နောက်ပိုင်းတွင် အီဂျစ်ပြည်၌ ယောသပ်ကိုမသိသော ရှင်ဘုရင်အသစ်တစ်ပါး ပေါ်လာ၏။
ဒေသနာကျမ်း။ 9:6 - မြန်မာ့စံမီသမ္မာကျမ်း သူတို့၏ချစ်ခြင်းမေတ္တာ၊ သူတို့၏မုန်းတီးခြင်း၊ သူတို့၏မနာလိုဝန်တိုခြင်းတို့သည်လည်း ပျက်စီးပြီဖြစ်၏။ နေအောက်တွင်ပြုသမျှသောအမှု၌ သူတို့အတွက် နောက်တစ်ဖန်မည်သည့်ဝေစုမျှ ရှိတော့မည်မဟုတ်။ Common Language Bible သူ၏ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်း ပျောက် ပျက်၏။ နေအောက်မှာ ပြုသမျှသောအမှု၌ သူတပါးနှင့် ရောနှော၍ မဆိုင်ရ။ Garrad Bible ထို သူ တို့ အ ချင်း ချင်း ချစ် ခင် ခြင်း၊ မုန်း ထား ခြင်း၊ ငြူ စူ ခြင်း များ ပျက် ပြီး ဖြစ်၍၊ နေ အောက် တွင် ပြု လုပ် သ မျှ အ တွက်၊ မည် သည့် အ ခါ မျှ အ ကျိုး ဆက် မ ခံ ကြ ရ ချေ။ Judson Bible သူ၏ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်းပျောက်ပျက်၏။ နေအောက်မှာပြုသမျှသောအမှု၌ သူတစ်ပါးနှင့် ရောနှော၍ မဆိုင်ရ။ |
နောက်ပိုင်းတွင် အီဂျစ်ပြည်၌ ယောသပ်ကိုမသိသော ရှင်ဘုရင်အသစ်တစ်ပါး ပေါ်လာ၏။
ဖြောင့်မတ်သောသူတို့မျှော်မှန်းသောအရာသည် ဝမ်းမြောက်ခြင်းဖြစ်၏။ ဆိုးယုတ်သောသူတို့၏မျှော်လင့်ချက်မူကား ပျက်စီးသွားလိမ့်မည်။
ငါသည် ငါ့မျက်စိလိုချင်တပ်မက်သောအရာတစ်စုံတစ်ခုကိုမျှမငြင်း။ ငါ့စိတ်နှလုံးကိုလည်း အပျော်အပါးရှိသမျှကို ခံစားခွင့်ပေးထား၏။ အမှန်စင်စစ် ငါ၏စိတ်နှလုံးသည် ငါ၏ကြိုးပမ်းအားထုတ်မှုအားလုံး၌ ဝမ်းမြောက်၏။ ဤသည်ကား ငါ၏ကြိုးပမ်းအားထုတ်မှုအားလုံးအတွက် ငါရရှိသောဝေစုဖြစ်၏။
သို့ဖြစ်၍ လူသည် မိမိပြုလုပ်သောအမှု၌ ဝမ်းမြောက်ခြင်းမှတစ်ပါး အခြားကောင်းသောအရာမရှိကြောင်း ငါတွေ့မြင်၏။ အကြောင်းမူကား ထိုအရာသည် သူ၏ဝေစုဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူ့နောက်တွင် ဖြစ်လာမည့်အရာကိုမြင်ရရန် မည်သူသည် သူ့ကိုခေါ်ဆောင်သွားနိုင်မည်နည်း။
အရိပ်ကဲ့သို့ဖြတ်သန်းသွား၍ အချည်းနှီးဖြစ်သည့် လူ၏အနည်းငယ်သောအသက်တာနေ့ရက်များ၌ လူ့အသက်တာအတွက် မည်သည့်အရာကောင်းမြတ်သည်ကို မည်သူသိနိုင်သနည်း။ သူ့နောက်တွင် နေအောက်၌ မည်သည့်အရာဖြစ်ပျက်မည်ကို သူ့အားမည်သူပြောပြနိုင်သနည်း။
ငါသည် ဤအရာအလုံးစုံတို့ကို နှလုံးသွင်းဆင်ခြင်၍ ဤအရာအားလုံးကိုဆန်းစစ်၏။ ၎င်းမှာ ဖြောင့်မတ်သောသူများဖြစ်စေ၊ ပညာရှိသောသူများဖြစ်စေ၊ သူတို့၏လုပ်ဆောင်မှုများဖြစ်စေ ဘုရားသခင်၏လက်တော်၌ရှိသည်ဟူ၍ဖြစ်၏။ ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ လူသည် ရှေ့ဖြစ်မည့်အရာတစ်စုံတစ်ခုကိုမျှ မသိပေ။
သက်ရှိကမ္ဘာမြေ၌ ထာဝရဘုရားရှင်ကို ငါဖူးမြင်ရတော့မည်မဟုတ်။ ကမ္ဘာလောက၌နေထိုင်သော လူသားတို့ကို တွေ့မြင်ရတော့မည်မဟုတ်။
“ထလော့။ သူငယ်တော်နှင့်မယ်တော်တို့ကိုခေါ်၍ အစ္စရေးပြည်သို့ပြန်သွားလော့။ အကြောင်းမူကား သူငယ်တော်၏အသက်ကို ရန်ရှာခဲ့သောသူတို့သည် သေဆုံးကြလေပြီ”ဟု မြွက်ဆို၏။