ထိုနေရာတွင် လူဆိုးတို့ဒုက္ခမပေးနိုင်။ ထိုနေရာတွင် မောပန်းသူတို့ ငြိမ်းချမ်းစွာနေရ၏။
ဒေသနာကျမ်း။ 7:1 - မြန်မာ့စံမီသမ္မာကျမ်း မွှေးသောဂုဏ်သတင်းသည် မွှေးသောနံ့သာဆီထက် ပို၍ကောင်း၏။ သေသောနေ့သည်လည်း မွေးဖွားသောနေ့ထက် ပို၍ကောင်း၏။ Common Language Bible ကောင်းသောအသရေသည် နံ့သာဆီထက်သာ ၍ ကောင်း၏။ သေရသောနေ့သည်လည်း ဘွားမြင်သော နေ့ထက်သာရောကောင်း၏။ Garrad Bible ဂုဏ် အ သ ရေ သည်၊ နံ့ သာ ဆီ ထက် ကောင်း၏။ သေ နေ့ လည်း မွေး နေ့ ထက် ကောင်း ၏။ Judson Bible ကောင်းသောအသရေသည် နံ့သာဆီထက် သာ၍ကောင်း၏။ သေရသောနေ့သည်လည်း ဖွားမြင်သောနေ့ထက် သာ၍ကောင်း၏။ |
ထိုနေရာတွင် လူဆိုးတို့ဒုက္ခမပေးနိုင်။ ထိုနေရာတွင် မောပန်းသူတို့ ငြိမ်းချမ်းစွာနေရ၏။
ခေါင်းပေါ်၌သွန်းလောင်း၍ မုတ်ဆိတ်သို့စီးဆင်းသောဆီတည်းဟူသော အာရုန်၏မုတ်ဆိတ်မှသည် သူ၏ဝတ်ရုံလည်ခွံတိုင်အောင်စီးဆင်းသည့် အဖိုးတန်သောဆီကဲ့သို့ဖြစ်၏။
မျက်စိအလင်းသည် စိတ်နှလုံးကိုဝမ်းမြောက်စေတတ်၏။ ကောင်းသောသတင်းစကားသည်လည်း အရိုးကိုကျန်းမာစေတတ်၏။
များစွာသောဓနဥစ္စာထက် ဂုဏ်သတင်းကျော်စောခြင်းကို ရွေးချယ်သင့်၏။ မျက်နှာရခြင်းသည် ရွှေ၊ ငွေတို့ထက် ပို၍ကောင်း၏။
ဖော်ပြလျှင် ကြားသောသူသည် သင့်ကိုအရှက်ခွဲသဖြင့် သင်၏မကောင်းသတင်းသည် မည်သည့်အခါမျှ ပျောက်ကွယ်သွားမည်မဟုတ်။
နံ့သာဆီနှင့်နံ့သာပေါင်းသည် စိတ်နှလုံးကိုဝမ်းမြောက်စေတတ်၏။ မိတ်ဆွေထံမှနှစ်လိုဖွယ်ကောင်းသောအရာကား စေတနာစိတ်ဖြင့် သူပေးသောအကြံဉာဏ်ဖြစ်၏။
သေသောယင်ကောင်သည် အမွှေးနံ့သာဖော်စပ်သူ၏နံ့သာဆီကို အပုပ်နံ့ထွက်စေသကဲ့သို့ အနည်းငယ်သောမိုက်မဲခြင်းသည် ဉာဏ်ပညာနှင့် ဂုဏ်သရေထက် အလေးသာတတ်၏။
ထို့ကြောင့် အသက်ရှင်နေသေးသောလူရှင်တို့ထက် သေလွန်ပြီးသောလူသေတို့ကို ငါထောမနာပြု၏။
အမှုအရာ၏အဆုံးသည် ၎င်း၏အစထက် ပို၍ကောင်း၏။ သည်းခံသောစိတ်သည် ထောင်လွှားသောစိတ်ထက် ပို၍ကောင်း၏။
အရှင်၏နံ့သာဆီရနံ့သည် အလွန်မွှေးကြိုင်ပါ၏။ အရှင့်နာမသည် ဆွတ်ထားသောနံ့သာဆီကဲ့သို့ မွှေးပါ၏။ ထို့ကြောင့် မိန်းမပျိုတိုင်း အရှင့်ကို ချစ်နှစ်သက်ကြပါ၏။
အို ငါ့နှမ၊ ငါ့သတို့သမီး၊ သင်၏ချစ်ခြင်းမေတ္တာသည် တင့်တယ်လှပါ၏။ သင်၏ချစ်ခြင်းမေတ္တာသည် စပျစ်ဝိုင်ထက်သာ၍ နှစ်သက်ဖွယ်ကောင်းပါ၏။ သင်၏နံ့သာဆီသည်လည်း အမွှေးနံ့သာတကာတို့ထက် သာ၍မွှေးပါ၏။
သားသမီးတို့ထက်ပို၍မြတ်သော အမှတ်ရစရာနှင့်နာမည်ကို ငါ့အိမ်တော်အတွင်း၊ ငါ့တံတိုင်းတော်အတွင်း၌ ငါပေးမည်။ ပယ်ဖျက်၍မရသောထာဝရအမည်နာမကို သူတို့အား ငါပေးမည်။
ထို့ကြောင့် အို ထာဝရဘုရား၊ အကျွန်ုပ်၏အသက်ကို ယခုပင်နုတ်ယူတော်မူပါ။ အကျွန်ုပ် အသက်ရှင်သည်ထက် သေသည်က သာ၍ကောင်းပါ၏”ဟု ဆုတောင်းလေ၏။
သို့သော် နတ်ဆိုးတို့သည် သင်တို့ကိုနာခံကြသည့်အတွက် ဝမ်းမြောက်ခြင်းမရှိကြနှင့်။ သင်တို့၏နာမည်များကို ကောင်းကင်၌ရေးမှတ်ထားသည့်အတွက် ဝမ်းမြောက်ကြလော့”ဟု မိန့်တော်မူ၏။
ညစာကိုစားကြစဉ် မာရ်နတ်သည် ရှိမုန်၏သား ယုဒဣရှကာရုတ်၏စိတ်နှလုံးထဲ၌ ကိုယ်တော်ကိုအပ်နှံရန် အကြံသွင်းပေးနှင့်ပြီဖြစ်၏။
ယာယီတဲဖြစ်သော ငါတို့၏မြေကြီးအိမ်သည် ပျက်စီးသွားလျှင် ကောင်းကင်ဘုံ၌ လူ့လက်ဖြင့်မတည်ဆောက်၊ ဘုရားသခင်တည်ဆောက်တော်မူသော ထာဝရအိမ်ရှိကြောင်းကို ငါတို့သိကြ၏။
ငါတို့သည် ယုံကြည်စိတ်ချမှုရှိ၍ ကိုယ်ခန္ဓာမှကွာလျက် သခင်ဘုရားနှင့်အတူရှိနေရန် သာ၍အလိုရှိကြ၏။
ဤသူအပေါင်းတို့သည် ယုံကြည်ခြင်းအားဖြင့် ချီးကျူးခံရကြသော်လည်း ကတိပေးတော်မူသောအရာကို မရရှိခဲ့ကြချေ။
ထို့နောက် ကောင်းကင်မှအသံက “ရေးထားလော့။ ယခုမှစ၍ သခင်ဘုရား၌သေဆုံးသည့် သေလွန်သောသူတို့သည် မင်္ဂလာရှိကြ၏”ဟု ပြောဆိုသည်ကို ငါကြားရ၏။ ဝိညာဉ်တော်ကလည်း “မှန်ပေ၏။ သူတို့သည် မိမိတို့၏ကြိုးပမ်းအားထုတ်မှုမှ အနားယူခွင့်ရကြလိမ့်မည်။ သူတို့ပြုသောအမှုများသည်လည်း သူတို့နှင့်လိုက်ပါလာ၏”ဟု မိန့်တော်မူ၏။
ရုသသည် ဗောဇ၏ခြေရင်းတွင် နံနက်တိုင်အောင် အိပ်ပြီး တစ်ယောက်ကိုတစ်ယောက် သိနိုင်သည့်အချိန်မရောက်မီ ထလေ၏။ ဗောဇကလည်း သူ့အား “ဤတလင်းပြင်သို့ သင်လာသည်ကို မည်သူမျှမသိစေနှင့်”ဟု ဆိုပြီးလျှင်