Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒေသနာကျမ်း။ 9:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ဖြောင့်မတ်​သော​သူ​နှင့် ဆိုးယုတ်​သော​သူ​ဖြစ်စေ​၊ ကောင်း​သော​သူ​နှင့် မကောင်း​သော​သူ​ဖြစ်စေ​၊ စင်ကြယ်​သော​သူ​နှင့် မစင်ကြယ်​သော​သူ​ဖြစ်စေ​၊ ယဇ်ပူဇော်​သော​သူ​နှင့် ယဇ်​မ​ပူဇော်​သော​သူ​ဖြစ်စေ​၊ သူတော်ကောင်း​နှင့် အပြစ်ပြု​သော​သူ​ဖြစ်စေ​၊ ကျိန်ဆို​သော​သူ​နှင့် ကျိန်ဆို​ခြင်း​ကို​ကြောက်​သော​သူ​ဖြစ်စေ အားလုံး​သည် အားလုံး​နည်းတူ တစ်ခုတည်း​သော​အဖြစ်​နှင့်​ကြုံတွေ့​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ခပ်သိမ်းသော သူတို့သည် ခပ်သိမ်းသောအမှု အရာတို့နှင့် ဆက်ဆံကြ၏။ တရားသောသူနှင့် မတရား သောသူ၊ ကောင်းသောသူနှင့် မကောင်းသောသူ၊ စင်ကြယ် သောသူနှင့် မစင်ကြယ်သောသူ၊ ယဇ်ပူဇော်သောသူနှင့် ယဇ်မပူဇော်သောသူ၊ အပြစ်မရှိသောသူနှင့် အပြစ်ရှိ သောသူ၊ ကျိန်ဆိုသောသူနှင့် ကျိန်ဆိုခြင်းကို ကြောက် သောသူတို့သည် တခုတည်းသောအမှုနှင့် တွေ့ကြုံတတ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 လူ ခပ် သိမ်း၌၊ အ ဖြစ် အ ပျက် ရှိ သ မျှ တူ၏။ လူ ကောင်း လူ ဆိုး တို့၌ လည်း‌ ကောင်း၊ သူ တော် ကောင်း မှ စ၍၊ စင် ကြယ် သူ၊ မ စင် ကြယ် သူ တို့၌ လည်း‌ ကောင်း၊ ပူ ဇော် သ က္ကာ ဆက် ကပ် သူ၊ မ ဆက် ကပ် သူ တို့၌ လည်း‌ ကောင်း၊ အ ဖြစ် အ ပျက် တစ် မျိုး တည်း သင့် ရောက် တတ်၏။ သူ တော် ကောင်း သည်၊ အ ပြစ် သား နှင့်လည်း‌ ကောင်း၊ သ စ္စာ ထား သူ သည်၊ မ ထား ဝံ့ သူ နှင့် လည်း‌ ကောင်း၊ တူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ခပ်​သိမ်း​သော​သူ​တို့​သည် ခပ်​သိမ်း​သော အ​မှု​အ​ရာ​တို့​နှင့် ဆက်​ဆံ​ကြ၏။ တ​ရား​သော​သူ​နှင့် မ​တ​ရား​သော​သူ၊ ကောင်း​သော​သူ​နှင့် မ​ကောင်း​သော​သူ၊ စင်​ကြယ်​သော​သူ​နှင့် မ​စင်​ကြယ်​သော​သူ၊ ယဇ်​ပူ​ဇော်​သော​သူ​နှင့် ယဇ်​မ​ပူ​ဇော်​သော​သူ၊ အ​ပြစ်​မ​ရှိ​သော​သူ​နှင့် အ​ပြစ်​ရှိ​သော​သူ၊ ကျိန်​ဆို​သော​သူ​နှင့် ကျိန်​ဆို​ခြင်း​ကို​ကြောက်​သော​သူ​တို့​သည် တစ်​ခု​တည်း​သော​အ​မှု​နှင့် တွေ့​ကြုံ​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒေသနာကျမ်း။ 9:2
22 ပူးပေါင်းရင်းမြစ်များ  

ကောင်းကင်​နှင့်​မြေကြီး​၏​ဘုရားသခင်​ထာဝရဘုရား​ကို​တိုင်တည်​၍ သင်​သည် ငါ​နေထိုင်​လျက်​ရှိ​သော​အရပ်​မှ ခါနာန်​အမျိုးသမီး​များ​ထဲတွင် ငါ့​သား​အတွက် မိန်းမ​ကို​မ​ရှာ​ဘဲ


အားလုံး​တို့​သည် အတူတူပင်​ဖြစ်​၏​။ ထို့ကြောင့် ‘ကိုယ်တော်​သည် အပြစ်တင်စရာ​မ​ရှိ​သော​သူ​ကို​လည်းကောင်း​၊ ဆိုးယုတ်​သော​သူ​ကို​လည်းကောင်း ဖျက်ဆီး​တော်မူ​မည်’​ဟု ငါ​ဆို​ခြင်း​ဖြစ်​၏​။


အကြောင်းမူကား ဆိုးယုတ်​သော​သူ​တို့​ကောင်းစား​ကြ​သည်​ကို​ငါ​မြင်​၍ ဝါကြွား​တတ်​သော​သူ​တို့​ကို ငါ​ငြူစူ​မိ​သောကြောင့်​ဖြစ်​၏​။


အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​သည် မိမိ​စိတ်​တော်​နှင့်​တွေ့​သော​သူ​အား ဉာဏ်ပညာ​၊ အသိပညာ​နှင့်​ဝမ်းမြောက်​ခြင်း​တို့​ကို ပေး​တော်မူ​၏​။ အပြစ်ပြု​သော​သူ​ကို​ကား ဘုရားသခင်​၏​စိတ်​တော်​နှင့်​တွေ့​သော​သူ​အား​ပေးအပ်​ရန်​အတွက် စုသိမ်း​၍​သိုမှီး​ထား​ရ​သည့်​အလုပ်​ကို ပေး​တော်မူ​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။


အကြောင်းမူကား လူသား​တို့​ကြုံတွေ့​ရ​သော​အဖြစ်​နှင့် တိရစ္ဆာန်​တို့​ကြုံတွေ့​ရ​သော​အဖြစ်​သည် တစ်ခုတည်း​ဖြစ်၍ တစ်​မျိုး​သည် သေ​ရ​သကဲ့သို့ အခြား​တစ်​မျိုး​လည်း သေ​ရ​၏​။ ၎င်း​တို့​အားလုံး​၌ တူညီ​သော​ထွက်သက်ဝင်သက်​ရှိ​၏​။ သို့ဖြစ်၍ လူ​သည် တိရစ္ဆာန်​ထက် သာလွန်​သည်​မ​ဟုတ်​။ အကြောင်းမူကား ခပ်သိမ်း​သော​အရာ​သည် အချည်းနှီး​ဖြစ်​၏​။


အကယ်၍ ထို​လူ​သည် အနှစ်​တစ်ထောင်​ကို​နှစ်ဆ​တိုး​၍​အသက်ရှင်​ရ​သော်လည်း ကောင်းကျိုးချမ်းသာ​ကို​မ​တွေ့​ရ​လျှင် မည်သည့်​အကျိုးရှိ​မည်နည်း​။ အားလုံး​သည် တစ်ခုတည်း​သော​အရပ်​သို့​သွား​ကြ​သည်​မ​ဟုတ်​လော​။


ဤ​အချက်​ကို​ဆုပ်ကိုင်​ထား​လျှင်​ကောင်း​၏​။ အခြား​တစ်​ချက်​ကို​လည်း လက်​မ​လွတ်​စေ​နှင့်​။ အကြောင်းမူကား ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​သည် ထို​အရာ​အားလုံး​ကို အောင်နိုင်​လိမ့်မည်​။


အသုဘ​အိမ်​သို့​သွား​ခြင်း​သည် စားသောက်ပွဲခံရာ​အိမ်​သို့​သွား​ခြင်း​ထက်​ပို၍​ကောင်း​၏​။ အကြောင်းမူကား သေ​ခြင်း​သည် လူ​အားလုံး​၏​နိဂုံး​ဖြစ်၍ အသက်ရှင်​လျက်​ရှိ​သော​သူ​သည် ထို​အမှုအရာ​ကို​ဆင်ခြင်​နှလုံး​သွင်း​လိမ့်မည်​။


တစ်ဖန် နေ​အောက်​တွင် ငါ​ပြန်​၍​တွေ့မြင်​သည်​ကား ပြိုင်ပွဲ​သည် လျင်မြန်​သော​သူ​တို့​အတွက်​သာ​မ​ဟုတ်​။ စစ်ပွဲ​သည် ခွန်အားကြီး​သော​သူ​တို့​အတွက်​သာ​မ​ဟုတ်​။ အစားအစာ​သည် ပညာရှိ​သော​သူ​တို့​အတွက်​သာ​မ​ဟုတ်​။ ဓနဥစ္စာ​သည် အသိဉာဏ်​ရှိ​သော​သူ​တို့​အတွက်​သာ​မ​ဟုတ်​။ မျက်နှာရ​ခြင်း​သည်​လည်း တတ်သိ​နားလည်​သော​သူ​တို့​အတွက်​သာ​မ​ဟုတ်​။ အကြောင်းမူကား အချိန်​ကာလ​နှင့်​အကြောင်းတိုက်ဆိုင်မှု​သည် ထို​သူ​အားလုံး​တို့​၌ ရောက်လာ​တတ်​၏​။


အားလုံး​သည် တစ်ခုတည်း​သော​အဖြစ်​နှင့်​ကြုံတွေ့​ရ​သည်​ဟူသော​ဤ​အချက်​သည် နေ​အောက်​တွင်​ပြု​သမျှ​သော​အမှု​ထဲမှ မကောင်း​သော​အမှု​ဖြစ်​၏​။ လူသား​တို့​၏​စိတ်နှလုံး​သည်​လည်း မကောင်းမှု​နှင့်​ပြည့်နှက်​လျက်​ရှိ​၍ သူ​တို့​အသက်ရှင်​စဉ် သူ​တို့​၏​စိတ်နှလုံး​ထဲ၌ ရူးသွပ်​ခြင်း​ရှိ​၏​။ ထို့နောက်တွင် သူ​တို့​သည် သေဆုံး​ကြ​ရ​၏​။


ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား​ဂေဒလိ​ထံ ကိုယ်ရံတော်မှူး​နေဗုဇာရဒန် အပ်နှံ​ထား​ခဲ့​သော ယောက်ျား​၊ မိန်းမ​၊ ကလေး​၊ ဘုရင့်​သမီး​တော်​တို့​နှင့်တကွ လူ​အပေါင်း​တို့​ကို​လည်း ခေါ်ဆောင်​သွား​ကြ​၏​။ ပရောဖက်​ယေရမိ​နှင့် နေရိ​၏​သား​ဗာရုတ်​ကို​လည်း ခေါ်ဆောင်​သွား​လေ​၏​။


ထို့ကြောင့် ယခုမှာ အကျွန်ုပ်​တို့​သည် မာနထောင်လွှား​သော​သူ​ကို မင်္ဂလာ​ရှိ​သော​သူ​ဟု မှတ်ယူ​၏​။ အကယ်စင်စစ် ဆိုးယုတ်​သော​သူ​တို့​သည် ကြီးပွား​တိုးတက်​၏​။ ဘုရားသခင်​ကို စမ်းသပ်​သော​သူ​တို့​သည်​လည်း ဘေးဒုက္ခ​မ​ရောက်”​ဟု ဆို​ကြ​ပြီ​။


ထိုအခါ သင်​တို့​သည် ဖြောင့်မတ်​သော​သူ​နှင့် ဆိုးယုတ်​သော​သူ​၊ ဘုရားသခင်​၏​အမှု​တော်​ကို ဆောင်​သော​သူ​နှင့် မ​ဆောင်​သော​သူ​ကို ပြန်​၍ ပိုင်းခြား​သိမြင်​ကြ​လိမ့်မည်​။


“​သင်​တို့​ကို တရားစီရင်​ရန် သင်​တို့​ထံသို့ ငါ​ကြွလာ​မည်​။ ငါ​သည် မှော်ဆရာ​များ​၊ အိမ်ထောင်ရေးဖောက်ပြန်​သော​သူ​များ​၊ မဟုတ်မမှန်​ကျိန်ဆို​သော​သူ​များ​၊ သူရင်းငှား​၏​လုပ်အားခ​ကို မပေး​သော​သူ​များ​၊ မုဆိုးမ​နှင့် ဖတဆိုး​တို့​ကို နှိပ်စက်​သော​သူ​များ​၊ တိုင်းတစ်ပါးသား​တို့​ကို လျစ်လျူရှု​၍ ငါ့​ကို​မ​ကြောက်ရွံ့​သော​သူ​များ​ကို​ဆန့်ကျင်​လျက် အလျင်အမြန်​သက်သေ​ထွက်ဆို​မည်​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


သူ​တို့​သည် တောအုပ်​ထဲသို့ ဝင်သွား​ရာ ပျားရည်​တစက်စက်​ယိုကျ​နေ​သည်​ကို တွေ့​နေ​ရ​သော်လည်း ကျိန်စာ​သင့်​မည်​ကို​ကြောက်​သောကြောင့် မည်သူ​မျှ​လက်​နှင့်​ပါးစပ်​ကို မ​ထိ​ဝံ့​ကြ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ