Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 9:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 အားလုံး​တို့​သည် အတူတူပင်​ဖြစ်​၏​။ ထို့ကြောင့် ‘ကိုယ်တော်​သည် အပြစ်တင်စရာ​မ​ရှိ​သော​သူ​ကို​လည်းကောင်း​၊ ဆိုးယုတ်​သော​သူ​ကို​လည်းကောင်း ဖျက်ဆီး​တော်မူ​မည်’​ဟု ငါ​ဆို​ခြင်း​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 ငါပြောအံ့သောစကားတချက်ဟူမူကား၊ ဘုရားသခင်သည် စုံလင်သောသူတို့ကို၎င်း၊ ဆိုးညစ်သော သူတို့ကို၎င်း ဖျက်ဆီးတော်မူတတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ပိုင်း ခြား ခြင်း မ ရှိ သည် ကို ထောက်၍ ငါ က၊ ကိုယ် တော် သည် စုံ လင် သူ၊ ဆိုး သွမ်း သူ တို့ ကို ပယ် ရှင်း တော် မူ သည် ဟု ဆို လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ငါ​ပြော​အံ့​သော​စ​ကား​တစ်​ချက်​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် စုံ​လင်​သော​သူ​တို့​ကို​လည်း​ကောင်း၊ ဆိုး​ညစ်​သော​သူ​တို့​ကို​လည်း​ကောင်း ဖျက်​ဆီး​တော်​မူ​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 9:22
10 ပူးပေါင်းရင်းမြစ်များ  

ဆိုးယုတ်​သော​သူ​၏​အကြံဉာဏ်​ကို လက်ခံ​၍ ကိုယ်တော်​၏​လက်​တော်​ဖြင့်​ဖန်ဆင်း​တော်မူ​သော​သူ​ကို နှိပ်စက်​ပြီး စွန့်ပစ်​ထား​သော​အမှု​ကို ကိုယ်တော်​အလိုရှိ​တော်မူ​ပါ​သလော​။


အကျွန်ုပ်​သည် ဆိုးယုတ်​သော​သူ​မ​ဟုတ်​ကြောင်း​ကို​လည်းကောင်း​၊ အကျွန်ုပ်​ကို ကိုယ်တော့်​လက်​မှ ကယ်နုတ်​မည့်​သူ​မ​ရှိ​ကြောင်း​ကို​လည်းကောင်း ကိုယ်တော်​သိ​တော်မူ​ပါ​၏​။


ကိုယ်တော့်​လက်​ဖြင့် အကျွန်ုပ်​ကို စေ့စပ်သေချာ​စွာ​ပုံဖော်​ဖန်ဆင်း​တော်မူ​ခဲ့​ပါ​၏​။ ယခု​မူကား အကျွန်ုပ်​ကို ဖျက်ဆီး​တော်မူ​မည်လော​။


အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​ကို သေ​ခြင်း​သို့​လည်းကောင်း​၊ သက်ရှိသတ္တဝါ​အားလုံး​စုတေ့​ရာ​သို့​လည်းကောင်း အရောက်ပို့​မည်​ကို အကျွန်ုပ်​သိ​ပါ​၏​။


လူသား​အားလုံး တစ်ပြိုင်တည်း​သေ​သွား​ရ​လိမ့်မည်​။ လူ​သည် မြေမှုန့်​ဘဝ​သို့ ပြန်သွား​ရ​လိမ့်မည်​။


အကြောင်းမူကား သူ​က ‘ဘုရားသခင်​၏​အလို​တော်​ကို​လိုက်လျှောက်​ခြင်း​သည် ဘာမျှ​အကျိုး​မ​ရှိ​’​ဟု ဆို​၏​။


“​အချင်း​လူသား​၊ ပရောဖက်ပြု​၍ ဤသို့​ဆင့်ဆို​လော့​။ ဘုရားရှင်​က ‘​ဓား​တစ်​လက်​ရှိ​၏​။ ထို​ဓား​ကို​ထက်​အောင်​၊ ပြောင်လက်​အောင် သွေး​ထား​လေ​ပြီ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ