ဒေသနာကျမ်း။ 9:3 - Garrad Bible3 နေ အောက် တွင် သင့် ရောက် သော ဘေး ဟူ မူ ကား၊ လူ ရှိ သ မျှ၌ ထို သို့ သော အ ဖြစ် အ ပျက် တစ် မျိုး တည်း ဖြစ် သ တည်း။ ၎င်း ပြင် လူ့ သား တို့ သည်၊ စိတ် နှ လုံး ဆိုး သွမ်း ခြင်း နှင့် ပြည့် သည့် အ တိုင်း၊ အ သက် ရှင် စဉ် တွင် ရူး သွပ် သော သ ဘော ရှိ၏။ ထို့ နောက် သေ ဆုံး ရ ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible3 နေအောက်မှာ ပြုသမျှသောအမှု၌ပါသော ဝမ်း နည်းစရာဟူမူကား၊ ခပ်သိမ်းသောသူတို့သည် တခုတည်း သောအမှုနှင့် တွေ့ကြုံရကြ၏။ အကယ်စင်စစ် လူသားတို့ ၏ စိတ်နှလုံးသည် ဒုစရိုက်သဘောနှင့်ပြည့်၏။ အသက် ရှင်စဉ်အခါ၊ သူတို့သည် ရူးသောစိတ်ကို စွဲလမ်း၍၊ နောက်တဖန် သေသွားတတ်ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible3 နေအောက်မှာ ပြုသမျှသောအမှု၌ပါသော ဝမ်းနည်းစရာဟူမူကား၊ ခပ်သိမ်းသောသူတို့သည် တစ်ခုတည်းသောအမှုနှင့် တွေ့ကြုံရကြ၏။ အကယ်စင်စစ် လူသားတို့၏စိတ်နှလုံးသည် ဒုစရိုက်သဘောနှင့် ပြည့်၏။ အသက်ရှင်စဉ်အခါ၊ သူတို့သည် ရူးသောစိတ်ကိုစွဲလမ်း၍၊ နောက်တစ်ဖန် သေသွားတတ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 အားလုံးသည် တစ်ခုတည်းသောအဖြစ်နှင့်ကြုံတွေ့ရသည်ဟူသောဤအချက်သည် နေအောက်တွင်ပြုသမျှသောအမှုထဲမှ မကောင်းသောအမှုဖြစ်၏။ လူသားတို့၏စိတ်နှလုံးသည်လည်း မကောင်းမှုနှင့်ပြည့်နှက်လျက်ရှိ၍ သူတို့အသက်ရှင်စဉ် သူတို့၏စိတ်နှလုံးထဲ၌ ရူးသွပ်ခြင်းရှိ၏။ ထို့နောက်တွင် သူတို့သည် သေဆုံးကြရ၏။ အခန်းကိုကြည့်ပါ။ |
ထို့ နောက်၊ အ ချိန် စေ့ ခြင်း၊ ဖြစ် ပျက် ခြင်း များ ကို၊ လူ ရှိ သ မျှ တွေ့ ကြုံ တတ် သည် ဖြစ်၍၊ လျင် သော သူ သည် အ ပြေး သာ ခြင်း၊ သူ ရဲ ကောင်း သည် စစ် အောင် ခြင်း၊ ပ ညာ ရှိ သည် စား သောက် ခြင်း၊ ဉာဏ် ကောင်း သူ သည် ကြွယ် ဝ ခြင်း၊ လိ မ္မာ သူ သည် မျက် နှာ ရ ခြင်း များ ကို မ ခံ ရ ကြောင်း၊ နေ အောက် တွင် ငါ သိ မြင် ၏။
လူ ခပ် သိမ်း၌၊ အ ဖြစ် အ ပျက် ရှိ သ မျှ တူ၏။ လူ ကောင်း လူ ဆိုး တို့၌ လည်း ကောင်း၊ သူ တော် ကောင်း မှ စ၍၊ စင် ကြယ် သူ၊ မ စင် ကြယ် သူ တို့၌ လည်း ကောင်း၊ ပူ ဇော် သ က္ကာ ဆက် ကပ် သူ၊ မ ဆက် ကပ် သူ တို့၌ လည်း ကောင်း၊ အ ဖြစ် အ ပျက် တစ် မျိုး တည်း သင့် ရောက် တတ်၏။ သူ တော် ကောင်း သည်၊ အ ပြစ် သား နှင့်လည်း ကောင်း၊ သ စ္စာ ထား သူ သည်၊ မ ထား ဝံ့ သူ နှင့် လည်း ကောင်း၊ တူ၏။