ဒေသနာကျမ်း။ 9:2 - Garrad Bible2 လူ ခပ် သိမ်း၌၊ အ ဖြစ် အ ပျက် ရှိ သ မျှ တူ၏။ လူ ကောင်း လူ ဆိုး တို့၌ လည်း ကောင်း၊ သူ တော် ကောင်း မှ စ၍၊ စင် ကြယ် သူ၊ မ စင် ကြယ် သူ တို့၌ လည်း ကောင်း၊ ပူ ဇော် သ က္ကာ ဆက် ကပ် သူ၊ မ ဆက် ကပ် သူ တို့၌ လည်း ကောင်း၊ အ ဖြစ် အ ပျက် တစ် မျိုး တည်း သင့် ရောက် တတ်၏။ သူ တော် ကောင်း သည်၊ အ ပြစ် သား နှင့်လည်း ကောင်း၊ သ စ္စာ ထား သူ သည်၊ မ ထား ဝံ့ သူ နှင့် လည်း ကောင်း၊ တူ၏။ အခန်းကိုကြည့်ပါ။Common Language Bible2 ခပ်သိမ်းသော သူတို့သည် ခပ်သိမ်းသောအမှု အရာတို့နှင့် ဆက်ဆံကြ၏။ တရားသောသူနှင့် မတရား သောသူ၊ ကောင်းသောသူနှင့် မကောင်းသောသူ၊ စင်ကြယ် သောသူနှင့် မစင်ကြယ်သောသူ၊ ယဇ်ပူဇော်သောသူနှင့် ယဇ်မပူဇော်သောသူ၊ အပြစ်မရှိသောသူနှင့် အပြစ်ရှိ သောသူ၊ ကျိန်ဆိုသောသူနှင့် ကျိန်ဆိုခြင်းကို ကြောက် သောသူတို့သည် တခုတည်းသောအမှုနှင့် တွေ့ကြုံတတ် ၏။ အခန်းကိုကြည့်ပါ။Judson Bible2 ခပ်သိမ်းသောသူတို့သည် ခပ်သိမ်းသော အမှုအရာတို့နှင့် ဆက်ဆံကြ၏။ တရားသောသူနှင့် မတရားသောသူ၊ ကောင်းသောသူနှင့် မကောင်းသောသူ၊ စင်ကြယ်သောသူနှင့် မစင်ကြယ်သောသူ၊ ယဇ်ပူဇော်သောသူနှင့် ယဇ်မပူဇော်သောသူ၊ အပြစ်မရှိသောသူနှင့် အပြစ်ရှိသောသူ၊ ကျိန်ဆိုသောသူနှင့် ကျိန်ဆိုခြင်းကိုကြောက်သောသူတို့သည် တစ်ခုတည်းသောအမှုနှင့် တွေ့ကြုံတတ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ဖြောင့်မတ်သောသူနှင့် ဆိုးယုတ်သောသူဖြစ်စေ၊ ကောင်းသောသူနှင့် မကောင်းသောသူဖြစ်စေ၊ စင်ကြယ်သောသူနှင့် မစင်ကြယ်သောသူဖြစ်စေ၊ ယဇ်ပူဇော်သောသူနှင့် ယဇ်မပူဇော်သောသူဖြစ်စေ၊ သူတော်ကောင်းနှင့် အပြစ်ပြုသောသူဖြစ်စေ၊ ကျိန်ဆိုသောသူနှင့် ကျိန်ဆိုခြင်းကိုကြောက်သောသူဖြစ်စေ အားလုံးသည် အားလုံးနည်းတူ တစ်ခုတည်းသောအဖြစ်နှင့်ကြုံတွေ့ရ၏။ အခန်းကိုကြည့်ပါ။ |
စိတ် တော် နှင့် တွေ့ သော သူ အား၊ ဉာဏ် ပ ညာ၊ အ သိ ပ ညာ မှ စ၍ ရွှင် လန်း ခွင့် ကို၊ ဘု ရား သ ခင် ပေး သ နား တော် မူ၍၊ မှား ယွင်း တတ် သူ့ အား မူ ကား၊ စိတ် တော် နှင့် တွေ့ သူ ၏ လက် သို့ လွှဲ အပ် စေ ရန် သာ၊ ဆည်း ပူး ခြင်း စု ဆောင်း ခြင်း တာ ဝန် ကို တင် တော် မူ၏။ ထို အ ခြင်း အ ရာ လည်း အ န တ္တ အ မှု၊ လေ ကို ကျက် စား သော အ မှု ဖြစ် သ တည်း။
ထို့ နောက်၊ အ ချိန် စေ့ ခြင်း၊ ဖြစ် ပျက် ခြင်း များ ကို၊ လူ ရှိ သ မျှ တွေ့ ကြုံ တတ် သည် ဖြစ်၍၊ လျင် သော သူ သည် အ ပြေး သာ ခြင်း၊ သူ ရဲ ကောင်း သည် စစ် အောင် ခြင်း၊ ပ ညာ ရှိ သည် စား သောက် ခြင်း၊ ဉာဏ် ကောင်း သူ သည် ကြွယ် ဝ ခြင်း၊ လိ မ္မာ သူ သည် မျက် နှာ ရ ခြင်း များ ကို မ ခံ ရ ကြောင်း၊ နေ အောက် တွင် ငါ သိ မြင် ၏။
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား က၊ ငါ သည် တ ရား စီ ရန် ချဉ်း လာ လျက်၊ ငါ့ ကို မ ခန့် ညား ဘဲ စုန်း တတ် သူ၊ သူ့ သား အိမ် ရာ ကို ပြစ် မှား သူ၊ မု သာ ကျိန် ဆို သူ၊ သူ ရင်း ခ မ ပေး သူ၊ မု ဆိုး မ နှင့် ဖ သက် ဆိုး တို့ ကို ညှဉ်း ပန်း သူ၊ ဝင် နေ ကပ် ပါး ကို အ လွဲ စီ ရင် သူ တို့ တစ် ဘက်၌၊ အ လျင် အ မြန် သက် သေ ခံ မည်။