ဧသောသည် မျှော်ကြည့်၍ မိန်းမများ၊ ကလေးများကိုမြင်သောအခါ “သင်နှင့်အတူပါလာသော ဤသူတို့ကား မည်သူတို့နည်း”ဟု မေးသော် ယာကုပ်က “သခင်၏အစေအပါးအား ဘုရားသခင်ပေးသနားတော်မူသောကလေးများ ဖြစ်ကြပါ၏”ဟု ပြန်ဖြေလေ၏။
ဒေသနာကျမ်း။ 6:3 - မြန်မာ့စံမီသမ္မာကျမ်း လူသည် သားတစ်ရာမွေးဖွား၍ နှစ်ပေါင်းများစွာအသက်ရှင်ရလျက် သူ့အသက်တာ၏နေ့ရက်သည် များပြားလျှင်လည်း သူ၏စိတ်ဝိညာဉ်သည် ကောင်းကျိုးချမ်းသာကြောင့် အလိုပြည့်စုံသည်ဟူ၍မရှိသကဲ့သို့ သူ့ကို သင်္ချိုင်းတွင်သင်္ဂြိုဟ်ခြင်းလည်းမရှိလျှင် အသေမွေးသောကလေးသည် ထိုသူထက်ပို၍ကောင်းသည်ဟု ငါဆို၏။ Common Language Bible လူသည် နှစ်ပေါင်းများစွာ အသက်ရှည်၍၊ သားတရာပင် ရှိငြားသော်လည်း၊ အလိုဆန္ဒမပြည့်စုံဘဲ၊ သင်္ဂြိုဟ်ခြင်းကို မခံရဘဲ သေသွားလျှင်၊ ထိုသူထက် ပျက်သောကိုယ်ဝန်သည်သာ၍ မြတ်၏။ Garrad Bible သား သ မီး တစ် ရာ ရ သည့် အ ပြင်၊ အ သက် တာ ရှည်၍ နှစ် ပေါင်း များ စွာ နေ သော် လည်း၊ ကောင်း စား ခြင်း နှင့် မ ရောင့် ရဲ ဘဲ၊ သင်္ဂြိုဟ် ခြင်း မဲ့ သေ ရ သော လူ သည်၊ လျှော မွေး ထက် ယုတ် သည် ဟု ငါ ဆို၏။ Judson Bible လူသည် နှစ်ပေါင်းများစွာ အသက်ရှည်၍၊ သားတစ်ရာပင်ရှိငြားသော်လည်း၊ အလိုဆန္ဒမပြည့်စုံဘဲ၊ သင်္ဂြိုဟ်ခြင်းကို မခံရဘဲသေသွားလျှင်၊ ထိုသူထက် ပျက်သောကိုယ်ဝန်သည် သာ၍မြတ်၏။ |
ဧသောသည် မျှော်ကြည့်၍ မိန်းမများ၊ ကလေးများကိုမြင်သောအခါ “သင်နှင့်အတူပါလာသော ဤသူတို့ကား မည်သူတို့နည်း”ဟု မေးသော် ယာကုပ်က “သခင်၏အစေအပါးအား ဘုရားသခင်ပေးသနားတော်မူသောကလေးများ ဖြစ်ကြပါ၏”ဟု ပြန်ဖြေလေ၏။
ယာကုပ်က “အကျွန်ုပ်သွားလာနေထိုင်ခဲ့သော နေ့ရက်နှစ်ကာလမှာ တစ်ရာ့သုံးဆယ်ရှိပါပြီ။ အကျွန်ုပ်အသက်ရှင်သော နေ့ရက်နှစ်ကာလသည် တိုတောင်း၍ဆိုးရွားပါ၏။ အကျွန်ုပ်ဘိုးဘေးတို့ အသက်ရှင်သွားလာနေထိုင်ခဲ့သော နေ့ရက်နှစ်ကာလကို မမီပါ”ဟု လျှောက်လေ၏။
ရှမာရိမြို့တွင် အာဟပ်မင်းကြီး၏သားတော်အပါးခုနစ်ဆယ် ရှိ၏။ ယေဟုသည် ရှမာရိမြို့ရှိ ယေဇရေလမြို့အကြီးအကဲများ၊ သက်ကြီးဝါကြီးများနှင့် အာဟပ်မင်းကြီး၏သားတော်တို့ကိုအုပ်ထိန်းသောသူများထံသို့ စာရေးသားပေးပို့လိုက်၏။
ယေဇဗေလကို သင်္ဂြိုဟ်ဖို့သွားကြသောအခါ ဦးခေါင်းခွံ၊ ခြေထောက်၊ လက်ဖဝါးတို့မှလွဲ၍ အခြားဘာမျှမရှိတော့ပေ။
ထာဝရဘုရားသည် ငါ့အား သားအများအပြားကိုပေးတော်မူ၏။ ထိုသားအပေါင်းတို့ထဲမှ သားတော်ရှောလမုန်ကို ရွေးချယ်တော်မူပြီး အစ္စရေးလူမျိုးကို အုပ်ချုပ်ရန်အတွက် ထာဝရဘုရား၏နိုင်ငံတော်ရာဇပလ္လင်ပေါ်တွင် စံမြန်းစေတော်မူ၏။
ရောဗောင်မင်းကြီးသည် အဗရှလုံ၏သမီးတော်မာခါကို အခြားသောမိဖုရား၊ မောင်းမမိဿံတို့ထက် ချစ်မြတ်နိုး၏။ သူ၌ မိဖုရားတစ်ဆယ့်ရှစ်ပါးနှင့် မောင်းမမိဿံခြောက်ဆယ်ရှိပြီး သားတော် နှစ်ဆယ့်ရှစ်ယောက်၊ သမီးတော် အယောက်ခြောက်ဆယ်ရှိ၏။
ဟာမန်က သူတို့အား မိမိမည်မျှ ဓနဥစ္စာဂုဏ်ရှိန်ကြီးကြောင်း၊ သားသမီးများပြားကြောင်း၊ ရှင်ဘုရင်သည်လည်း မိမိအား မည်မျှချီးမြှင့်မြှောက်စားကြောင်း၊ အခြားမှူးမတ်များနှင့် မင်းမှုထမ်းများထက် ရာထူးတိုးမြှင့်ပေးကြောင်းတို့ကို ဝါကြွားပြောဆိုလေ၏။
ထို့ကြောင့် မော်ဒကဲအတွက် စိုက်ထူထားသောသစ်တိုင်ပေါ်တွင် ဟာမန်ကို ချိတ်ဆွဲကြ၏။ ရှင်ဘုရင်သည်လည်း အမျက်ပြေလေ၏။
ငါသည် မွေးစကပင် အဘယ်ကြောင့် မသေရသနည်း။ အမိဝမ်းထဲကထွက်လာစဉ်ကပင် အဘယ်ကြောင့် အသက်မချုပ်ငြိမ်းရသနည်း။
သို့မဟုတ် ငါသည် မြေမြှုပ်ခံရသည့်အသေမွေးသောကလေးကဲ့သို့လည်းကောင်း၊ အလင်းမမြင်လိုက်ရသောကလေးကဲ့သို့လည်းကောင်း အဘယ်ကြောင့် မဖြစ်ရသနည်း။
သူတို့သည် သွားရင်းလာရင်း အကျိအချွဲဖြစ်သွားသော ပက်ကျိကဲ့သို့လည်းကောင်း၊ နေရောင်ကိုမတွေ့မြင်ရသည့် အသေမွေးသောကလေးကဲ့သို့လည်းကောင်း ဖြစ်ကြပါစေ။
မြေးတို့သည် အသက်ကြီးသောသူတို့၏သရဖူဖြစ်၏။ သားသမီးတို့၏ဂုဏ်ကျက်သရေကား သူတို့၏မိဘဘိုးဘွားဖြစ်ကြ၏။
သို့ရာတွင် လူဖြစ်မလာသေးသောသူ၊ နေအောက်တွင်ပြုသောမကောင်းမှုကို မမြင်သေးသောသူသည် ထိုနှစ်ဦးတို့ထက်ပို၍ကောင်း၏။
အကြောင်းမူကား ထိုကလေးသည် အချည်းနှီးထဲသို့ရောက်လာ၍ အမှောင်ထဲသို့ထွက်သွား၏။ သူ၏အမည်သည်လည်း အမှောင်ထဲ၌ဖုံးအုပ်ခြင်းခံရ၏။
မြည်းကိုသင်္ဂြိုဟ်သကဲ့သို့ သူ့ကို သင်္ဂြိုဟ်ကြလိမ့်မည်။ ဂျေရုဆလင်တံခါးအပြင်ဘက်သို့ ဆွဲထုတ်၍ ပစ်ထားကြလိမ့်မည်။
ထို့ကြောင့် ယုဒဘုရင်ယောယကိမ်မင်းကြီးနှင့်ပတ်သက်၍ ထာဝရဘုရားက “သူ၏အမျိုးအနွယ်သည် ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင် စံမြန်းခွင့်ရမည်မဟုတ်။ သူ၏အလောင်းကို နေ့အချိန်တွင် နေပူထဲ၌၊ ညအချိန်တွင် နှင်းတောထဲ၌ ပစ်ထားကြလိမ့်မည်။
ထိုအရိုးတို့သည် သူတို့ချစ်၍အစေခံသော၊ သူတို့လိုက်စားသော၊ သူတို့ဆည်းကပ်ကိုးကွယ်သောအရာများဖြစ်သည့် နေ၊ လ စသော ကောင်းကင်တန်ဆာအားလုံးတို့အောက်၌ ဖြန့်ထားခြင်းခံရလိမ့်မည်။ စုသိမ်းသင်္ဂြိုဟ်ခြင်း ခံရမည်မဟုတ်။ မြေပြင်ပေါ်တွင် နောက်ချေးကဲ့သို့ဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
လူ့သားသည် မိမိနှင့်ပတ်သက်၍ ရေးထားသည့်အတိုင်း သွားရမည်မှန်၏။ သို့သော် လူ့သားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မမွေးဖွားလာခဲ့လျှင် သူ့အတွက် သာ၍ကောင်းပေလိမ့်မည်”ဟု မိန့်တော်မူ၏။