ကောင်းကင်နှင့်မြေကြီး၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍ သင်သည် ငါနေထိုင်လျက်ရှိသောအရပ်မှ ခါနာန်အမျိုးသမီးများထဲတွင် ငါ့သားအတွက် မိန်းမကိုမရှာဘဲ
ဒေသနာကျမ်း။ 9:2 - မြန်မာ့စံမီသမ္မာကျမ်း ဖြောင့်မတ်သောသူနှင့် ဆိုးယုတ်သောသူဖြစ်စေ၊ ကောင်းသောသူနှင့် မကောင်းသောသူဖြစ်စေ၊ စင်ကြယ်သောသူနှင့် မစင်ကြယ်သောသူဖြစ်စေ၊ ယဇ်ပူဇော်သောသူနှင့် ယဇ်မပူဇော်သောသူဖြစ်စေ၊ သူတော်ကောင်းနှင့် အပြစ်ပြုသောသူဖြစ်စေ၊ ကျိန်ဆိုသောသူနှင့် ကျိန်ဆိုခြင်းကိုကြောက်သောသူဖြစ်စေ အားလုံးသည် အားလုံးနည်းတူ တစ်ခုတည်းသောအဖြစ်နှင့်ကြုံတွေ့ရ၏။ Common Language Bible ခပ်သိမ်းသော သူတို့သည် ခပ်သိမ်းသောအမှု အရာတို့နှင့် ဆက်ဆံကြ၏။ တရားသောသူနှင့် မတရား သောသူ၊ ကောင်းသောသူနှင့် မကောင်းသောသူ၊ စင်ကြယ် သောသူနှင့် မစင်ကြယ်သောသူ၊ ယဇ်ပူဇော်သောသူနှင့် ယဇ်မပူဇော်သောသူ၊ အပြစ်မရှိသောသူနှင့် အပြစ်ရှိ သောသူ၊ ကျိန်ဆိုသောသူနှင့် ကျိန်ဆိုခြင်းကို ကြောက် သောသူတို့သည် တခုတည်းသောအမှုနှင့် တွေ့ကြုံတတ် ၏။ Garrad Bible လူ ခပ် သိမ်း၌၊ အ ဖြစ် အ ပျက် ရှိ သ မျှ တူ၏။ လူ ကောင်း လူ ဆိုး တို့၌ လည်း ကောင်း၊ သူ တော် ကောင်း မှ စ၍၊ စင် ကြယ် သူ၊ မ စင် ကြယ် သူ တို့၌ လည်း ကောင်း၊ ပူ ဇော် သ က္ကာ ဆက် ကပ် သူ၊ မ ဆက် ကပ် သူ တို့၌ လည်း ကောင်း၊ အ ဖြစ် အ ပျက် တစ် မျိုး တည်း သင့် ရောက် တတ်၏။ သူ တော် ကောင်း သည်၊ အ ပြစ် သား နှင့်လည်း ကောင်း၊ သ စ္စာ ထား သူ သည်၊ မ ထား ဝံ့ သူ နှင့် လည်း ကောင်း၊ တူ၏။ Judson Bible ခပ်သိမ်းသောသူတို့သည် ခပ်သိမ်းသော အမှုအရာတို့နှင့် ဆက်ဆံကြ၏။ တရားသောသူနှင့် မတရားသောသူ၊ ကောင်းသောသူနှင့် မကောင်းသောသူ၊ စင်ကြယ်သောသူနှင့် မစင်ကြယ်သောသူ၊ ယဇ်ပူဇော်သောသူနှင့် ယဇ်မပူဇော်သောသူ၊ အပြစ်မရှိသောသူနှင့် အပြစ်ရှိသောသူ၊ ကျိန်ဆိုသောသူနှင့် ကျိန်ဆိုခြင်းကိုကြောက်သောသူတို့သည် တစ်ခုတည်းသောအမှုနှင့် တွေ့ကြုံတတ်၏။ |
ကောင်းကင်နှင့်မြေကြီး၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍ သင်သည် ငါနေထိုင်လျက်ရှိသောအရပ်မှ ခါနာန်အမျိုးသမီးများထဲတွင် ငါ့သားအတွက် မိန်းမကိုမရှာဘဲ
အားလုံးတို့သည် အတူတူပင်ဖြစ်၏။ ထို့ကြောင့် ‘ကိုယ်တော်သည် အပြစ်တင်စရာမရှိသောသူကိုလည်းကောင်း၊ ဆိုးယုတ်သောသူကိုလည်းကောင်း ဖျက်ဆီးတော်မူမည်’ဟု ငါဆိုခြင်းဖြစ်၏။
အကြောင်းမူကား ဆိုးယုတ်သောသူတို့ကောင်းစားကြသည်ကိုငါမြင်၍ ဝါကြွားတတ်သောသူတို့ကို ငါငြူစူမိသောကြောင့်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မိမိစိတ်တော်နှင့်တွေ့သောသူအား ဉာဏ်ပညာ၊ အသိပညာနှင့်ဝမ်းမြောက်ခြင်းတို့ကို ပေးတော်မူ၏။ အပြစ်ပြုသောသူကိုကား ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူအားပေးအပ်ရန်အတွက် စုသိမ်း၍သိုမှီးထားရသည့်အလုပ်ကို ပေးတော်မူ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
အကြောင်းမူကား လူသားတို့ကြုံတွေ့ရသောအဖြစ်နှင့် တိရစ္ဆာန်တို့ကြုံတွေ့ရသောအဖြစ်သည် တစ်ခုတည်းဖြစ်၍ တစ်မျိုးသည် သေရသကဲ့သို့ အခြားတစ်မျိုးလည်း သေရ၏။ ၎င်းတို့အားလုံး၌ တူညီသောထွက်သက်ဝင်သက်ရှိ၏။ သို့ဖြစ်၍ လူသည် တိရစ္ဆာန်ထက် သာလွန်သည်မဟုတ်။ အကြောင်းမူကား ခပ်သိမ်းသောအရာသည် အချည်းနှီးဖြစ်၏။
အကယ်၍ ထိုလူသည် အနှစ်တစ်ထောင်ကိုနှစ်ဆတိုး၍အသက်ရှင်ရသော်လည်း ကောင်းကျိုးချမ်းသာကိုမတွေ့ရလျှင် မည်သည့်အကျိုးရှိမည်နည်း။ အားလုံးသည် တစ်ခုတည်းသောအရပ်သို့သွားကြသည်မဟုတ်လော။
ဤအချက်ကိုဆုပ်ကိုင်ထားလျှင်ကောင်း၏။ အခြားတစ်ချက်ကိုလည်း လက်မလွတ်စေနှင့်။ အကြောင်းမူကား ဘုရားသခင်ကိုကြောက်ရွံ့သောသူသည် ထိုအရာအားလုံးကို အောင်နိုင်လိမ့်မည်။
အသုဘအိမ်သို့သွားခြင်းသည် စားသောက်ပွဲခံရာအိမ်သို့သွားခြင်းထက်ပို၍ကောင်း၏။ အကြောင်းမူကား သေခြင်းသည် လူအားလုံး၏နိဂုံးဖြစ်၍ အသက်ရှင်လျက်ရှိသောသူသည် ထိုအမှုအရာကိုဆင်ခြင်နှလုံးသွင်းလိမ့်မည်။
တစ်ဖန် နေအောက်တွင် ငါပြန်၍တွေ့မြင်သည်ကား ပြိုင်ပွဲသည် လျင်မြန်သောသူတို့အတွက်သာမဟုတ်။ စစ်ပွဲသည် ခွန်အားကြီးသောသူတို့အတွက်သာမဟုတ်။ အစားအစာသည် ပညာရှိသောသူတို့အတွက်သာမဟုတ်။ ဓနဥစ္စာသည် အသိဉာဏ်ရှိသောသူတို့အတွက်သာမဟုတ်။ မျက်နှာရခြင်းသည်လည်း တတ်သိနားလည်သောသူတို့အတွက်သာမဟုတ်။ အကြောင်းမူကား အချိန်ကာလနှင့်အကြောင်းတိုက်ဆိုင်မှုသည် ထိုသူအားလုံးတို့၌ ရောက်လာတတ်၏။
အားလုံးသည် တစ်ခုတည်းသောအဖြစ်နှင့်ကြုံတွေ့ရသည်ဟူသောဤအချက်သည် နေအောက်တွင်ပြုသမျှသောအမှုထဲမှ မကောင်းသောအမှုဖြစ်၏။ လူသားတို့၏စိတ်နှလုံးသည်လည်း မကောင်းမှုနှင့်ပြည့်နှက်လျက်ရှိ၍ သူတို့အသက်ရှင်စဉ် သူတို့၏စိတ်နှလုံးထဲ၌ ရူးသွပ်ခြင်းရှိ၏။ ထို့နောက်တွင် သူတို့သည် သေဆုံးကြရ၏။
ရှာဖန်၏မြေး၊ အဟိကံ၏သားဂေဒလိထံ ကိုယ်ရံတော်မှူးနေဗုဇာရဒန် အပ်နှံထားခဲ့သော ယောက်ျား၊ မိန်းမ၊ ကလေး၊ ဘုရင့်သမီးတော်တို့နှင့်တကွ လူအပေါင်းတို့ကိုလည်း ခေါ်ဆောင်သွားကြ၏။ ပရောဖက်ယေရမိနှင့် နေရိ၏သားဗာရုတ်ကိုလည်း ခေါ်ဆောင်သွားလေ၏။
ထို့ကြောင့် ယခုမှာ အကျွန်ုပ်တို့သည် မာနထောင်လွှားသောသူကို မင်္ဂလာရှိသောသူဟု မှတ်ယူ၏။ အကယ်စင်စစ် ဆိုးယုတ်သောသူတို့သည် ကြီးပွားတိုးတက်၏။ ဘုရားသခင်ကို စမ်းသပ်သောသူတို့သည်လည်း ဘေးဒုက္ခမရောက်”ဟု ဆိုကြပြီ။
ထိုအခါ သင်တို့သည် ဖြောင့်မတ်သောသူနှင့် ဆိုးယုတ်သောသူ၊ ဘုရားသခင်၏အမှုတော်ကို ဆောင်သောသူနှင့် မဆောင်သောသူကို ပြန်၍ ပိုင်းခြားသိမြင်ကြလိမ့်မည်။
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သူတို့သည် တောအုပ်ထဲသို့ ဝင်သွားရာ ပျားရည်တစက်စက်ယိုကျနေသည်ကို တွေ့နေရသော်လည်း ကျိန်စာသင့်မည်ကိုကြောက်သောကြောင့် မည်သူမျှလက်နှင့်ပါးစပ်ကို မထိဝံ့ကြ။