သက်ရှိသတ္တဝါတိုင်း၏အသက်၊ လူသားတိုင်း၏ထွက်သက်ဝင်သက်သည် ထာဝရဘုရားလက်တော်၌ရှိ၏။
ဒေသနာကျမ်း။ 9:1 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ဤအရာအလုံးစုံတို့ကို နှလုံးသွင်းဆင်ခြင်၍ ဤအရာအားလုံးကိုဆန်းစစ်၏။ ၎င်းမှာ ဖြောင့်မတ်သောသူများဖြစ်စေ၊ ပညာရှိသောသူများဖြစ်စေ၊ သူတို့၏လုပ်ဆောင်မှုများဖြစ်စေ ဘုရားသခင်၏လက်တော်၌ရှိသည်ဟူ၍ဖြစ်၏။ ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ လူသည် ရှေ့ဖြစ်မည့်အရာတစ်စုံတစ်ခုကိုမျှ မသိပေ။ Common Language Bible အထက်ဆိုခဲ့ပြီးသော အမှုအရာအလုံးစုံတို့ကို ငါသည် စုံစမ်းခြင်းငှါ ဆင်ခြင်ရသည်ကား၊ ဖြောင့်မတ် သောသူနှင့် ပညာရှိသောသူတို့သည် သူတို့ပြုသောအမှု များနှင့်တကွ၊ ဘုရားသခင်၏ လက်တော်၌ ရှိကြ၏။ ချစ်တော်မူသော လက္ခဏာကို ထင်ရှားသမျှသောအမှု အရာအားဖြင့် အဘယ်သူမျှမသိနိုင်။ Garrad Bible ၎င်း ပြင်၊ ဖြောင့် မတ် သူ၊ ပ ညာ ရှိ သူ တို့ နှင့် တ ကွ ပြု လုပ် မှု များ ပါ၊ ဘု ရား သ ခင် လက် တော်၌ ရှိ ကြ သည် နှင့် အ ညီ၊ ဖြစ် ပျက် သ မျှ သည်၊ နောင်၌ ရှိ သေး သော ကြောင့်၊ ချစ် ခင် မည် ကို လည်း ကောင်း၊ မုန်း ထား မည် ကိုလည်း ကောင်း၊ လူ တို့ မ သိ ရ သော အ ကြောင်း အ ရာ ခပ် သိမ်း ကို ဖော် ပြ ရန်၊ ငါ နှ လုံး သွင်း ၏။ Judson Bible အထက်ဆိုခဲ့ပြီးသော အမှုအရာအလုံးစုံတို့ကို ငါသည် စုံစမ်းခြင်းငှာ ဆင်ခြင်ရသည်ကား၊ ဖြောင့်မတ်သောသူနှင့် ပညာရှိသောသူတို့သည် သူတို့ပြုသောအမှုများနှင့်တကွ၊ ဘုရားသခင်၏လက်တော်၌ ရှိကြ၏။ ချစ်တော်မူသောလက္ခဏာကို ထင်ရှားသမျှသောအမှုအရာအားဖြင့် အဘယ်သူမျှ မသိနိုင်။ |
သက်ရှိသတ္တဝါတိုင်း၏အသက်၊ လူသားတိုင်း၏ထွက်သက်ဝင်သက်သည် ထာဝရဘုရားလက်တော်၌ရှိ၏။
ကြည့်ပါ။ သင်တို့အားလုံး ကိုယ်တိုင်မြင်လျက်နှင့် အဘယ်ကြောင့် အဓိပ္ပာယ်မရှိ အချည်းနှီးသောစကားတို့ကို ပြောဆိုကြသနည်း။
သို့သော် ကိုယ်တော်သည် အခက်အခဲပြဿနာနှင့် ပူဆွေးခြင်းတို့ကိုမြင်၍ လက်တော်ဖြင့်ဖြေရှင်းရန် ကြည့်ရှုဆင်ခြင်တော်မူ၏။ ခိုကိုးရာမဲ့သောသူသည် ကိုယ်တော်ထံ၌ မိမိကိုယ်ကိုအပ်နှံပါ၏။ ကိုယ်တော်သည် မိဘမဲ့သူကို ကူညီမစသောအရှင်ဖြစ်တော်မူ၏။
အကျွန်ုပ်သည် အသက်အန္တရာယ်နှင့် အစဉ်ကြုံတွေ့နေရသော်လည်း ကိုယ်တော်၏တရားတော်ကို မမေ့လျော့ပါ။
အကျွန်ုပ်၏ဝိညာဉ်ကို ကိုယ်တော်၏လက်သို့အပ်နှံပါ၏။ သမ္မာတရားနှင့်ပြည့်စုံတော်မူသောဘုရားသခင် အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ရွေးနုတ်ကယ်တင်တော်မူပြီ။
အကြောင်းမူကား ဆိုးယုတ်သောသူတို့ကောင်းစားကြသည်ကိုငါမြင်၍ ဝါကြွားတတ်သောသူတို့ကို ငါငြူစူမိသောကြောင့်ဖြစ်၏။
သင်ပြုသောအမှုတို့ကို ထာဝရဘုရားထံအပ်နှံလော့။ သို့ပြုလျှင် သင်၏အကြံအစည်တို့သည် တည်ကြလိမ့်မည်။
တစ်ဖန် ဉာဏ်ပညာကိုသိမြင်ရန်လည်းကောင်း၊ ရူးသွပ်ခြင်းနှင့် မိုက်မဲခြင်းတို့ကို သိမြင်ရန်လည်းကောင်း ငါ၏စိတ်နှလုံးကိုမြှုပ်နှံထား၏။ ထိုအမှုအရာသည်လည်း လေကို လိုက်ဖမ်းခြင်းပင်ဖြစ်ကြောင်း ငါသိမြင်၏။
မိုက်မဲသောသူသည် စကားများစွာပြောဆိုတတ်၏။ သို့သော် လူသည် မည်သည့်အရာဖြစ်လာမည်ကိုမသိပေ။ သူ့နောက်တွင် ဖြစ်လာမည့်အရာကို သူ့အားမည်သူပြောပြနိုင်မည်နည်း။
ငါ၏အချည်းနှီးသောနေ့ရက်များ၌ ခပ်သိမ်းသောအမှုတို့ကို ငါတွေ့မြင်ပြီ။ မိမိ၏ဖြောင့်မတ်ခြင်းထဲ၌ ပျက်စီးရသည့် ဖြောင့်မတ်သောသူရှိသကဲ့သို့ မိမိ၏ဆိုးယုတ်ခြင်းထဲ၌ အသက်ရှည်ရသည့်ဆိုးယုတ်သောသူလည်းရှိ၏။
ငါသည် ဉာဏ်ပညာနှင့်အကြောင်းအကျိုးတို့ကို သိရှိ၍စူးစမ်းရှာဖွေရန်လည်းကောင်း၊ စဉ်းစားဉာဏ်ကင်းမဲ့ခြင်း၏ဆိုးယုတ်မှုနှင့် ရူးသွပ်ခြင်း၏မိုက်မဲမှုတို့ကို သိရှိရန်လည်းကောင်း ငါ့စိတ်အာရုံကိုပြန်လှည့်လိုက်၏။
ကမ္ဘာမြေကြီးပေါ်တွင်ဖြစ်တတ်သည့် အချည်းနှီးသောအမှုတစ်ခုရှိ၏။ ၎င်းမှာ ဆိုးယုတ်သောသူတို့ခံထိုက်သောဆိုးကျိုးကို ခံရသည့်ဖြောင့်မတ်သောသူများရှိသကဲ့သို့ ဖြောင့်မတ်သောသူတို့ခံထိုက်သောကောင်းကျိုးကို ခံရသည့်ဆိုးယုတ်သောသူများလည်းရှိကြသည်ဟူ၍ဖြစ်၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်သည်ဟု ငါဆို၏။
ငါသည် ဉာဏ်ပညာကိုသိရှိရန်လည်းကောင်း၊ လူသည် နေ့ရောညပါမအိပ်ဘဲ ကမ္ဘာမြေကြီးပေါ်တွင်လုပ်ဆောင်တတ်သောအလုပ်ကိုတွေ့မြင်ရန်လည်းကောင်း ငါ၏စိတ်ကိုပိုင်းဖြတ်ထားသောအခါ
အကြောင်းမူကား နောင်ဖြစ်မည့်အရာကို မည်သူမျှမသိသည်ဖြစ်၍ မည်သည့်အရာဖြစ်လာမည်ကို မည်သူပြောနိုင်သနည်း။
သူတို့၏ချစ်ခြင်းမေတ္တာ၊ သူတို့၏မုန်းတီးခြင်း၊ သူတို့၏မနာလိုဝန်တိုခြင်းတို့သည်လည်း ပျက်စီးပြီဖြစ်၏။ နေအောက်တွင်ပြုသမျှသောအမှု၌ သူတို့အတွက် နောက်တစ်ဖန်မည်သည့်ဝေစုမျှ ရှိတော့မည်မဟုတ်။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့အား ငြိမ်သက်ခြင်းကို ပေးတော်မူပါပြီ။ အကယ်စင်စစ် အကျွန်ုပ်တို့၏အမှုရှိသမျှတို့ကို အကျွန်ုပ်တို့အတွက် ကိုယ်တော်ပြုတော်မူပါပြီ။
ရှာဖန်၏မြေး၊ အဟိကံ၏သားဂေဒလိထံ ကိုယ်ရံတော်မှူးနေဗုဇာရဒန် အပ်နှံထားခဲ့သော ယောက်ျား၊ မိန်းမ၊ ကလေး၊ ဘုရင့်သမီးတော်တို့နှင့်တကွ လူအပေါင်းတို့ကိုလည်း ခေါ်ဆောင်သွားကြ၏။ ပရောဖက်ယေရမိနှင့် နေရိ၏သားဗာရုတ်ကိုလည်း ခေါ်ဆောင်သွားလေ၏။
အကယ်စင်စစ် လူမျိုးတော်ကိုချစ်တော်မူ၏။ ကိုယ်တော်၏သန့်ရှင်းသူအပေါင်းတို့သည် ကိုယ်တော့်လက်တော်၌ရှိပါ၏။ သူတို့သည် ကိုယ်တော်၏ခြေတော်ရင်း၌ ထိုင်လျက် ကိုယ်တော်၏စကားတော်တို့ကို ခံယူကြပါ၏။
ထိုအကြောင်းကြောင့် ငါသည် ဤဒုက္ခဝေဒနာများကိုလည်း ခံစားနေရ၏။ သို့သော် ငါသည် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ငါသည် မိမိယုံကြည်သောအရှင်ကိုသိ၍ ကိုယ်တော်ထံ၌ ငါအပ်ထားသောအရာကို ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းနိုင်သည်ဟု ငါယုံကြည်စိတ်ချ၏။
သင်တို့သည် နောက်ဆုံးသောကာလ၌ဖော်ပြရန် အသင့်ပြင်ဆင်ထားသောကယ်တင်ခြင်းအတွက် ဘုရားသခင်၏တန်ခိုးတော်၌ ယုံကြည်ခြင်းအားဖြင့် စောင့်ရှောက်ခြင်းကိုခံရကြ၏။
ကိုယ်တော်သည် မိမိသန့်ရှင်းသူတို့၏ခြေကို စောင့်ရှောက်ပေးတော်မူ၏။ ဆိုးယုတ်သောသူတို့မူကား အမှောင်ထဲ၌ပင် နှုတ်ဆိတ်နေရလိမ့်မည်။ အကယ်စင်စစ် လူသည် မိမိခွန်အားဖြင့် မအောင်နိုင်ရာ။