်အပြစ်ဖြေလွှတ်တော် မူပါ၏။
သင်သည်မိမိ၏ဘုရားသခင်ထာဝရ ဘုရားကို ပုန်ကန်မိကြောင်းနှင့်အပြစ်ရှိ ကြောင်းကိုသာလျှင်ဝန်ခံလော့။ စိမ်းလန်း သည့်သစ်ပင်ရှိသမျှအောက်တွင် သင်သည် လူမျိုးခြားတို့၏ဘုရားများအားမြတ်နိုး ခဲ့ကြောင်းကိုဝန်ခံလော့။ ငါ့စကားကိုနား မထောင်မိခဲ့ကြောင်းကိုလည်းဝန်ခံလော့။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
ဘုရားသခင်အား``အို ကောင်းကင်ဘုံရှင် ဘုရားသခင်၊ ကိုယ်တော်သည်ကြီးမြတ် တော်မူသဖြင့် အကျွန်ုပ်တို့သည်ကိုယ်တော် ကိုကြောက်ရွံ့ရိုသေရကြပါ၏။ ကိုယ်တော် သည်ကိုယ်တော်ကိုချစ်မြတ်နိုး၍အမိန့် တော်ကိုလိုက်နာသူများနှင့်ပြုတော်မူ သည့်ပဋိညာဉ်တော်ကိုစောင့်ထိန်းတော် မူပါ၏။-
မင်းကြီးဤသို့လက်မှတ်ရေးထိုးပြီး ကြောင်းကိုကြားသိသောအခါ ဒံယေလ သည်အိမ်သို့ပြန်လေ၏။ သူ၏အိမ်အထက် ခန်းတွင်ယေရုရှလင်မြို့သို့မျက်နှာမူ သည့်ပြူတင်းပေါက်များရှိ၏။ သူသည်ထို အခန်းတွင်မိမိပြုလေ့ရှိသည်အတိုင်း ပြူတင်းပေါက်များအနီးတွင် ဒူးထောက် လျက်တစ်နေ့လျှင်သုံးကြိမ်ဘုရားသခင်အားဆုတောင်းပတ္ထနာပြုလေ၏။
သို့ရာတွင်သူတို့သည်ဤပြည်ကိုဝင်ရောက် သိမ်းပိုက်ရကြသောအခါ ကိုယ်တော်ရှင် ၏အမိန့်တော်များကိုမလိုက်နာကြပါ။ သြဝါဒတော်တို့ကိုလည်းမကျင့်သုံး ကြပါ။ ကိုယ်တော်ရှင်ခိုင်းစေသည့်အမှု တစ်စုံတစ်ခုကိုမျှမပြုမလုပ်ကြပါ။ ထို့ကြောင့်ကိုယ်တော်ရှင်သည်ဤဘေး အန္တရာယ်ဆိုးကိုသူတို့အပေါ်သို့သက် ရောက်စေတော်မူပါ၏။