ဒေသနာကျမ်း။ 6:12 - မြန်မာ့စံမီသမ္မာကျမ်း12 အရိပ်ကဲ့သို့ဖြတ်သန်းသွား၍ အချည်းနှီးဖြစ်သည့် လူ၏အနည်းငယ်သောအသက်တာနေ့ရက်များ၌ လူ့အသက်တာအတွက် မည်သည့်အရာကောင်းမြတ်သည်ကို မည်သူသိနိုင်သနည်း။ သူ့နောက်တွင် နေအောက်၌ မည်သည့်အရာဖြစ်ပျက်မည်ကို သူ့အားမည်သူပြောပြနိုင်သနည်း။ အခန်းကိုကြည့်ပါ။Common Language Bible12 အရိပ်အကဲသို့ လွန်တတ်သော အနတ္တအသက် ကာလပတ်လုံး၊ လူ၌ကျေးဇူးပြုတတ်သောအရာကို အဘယ်သူသိနိုင်သနည်း။ နေအောက်၌ လူနောက်မှာ ဖြစ်လတံ့သော အမှုအရာတို့ကိုလည်း၊ အဘယ်သူပြော နိုင်သနည်း။ အခန်းကိုကြည့်ပါ။Garrad Bible12 နေ အောက် တွင်၊ နောက် မည် သို့ ဖြစ် ပျက် မည် ကို၊ ဖော် ပြ နိုင် သူ မ ရှိ သည် ဖြစ်၍၊ အ ရိပ် မျှ သာ အ ချည်း အ နှီး သော အ သက် တာ ကုန် လွန် ရာ၌၊ လူ့ အ ဖို့ ထိုက် သင့် ရာ ကို မည် သူ သိ သ နည်း။ အခန်းကိုကြည့်ပါ။Judson Bible12 အရိပ်ကဲ့သို့ လွန်တတ်သောအနတ္တအသက် ကာလပတ်လုံး၊ လူ၌ ကျေးဇူးပြုတတ်သောအရာကို အဘယ်သူသိနိုင်သနည်း။ နေအောက်၌ လူနောက်မှာ ဖြစ်လတ္တံ့သောအမှုအရာတို့ကိုလည်း၊ အဘယ်သူပြောနိုင်သနည်း။ အခန်းကိုကြည့်ပါ။ |
နေအောက်တွင်ရှိသည့် သင်၏အချည်းနှီးသောနေ့ရက်အားလုံးဖြစ်သည့် နေအောက်တွင် သင့်အားပေးသနားတော်မူသော သင်၏အချည်းနှီးသောအသက်တာ၏နေ့ရက်အားလုံးတို့၌ သင်ချစ်သောမယားနှင့်အတူ ရွှင်လန်းစွာအသက်ရှင်လော့။ အကြောင်းမူကား ဤအရာသည် သင်၏အသက်တာ၌လည်းကောင်း၊ နေအောက်တွင် သင်ကြိုးပမ်းအားထုတ်သော သင်၏ကြိုးပမ်းအားထုတ်မှု၌လည်းကောင်း သင်ရရှိသောဝေစုဖြစ်၏။