Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒေသနာကျမ်း။ 9:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ငါ​သည် ဤ​အရာ​အလုံးစုံ​တို့​ကို နှလုံးသွင်းဆင်ခြင်​၍ ဤ​အရာ​အားလုံး​ကို​ဆန်းစစ်​၏​။ ၎င်း​မှာ ဖြောင့်မတ်​သော​သူ​များ​ဖြစ်စေ​၊ ပညာရှိ​သော​သူ​များ​ဖြစ်စေ​၊ သူ​တို့​၏​လုပ်ဆောင်မှု​များ​ဖြစ်စေ ဘုရားသခင်​၏​လက်​တော်​၌​ရှိ​သည်​ဟူ၍​ဖြစ်​၏​။ ချစ်​သည်​ဖြစ်စေ​၊ မုန်း​သည်​ဖြစ်စေ လူ​သည် ရှေ့​ဖြစ်​မည့်​အရာ​တစ်စုံတစ်ခု​ကို​မျှ မ​သိ​ပေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 အထက်ဆိုခဲ့ပြီးသော အမှုအရာအလုံးစုံတို့ကို ငါသည် စုံစမ်းခြင်းငှါ ဆင်ခြင်ရသည်ကား၊ ဖြောင့်မတ် သောသူနှင့် ပညာရှိသောသူတို့သည် သူတို့ပြုသောအမှု များနှင့်တကွ၊ ဘုရားသခင်၏ လက်တော်၌ ရှိကြ၏။ ချစ်တော်မူသော လက္ခဏာကို ထင်ရှားသမျှသောအမှု အရာအားဖြင့် အဘယ်သူမျှမသိနိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ၎င်း ပြင်၊ ဖြောင့် မတ် သူ၊ ပ ညာ ရှိ သူ တို့ နှင့် တ ကွ ပြု လုပ် မှု များ ပါ၊ ဘု ရား သ ခင် လက် တော်၌ ရှိ ကြ သည် နှင့် အ ညီ၊ ဖြစ် ပျက် သ မျှ သည်၊ နောင်၌ ရှိ သေး သော ကြောင့်၊ ချစ် ခင် မည် ကို လည်း‌ ကောင်း၊ မုန်း ထား မည် ကိုလည်း‌ ကောင်း၊ လူ တို့ မ သိ ရ သော အ ကြောင်း အ ရာ ခပ် သိမ်း ကို ဖော် ပြ ရန်၊ ငါ နှ လုံး သွင်း ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 အ​ထက်​ဆို​ခဲ့​ပြီး​သော အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​ကို ငါ​သည် စုံ​စမ်း​ခြင်း​ငှာ ဆင်​ခြင်​ရ​သည်​ကား၊ ဖြောင့်​မတ်​သော​သူ​နှင့် ပ​ညာ​ရှိ​သော​သူ​တို့​သည် သူ​တို့​ပြု​သော​အ​မှု​များ​နှင့်​တ​ကွ၊ ဘု​ရား​သ​ခင်၏​လက်​တော်၌ ရှိ​ကြ၏။ ချစ်​တော်​မူ​သော​လ​က္ခ​ဏာ​ကို ထင်​ရှား​သ​မျှ​သော​အ​မှု​အ​ရာ​အား​ဖြင့် အ​ဘယ်​သူ​မျှ မ​သိ​နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒေသနာကျမ်း။ 9:1
31 ပူးပေါင်းရင်းမြစ်များ  

သက်ရှိသတ္တဝါ​တိုင်း​၏​အသက်​၊ လူသား​တိုင်း​၏​ထွက်သက်ဝင်သက်​သည် ထာဝရဘုရား​လက်​တော်​၌​ရှိ​၏​။


ကြည့်​ပါ​။ သင်​တို့​အားလုံး ကိုယ်တိုင်​မြင်​လျက်​နှင့် အဘယ်ကြောင့် အဓိပ္ပာယ်မရှိ အချည်းနှီး​သော​စကား​တို့​ကို ပြောဆို​ကြ​သနည်း​။


ငါ​မူကား ဘုရားသခင်​ကို​ရှာ​မည်​။ ငါ​၏​အမှုအရာ​ကို ဘုရားသခင်​ထံ အပ်​မည်​။


သို့သော် ကိုယ်တော်​သည် အခက်အခဲ​ပြဿနာ​နှင့် ပူဆွေး​ခြင်း​တို့​ကို​မြင်​၍ လက်​တော်​ဖြင့်​ဖြေရှင်း​ရန် ကြည့်ရှုဆင်ခြင်​တော်မူ​၏​။ ခိုကိုးရာမဲ့သောသူ​သည် ကိုယ်တော်​ထံ၌ မိမိကိုယ်ကို​အပ်နှံ​ပါ​၏​။ ကိုယ်တော်​သည် မိဘမဲ့သူ​ကို ကူညီမစ​သော​အရှင်​ဖြစ်​တော်မူ​၏​။


အကျွန်ုပ်​သည် အသက်အန္တရာယ်​နှင့် အစဉ်​ကြုံတွေ့​နေ​ရ​သော်လည်း ကိုယ်တော်​၏​တရားတော်​ကို မ​မေ့လျော့​ပါ​။


အကျွန်ုပ်​၏​ဝိညာဉ်​ကို ကိုယ်တော်​၏​လက်​သို့​အပ်နှံ​ပါ​၏​။ သမ္မာတရား​နှင့်​ပြည့်စုံ​တော်မူ​သော​ဘုရားသခင် အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို ရွေးနုတ်ကယ်တင်​တော်မူ​ပြီ​။


အကြောင်းမူကား ဆိုးယုတ်​သော​သူ​တို့​ကောင်းစား​ကြ​သည်​ကို​ငါ​မြင်​၍ ဝါကြွား​တတ်​သော​သူ​တို့​ကို ငါ​ငြူစူ​မိ​သောကြောင့်​ဖြစ်​၏​။


သင်​ပြု​သော​အမှု​တို့​ကို ထာဝရဘုရား​ထံ​အပ်နှံ​လော့​။ သို့ပြုလျှင် သင်​၏​အကြံအစည်​တို့​သည် တည်​ကြ​လိမ့်မည်​။


တစ်ဖန် ဉာဏ်ပညာ​ကို​သိမြင်​ရန်​လည်းကောင်း​၊ ရူးသွပ်​ခြင်း​နှင့် မိုက်မဲ​ခြင်း​တို့​ကို သိမြင်​ရန်​လည်းကောင်း ငါ​၏​စိတ်နှလုံး​ကို​မြှုပ်နှံ​ထား​၏​။ ထို​အမှုအရာ​သည်​လည်း လေ​ကို လိုက်ဖမ်း​ခြင်း​ပင်​ဖြစ်ကြောင်း ငါ​သိမြင်​၏​။


မိုက်မဲ​သော​သူ​သည် စကား​များစွာ​ပြောဆို​တတ်​၏​။ သို့သော် လူ​သည် မည်သည့်​အရာ​ဖြစ်လာ​မည်​ကို​မ​သိ​ပေ​။ သူ့​နောက်​တွင် ဖြစ်လာ​မည့်​အရာ​ကို သူ့​အား​မည်သူ​ပြောပြ​နိုင်​မည်နည်း​။


ငါ​၏​အချည်းနှီး​သော​နေ့ရက်​များ​၌ ခပ်သိမ်း​သော​အမှု​တို့​ကို ငါ​တွေ့မြင်​ပြီ​။ မိမိ​၏​ဖြောင့်မတ်​ခြင်း​ထဲ၌ ပျက်စီး​ရ​သည့် ဖြောင့်မတ်​သော​သူ​ရှိ​သကဲ့သို့ မိမိ​၏​ဆိုးယုတ်​ခြင်း​ထဲ၌ အသက်ရှည်​ရ​သည့်​ဆိုးယုတ်​သော​သူ​လည်း​ရှိ​၏​။


ငါ​သည် ဉာဏ်ပညာ​နှင့်​အကြောင်းအကျိုး​တို့​ကို သိရှိ​၍​စူးစမ်း​ရှာဖွေ​ရန်​လည်းကောင်း​၊ စဉ်းစားဉာဏ်​ကင်းမဲ့​ခြင်း​၏​ဆိုးယုတ်မှု​နှင့် ရူးသွပ်​ခြင်း​၏​မိုက်မဲမှု​တို့​ကို သိရှိ​ရန်​လည်းကောင်း ငါ့​စိတ်အာရုံ​ကို​ပြန်လှည့်​လိုက်​၏​။


ကမ္ဘာမြေကြီး​ပေါ်တွင်​ဖြစ်​တတ်​သည့် အချည်းနှီး​သော​အမှု​တစ်​ခု​ရှိ​၏​။ ၎င်း​မှာ ဆိုးယုတ်​သော​သူ​တို့​ခံထိုက်​သော​ဆိုးကျိုး​ကို ခံရ​သည့်​ဖြောင့်မတ်​သော​သူ​များ​ရှိ​သကဲ့သို့ ဖြောင့်မတ်​သော​သူ​တို့​ခံထိုက်​သော​ကောင်းကျိုး​ကို ခံရ​သည့်​ဆိုးယုတ်​သော​သူ​များ​လည်း​ရှိ​ကြ​သည်​ဟူ၍​ဖြစ်​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​သည်​ဟု ငါ​ဆို​၏​။


ငါ​သည် ဉာဏ်ပညာ​ကို​သိရှိ​ရန်​လည်းကောင်း​၊ လူ​သည် နေ့​ရော​ည​ပါ​မ​အိပ်​ဘဲ ကမ္ဘာမြေကြီး​ပေါ်တွင်​လုပ်ဆောင်​တတ်​သော​အလုပ်​ကို​တွေ့မြင်​ရန်​လည်းကောင်း ငါ​၏​စိတ်​ကို​ပိုင်းဖြတ်​ထား​သောအခါ


အကြောင်းမူကား နောင်​ဖြစ်​မည့်​အရာ​ကို မည်သူမျှ​မ​သိ​သည်​ဖြစ်၍ မည်သည့်​အရာ​ဖြစ်လာ​မည်​ကို မည်သူ​ပြော​နိုင်​သနည်း​။


သူ​တို့​၏​ချစ်ခြင်းမေတ္တာ​၊ သူ​တို့​၏​မုန်းတီး​ခြင်း​၊ သူ​တို့​၏​မနာလိုဝန်တို​ခြင်း​တို့​သည်​လည်း ပျက်စီး​ပြီ​ဖြစ်​၏​။ နေ​အောက်​တွင်​ပြု​သမျှ​သော​အမှု​၌ သူ​တို့​အတွက် နောက်တစ်ဖန်​မည်သည့်​ဝေစု​မျှ ရှိ​တော့​မည်​မ​ဟုတ်​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​အား ငြိမ်သက်​ခြင်း​ကို ပေး​တော်မူ​ပါ​ပြီ​။ အကယ်စင်စစ် အကျွန်ုပ်​တို့​၏​အမှု​ရှိသမျှ​တို့​ကို အကျွန်ုပ်​တို့​အတွက် ကိုယ်တော်​ပြု​တော်မူ​ပါ​ပြီ​။


ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား​ဂေဒလိ​ထံ ကိုယ်ရံတော်မှူး​နေဗုဇာရဒန် အပ်နှံ​ထား​ခဲ့​သော ယောက်ျား​၊ မိန်းမ​၊ ကလေး​၊ ဘုရင့်​သမီး​တော်​တို့​နှင့်တကွ လူ​အပေါင်း​တို့​ကို​လည်း ခေါ်ဆောင်​သွား​ကြ​၏​။ ပရောဖက်​ယေရမိ​နှင့် နေရိ​၏​သား​ဗာရုတ်​ကို​လည်း ခေါ်ဆောင်​သွား​လေ​၏​။


အကယ်စင်စစ် လူမျိုး​တော်​ကို​ချစ်​တော်မူ​၏​။ ကိုယ်တော်​၏​သန့်ရှင်း​သူ​အပေါင်း​တို့​သည် ကိုယ်တော့်​လက်​တော်​၌​ရှိ​ပါ​၏​။ သူ​တို့​သည် ကိုယ်တော်​၏​ခြေ​တော်​ရင်း​၌ ထိုင်​လျက် ကိုယ်တော်​၏​စကား​တော်​တို့​ကို ခံယူ​ကြ​ပါ​၏​။


ထို​အကြောင်း​ကြောင့် ငါ​သည် ဤ​ဒုက္ခ​ဝေဒနာ​များ​ကို​လည်း ခံစား​နေ​ရ​၏။ သို့သော် ငါ​သည် ရှက်ကြောက်​ခြင်း​မ​ရှိ။ အကြောင်းမူကား ငါ​သည် မိမိ​ယုံကြည်​သော​အရှင်​ကို​သိ​၍ ကိုယ်တော်​ထံ၌ ငါ​အပ်​ထား​သော​အရာ​ကို ထို​နေ့ရက်​တိုင်အောင် ကိုယ်တော်​စောင့်ထိန်း​နိုင်​သည်​ဟု ငါ​ယုံကြည်​စိတ်ချ​၏။


သင်​တို့​သည် နောက်ဆုံး​သော​ကာလ​၌​ဖော်ပြ​ရန် အသင့်​ပြင်ဆင်​ထား​သော​ကယ်တင်​ခြင်း​အတွက် ဘုရားသခင်​၏​တန်ခိုး​တော်​၌ ယုံကြည်​ခြင်း​အားဖြင့် စောင့်ရှောက်​ခြင်း​ကို​ခံရ​ကြ​၏။


ကိုယ်တော်​သည် မိမိ​သန့်ရှင်း​သူ​တို့​၏​ခြေ​ကို စောင့်ရှောက်​ပေး​တော်မူ​၏​။ ဆိုးယုတ်​သော​သူ​တို့​မူကား အမှောင်​ထဲ၌ပင် နှုတ်ဆိတ်​နေ​ရ​လိမ့်မည်​။ အကယ်စင်စစ် လူ​သည် မိမိ​ခွန်အား​ဖြင့် မ​အောင်​နိုင်​ရာ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ