Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှောလမုန်သီချင်း။ 1:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 အရှင်​၏​နံ့သာဆီရနံ့​သည် အလွန်​မွှေးကြိုင်​ပါ​၏​။ အရှင့်​နာမ​သည် ဆွတ်​ထား​သော​နံ့သာဆီ​ကဲ့သို့ မွှေး​ပါ​၏​။ ထို့ကြောင့် မိန်းမပျို​တိုင်း အရှင့်​ကို ချစ်နှစ်သက်​ကြ​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ကျွန်မကို သွေးဆောင်တော်မူပါ။ ကျွန်မတို့ သည် နောက်တော်သို့ပြေး၍ လိုက်ကြပါမည်။ အရှင် မင်းကြီးသည် အိမ်တော်အတွင်းခန်းထဲသို့ ကျွန်မကို ဆောင်ခဲ့တော်မူပြီ။ ကျွန် မတို့သည် ကိုယ်တော်ကြောင့် ဝမ်းမြောက်ရွှင်လန်းကြမည်။ မေတ္တာတော်ကို စပျစ်ရည် ထက်သာ၍ ချီးမွမ်းကြမည်။ သတို့သမီးကညှာတို့သည် ကိုယ်တော်ကိုမှန်ကန်စွာ ချစ်ကြပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 အ ရှင် လိမ်း ကျံ သော ဆီ သည် မွှေး ကြိုင်၍၊ အ မည် လည်း သွန်း လောင်း သော နံ့ သာ ဆီ နှင့် တူ သော ကြောင့်၊ က ညာ ရွယ် တို့ သည်၊ အ ရှင် ကို ချစ် ခင် ကြ ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ကိုယ်​တော်၌ မွှေး​ကြိုင်​သော နံ့​သာ​ဆီ​ကဲ့​သို့၊ နာ​မ​တော်​သည် သွန်း​လောင်း​သော နံ့​သာ​ဆီ​ဖြစ်​ပါ၏။ ထို​ကြောင့် သ​တို့​သ​မီး​က​ညာ​တို့​သည် ကိုယ်​တော်​ကို ချစ်​ကြ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှောလမုန်သီချင်း။ 1:3
26 ပူးပေါင်းရင်းမြစ်များ  

ခေါင်း​ပေါ်၌​သွန်းလောင်း​၍ မုတ်ဆိတ်​သို့​စီးဆင်း​သော​ဆီ​တည်းဟူသော အာရုန်​၏​မုတ်ဆိတ်​မှသည် သူ​၏​ဝတ်ရုံ​လည်ခွံ​တိုင်အောင်​စီးဆင်း​သည့် အဖိုးတန်​သော​ဆီ​ကဲ့သို့​ဖြစ်​၏​။


ဇာပန်းထိုးထည်​ဆင်မြန်း​ထား​သော​သူ့​ကို ရှင်ဘုရင်​ထံသို့​ပို့ဆောင်​ကြ​၏​။ သူ​၏​အပေါင်းအဖော်​များ​ဖြစ်​ကြ​သော သူ့​နောက်လိုက်​သည့်​အပျိုတော်​တို့​ကို​လည်း ကိုယ်တော့်​ထံသို့​ခေါ်ဆောင်​လာ​ကြ​ပါ​၏​။


တစ်ဖန် မောရှေ​က ထာဝရဘုရား​အား “​ကိုယ်တော်​က ‘​ဤ​လူ​တို့​ကို ထုတ်ဆောင်​လော့​’​ဟု အကျွန်ုပ်​အား မိန့်ဆို​တော်မူ​ခဲ့​သော်လည်း အကျွန်ုပ်​နှင့်အတူ​စေလွှတ်​တော်မူ​မည့်​သူ​ကို အကျွန်ုပ်​အား သိ​စေ​တော်​မ​မူ​ပါ​။ သို့သော် ကိုယ်တော်​က ‘​ငါ​သည် သင့်​ကို အမည်​နှင့်တကွ​သိ​၏​။ ငါ​သည် သင့်​ကို မျက်နှာသာ​ပေး​ပြီ​’​ဟု မိန့်​တော်မူ​ခဲ့​ပါ​၏​။


ထာဝရဘုရား​က​လည်း “​ငါ​၏​ကောင်းမြတ်​ခြင်း​အလုံးစုံ​တို့​ကို မျက်ဝါးထင်ထင်​သင်​မြင်​ရ​မည်​။ ထာဝရဘုရား​၏​နာမ​ကို သင့်​ရှေ့​၌ ကြေညာ​မည်​။ ငါ​ကျေးဇူးပြု​လို​သော​သူ​ကို ကျေးဇူးပြု​မည်​။ ငါ​သနား​လို​သော​သူ​ကို သနား​မည်​”​ဟု မိန့်​တော်မူ​၏​။


နံ့သာဆီ​နှင့်​နံ့သာပေါင်း​သည် စိတ်နှလုံး​ကို​ဝမ်းမြောက်​စေ​တတ်​၏​။ မိတ်ဆွေ​ထံမှ​နှစ်လို​ဖွယ်​ကောင်း​သော​အရာ​ကား စေတနာစိတ်​ဖြင့် သူ​ပေး​သော​အကြံဉာဏ်​ဖြစ်​၏​။


မွှေး​သော​ဂုဏ်သတင်း​သည် မွှေး​သော​နံ့သာဆီ​ထက် ပို၍​ကောင်း​၏​။ သေ​သော​နေ့​သည်​လည်း မွေးဖွား​သော​နေ့​ထက် ပို၍​ကောင်း​၏​။


“​မုရန်​၊ လော်ဗန်​တို့​မှစ၍ ကုန်သည်​တို့​၏​နံ့သာမှုန့်​အမျိုးမျိုး​တို့​ရနံ့​နှင့် သင်းထုံ​နေ​သော​မီးခိုးလုံး​ကဲ့သို့ တောကန္တာရ​မှ​တက်လာ​သော​သူ​ကား မည်သူ​နည်း​။


အို ငါ့​နှမ​၊ ငါ့​သတို့သမီး​၊ သင်​၏​ချစ်ခြင်းမေတ္တာ​သည် တင့်တယ်​လှ​ပါ​၏​။ သင်​၏​ချစ်ခြင်းမေတ္တာ​သည် စပျစ်ဝိုင်​ထက်​သာ၍ နှစ်သက်ဖွယ်​ကောင်း​ပါ​၏​။ သင်​၏​နံ့သာဆီ​သည်​လည်း အမွှေးနံ့သာ​တကာ​တို့​ထက် သာ၍​မွှေး​ပါ​၏​။


သူ့​ပါးပြင်​တို့​သည် မွှေးကြိုင်​သော​အိပ်ရာ​၊ အမွှေးနံ့သာ​ထုံသင်း​သော​ရဲတိုက်​နှင့်​တူ​၏​။ သူ့​နှုတ်ခမ်း​သည်​လည်း မုရန်​ဆီ​ယို​စီး​သော နှင်းပန်း​နှင့်​တူ​၏​။


အကျွန်ုပ်​ချစ်သူ​ကို တံခါး​ဖွင့်​ပေး​ဖို့ ထ​လိုက်​သောအခါ အကျွန်ုပ်​လက်​ကြား​မှ မုရန်​ဆီ​တို့​ယို​၍ လက်ချောင်း​များ​ကြား​မှ တံခါးလက်ကိုင်​ပေါ်သို့ စီးကျ​လာ​ပါ​၏​။


မိဖုရား ခြောက်ဆယ်​၊ မောင်းမ ရှစ်ဆယ်​နှင့် မ​ရေတွက်​နိုင်​သော အပျိုတော်​တို့ ရှိ​သော်လည်း


ငိုကြွေးမြည်တမ်း​နေ​သော ဇိအုန်​မြို့သား​တို့​အဖို့ ပြာ​အစား​ခေါင်းပေါင်း​၊ ငိုကြွေးမြည်တမ်း​ခြင်း​အစား ရွှင်မြူး​ခြင်း​ဆီ​၊ ညှိုးငယ်​သော​စိတ်​အစား ချီးမွမ်း​ခြင်း​အဝတ်​ကို စီရင်​ပေး​ရန် ငါ့​ကို​စေလွှတ်​တော်မူ​ပြီ​။ ဘုန်း​တော်​ထင်ရှား​စေရန် ထာဝရဘုရား​စိုက်ပျိုး​တော်မူ​သော ဖြောင့်မတ်​ခြင်း​ဝက်သစ်ချပင်​ဟု သူ​တို့​ကို ခေါ်ဝေါ်​ကြ​လိမ့်မည်​။


ထို​ကာလ​၌ ကောင်းကင်​နိုင်ငံ​တော်​သည် မိမိ​တို့​မီးခွက်​များ​ကို​ယူဆောင်​လျက် သတို့သား​ကို​ကြိုဆို​ရန် ထွက်သွား​သည့် အပျို​ကညာ​ဆယ်​ယောက်​နှင့်​တူ​လိမ့်မည်။


ထိုအခါ မာရိ​သည် အလွန်​တန်ဖိုးကြီး​သော နာဒု​ဆီမွှေး​အစစ်​နှစ်ဆယ်​သား​ကို​ယူ​၍ ယေရှု​၏​ခြေ​တော်​ကို​လိမ်း​ပြီးလျှင် မိမိ​ဆံပင်​နှင့် ခြေ​တော်​ကို​သုတ်​လေ​၏​။ ထို​ဆီမွှေး​၏​ရနံ့​သည်​လည်း တစ်​အိမ်​လုံး​ပျံ့နှံ့​သွား​၏။


ဤသို့​ဆို​ရ​ခြင်း​မှာ ငါ​သည် ဘုရားသခင်​၏​သဝန်တို​စိတ်​မျိုး​ဖြင့် သင်​တို့​ကို သဝန်တို​၏။ အကြောင်းမူကား ငါ​သည် သင်​တို့​ကို ဖြူစင်​သန့်ရှင်း​သော​အပျို​ကညာ​အဖြစ် ခရစ်တော်​အား​ဆက်သ​လျက် ထို​တစ်ဦးတည်း​သော​ခင်ပွန်း​နှင့်​စေ့စပ်​ကြောင်းလမ်း​ထား​ပြီ​ဖြစ်​၏။


ငါ​သည် အရာ​အားလုံး​ကို​ရရှိ​၍ ကြွယ်ဝ​လျက်​ရှိ​၏။ သင်​တို့​ပေးပို့​သည့်​အရာ​များ​ကို ဧပဖြောဒိတ်​ထံမှ ငါ​လက်ခံ​ရရှိ​၍ ပြည့်စုံ​လျက်​ရှိ​ပြီ။ ထို​အရာ​တို့​သည် မွှေးကြိုင်​သည့်​ရနံ့၊ ဘုရားသခင်​နှစ်သက်​တော်မူ​သော လက်ခံ​ဖွယ်​ရာ​ယဇ်​ဖြစ်​ကြ​၏။


ထို​သူ​တို့​သည် မိန်းမ​များ​အားဖြင့် ညစ်ညူး​စေ​ခြင်း​မ​ခံ​ခဲ့​ရ​သော​သူ​များ​ဖြစ်​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် လူပျို​စစ်စစ်​ဖြစ်​ကြ​၏။ သူ​တို့​သည် သိုးသငယ်​တော်​သွား​လေ​ရာ​သို့​လိုက်​ပါ​သော​သူ​များ​ဖြစ်​ကြ​ပြီး ဘုရားသခင်​နှင့်​သိုးသငယ်​တော်​တို့​အတွက် အသီးဦး​အဖြစ် လူ​တို့​အထဲမှ ရွေးနုတ်​ဝယ်ယူ​ခြင်း​ခံရ​သော​သူ​များ​ဖြစ်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ