သူ့သားတို့ချီးမြှောက်ခံရလျှင်လည်း သူမသိရပါ။ သူတို့အထင်သေးခံရလျှင်လည်း သူနားမလည်ပါ။
ဒေသနာကျမ်း။ 3:22 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ လူသည် မိမိပြုလုပ်သောအမှု၌ ဝမ်းမြောက်ခြင်းမှတစ်ပါး အခြားကောင်းသောအရာမရှိကြောင်း ငါတွေ့မြင်၏။ အကြောင်းမူကား ထိုအရာသည် သူ၏ဝေစုဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူ့နောက်တွင် ဖြစ်လာမည့်အရာကိုမြင်ရရန် မည်သူသည် သူ့ကိုခေါ်ဆောင်သွားနိုင်မည်နည်း။ Common Language Bible လူသည်မိမိပြုမူရာ၌ ပျော်မွေ့ခြင်းအမှုထက် သာ၍ ကောင်းသောအမှုမရှိသည်ကို ငါသိမြင်၏။ ထိုအမှုသည်သူ၏ အဘို့ဖြစ်၏။ သူသည် မိမိနောက်မှာ အဘယ်သို့ဖြစ်လတံ့သည်ကို သိမြင်မည်အကြောင်း၊ အဘယ်သူဆောင်ခဲ့လိမ့်မည်နည်း။ Garrad Bible လူ သည် အ ပြု အ မူ၌ ရွှင် လန်း ခြင်း ထက်၊ ကောင်း သော အ ရာ မ ရှိ သည် ကို ငါ သိ မြင်၏။ ထို ရွှင် လန်း ခြင်း ကား၊ ကိုယ် ကျိုး ဖြစ် သ တည်း။ အ နာ ဂတ် အ ဖြစ် အ ပျက် ကို သိ စေ ခြင်း ငှာ၊ သူ့ ကို မည် သူ ပြန် ခေါ် နိုင် သ နည်း။ Judson Bible လူသည် မိမိပြုမူရာ၌ ပျော်မွေ့ခြင်းအမှုထက် သာ၍ကောင်းသောအမှု မရှိသည်ကို ငါသိမြင်၏။ ထိုအမှုသည် သူ၏အဖို့ ဖြစ်၏။ သူသည် မိမိနောက်မှာ အဘယ်သို့ဖြစ်လတ္တံ့သည်ကို သိမြင်မည်အကြောင်း၊ အဘယ်သူဆောင်ခဲ့လိမ့်မည်နည်း။ |
သူ့သားတို့ချီးမြှောက်ခံရလျှင်လည်း သူမသိရပါ။ သူတို့အထင်သေးခံရလျှင်လည်း သူနားမလည်ပါ။
မိုက်မဲသောသူသည် စကားများစွာပြောဆိုတတ်၏။ သို့သော် လူသည် မည်သည့်အရာဖြစ်လာမည်ကိုမသိပေ။ သူ့နောက်တွင် ဖြစ်လာမည့်အရာကို သူ့အားမည်သူပြောပြနိုင်မည်နည်း။
အချင်းလူပျို၊ သင်ပျိုရွယ်စဉ်တွင် ဝမ်းမြောက်လော့။ သင်၏အသက် ပျိုရွယ်သောနေ့ရက်များ၌လည်း သင်၏စိတ်နှလုံးသည် ရွှင်လန်းပါစေ။ သင့်စိတ်နှလုံးအလိုရှိရာလမ်းများနောက်သို့လည်းကောင်း၊ သင့်မျက်စိပသာဒနောက်သို့လည်းကောင်း လိုက်လော့။ သို့ရာတွင် ထိုအရာအားလုံးအတွက် ဘုရားသခင်သည် သင့်ကိုတရားသဖြင့်စီရင်တော်မူမည်ဖြစ်ကြောင်း သိမှတ်လော့။
နေအောက်တွင် ငါကြိုးပမ်းအားထုတ်သော ငါ၏ကြိုးပမ်းအားထုတ်မှုအားလုံးကိုလည်း ငါမုန်း၏။ အကြောင်းမူကား ငါ့နောက်လာမည့်သူအား ၎င်းတို့ကိုချန်ထားခဲ့ရမည်ဖြစ်၏။
လူသည် စားလျက်၊ သောက်လျက်၊ မိမိ၏ကြိုးပမ်းအားထုတ်မှုအပေါ် စိတ်ကျေနပ်အားရလျက်နေခြင်းမှတစ်ပါး သူ့အတွက်အခြားကောင်းသောအရာမရှိ။ ထိုအရာသည်လည်း ဘုရားသခင်၏လက်တော်မှလာသည်ကို ငါတွေ့မြင်၏။
အရိပ်ကဲ့သို့ဖြတ်သန်းသွား၍ အချည်းနှီးဖြစ်သည့် လူ၏အနည်းငယ်သောအသက်တာနေ့ရက်များ၌ လူ့အသက်တာအတွက် မည်သည့်အရာကောင်းမြတ်သည်ကို မည်သူသိနိုင်သနည်း။ သူ့နောက်တွင် နေအောက်၌ မည်သည့်အရာဖြစ်ပျက်မည်ကို သူ့အားမည်သူပြောပြနိုင်သနည်း။
ကောင်းကျိုးချမ်းသာခံစားရာကာလ၌ ဝမ်းမြောက်လော့။ ဒုက္ခခံရာကာလ၌မူကား ဆင်ခြင်လော့။ လူသည် သူ့နောက်တွင်ဖြစ်မည့်အရာတစ်စုံတစ်ခုကိုမျှ မတွေ့ရှိစေရန် ဘုရားသခင်သည် ကောင်းကျိုးချမ်းသာနှင့်အတူ ဒုက္ခကိုလည်း ဖြစ်ပေါ်စေတော်မူ၏။
သို့ဖြစ်၍ ပျော်ရွှင်မှုကိုငါထောမနာပြု၏။ အဘယ်ကြောင့်ဆိုသော် နေအောက်တွင် စားလျက်၊ သောက်လျက်၊ ဝမ်းမြောက်လျက်နေခြင်းထက် လူ့အတွက်ကောင်းသည့်အရာမရှိ။ ဤသည်ကား နေအောက်တွင် လူကိုဘုရားသခင်ပေးတော်မူသော အသက်တာ၏နေ့ရက်ကာလများ၌ လူ၏ကြိုးပမ်းအားထုတ်မှုထဲတွင် သူနှင့်အတူလိုက်ပါလာသောအရာဖြစ်၏။
အကြောင်းမူကား နောင်ဖြစ်မည့်အရာကို မည်သူမျှမသိသည်ဖြစ်၍ မည်သည့်အရာဖြစ်လာမည်ကို မည်သူပြောနိုင်သနည်း။
အမှန်စင်စစ် လူသည် မိမိ၏အချိန်ကာလကို မသိတတ်။ ဘေးအန္တရာယ်ရှိသောပိုက်ကွန်၌ ဖမ်းမိခြင်းခံရသောငါးများနှင့် ကျော့ကွင်း၌မိသောငှက်များကဲ့သို့ လူသားတို့သည် သူတို့အပေါ်သို့ ဆိုးရွားသောအချိန်ကာလ ရုတ်တရက်ကျရောက်သောအခါ ထိုအရာအားဖြင့် ကျော့မိတတ်၏။
သူတို့၏ချစ်ခြင်းမေတ္တာ၊ သူတို့၏မုန်းတီးခြင်း၊ သူတို့၏မနာလိုဝန်တိုခြင်းတို့သည်လည်း ပျက်စီးပြီဖြစ်၏။ နေအောက်တွင်ပြုသမျှသောအမှု၌ သူတို့အတွက် နောက်တစ်ဖန်မည်သည့်ဝေစုမျှ ရှိတော့မည်မဟုတ်။
သင်မူကား အဆုံးတိုင်အောင် ဆက်လျှောက်လော့။ သင်သည် ငြိမ်းချမ်းစွာနေရမည်။ နောက်ဆုံးသောနေ့ရက်ကာလ၌ သင်သည် ရပ်၍ အမွေဝေစုကိုခံယူရလိမ့်မည်”ဟု ငါ့အား ဆို၏။
ထို့ကြောင့် မနက်ဖြန်အတွက် မစိုးရိမ်ကြနှင့်။ အကြောင်းမူကား မနက်ဖြန်သည် မိမိအတွက်စိုးရိမ်လိမ့်မည်။ နေ့တစ်နေ့၌ကြုံတွေ့ရသည့် မကောင်းမသင့်သောအရာသည် ထိုနေ့အတွက် လုံလောက်ပေ၏။
သင်မှစ၍ သင်၏သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများ၊ သင်၏မြို့တံခါးအတွင်းရှိ လေဝိအမျိုးများသည် ထိုပူဇော်သက္ကာတို့ကို သင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၊ သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌သာ စားရမည်။ သင်လုပ်ဆောင်လေရာရာအတွက် သင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ဝမ်းမြောက်ကြရမည်။
ထိုအရပ်တွင် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ စားရမည်။ သင်တို့လုပ်ဆောင်လေရာရာ၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားကောင်းချီးပေးတော်မူသောကြောင့် သင်တို့နှင့်သင်တို့၏အိမ်သူအိမ်သားတို့သည် ဝမ်းမြောက်ကြရမည်။
သင်သည် အရာရာ၌ကြွယ်ဝလျက်ပင် ဝမ်းမြောက်ခြင်း၊ စိတ်နှလုံးရွှင်လန်းခြင်းဖြင့် သင်၏ဘုရားသခင်ထာဝရဘုရားကိုအစေမခံသောကြောင့်